မကွေးမိဖုရား
သီရိမဟာသုမင်္ဂလာစန္ဒာဒေဝီဘွဲ့ခံ မကွေးမိဖုရား (မြစ်ကွေးမိဖုရား) သည် မန္တလေးမြို့တည်နန်းတည် ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ နှမတော် နန်းဆွယ်မိဖုရားတစ်ပါးဖြစ်သည်။[၁]
မကွေးမိဖုရား | |||||
---|---|---|---|---|---|
မကွေးမိဖုရား | |||||
မကွေးမြို့စားမိဖုရား | |||||
နန်းသက် | 1854–? | ||||
တောင်သာမြို့စားမင်းသမီး | |||||
ဘုရင် | သာယာဝတီမင်း | ||||
မွေးဖွား | ခင်မင်းကောက် unknown အင်းဝ | ||||
ကွယ်လွန် | ၁၈၈၈ | ||||
ကြင်ယာတော် | မင်းတုန်းမင်း | ||||
သားသမီးများ |
| ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | သာယာဝတီမင်း | ||||
မယ်တော် | ကျပင်းမိဖုရား | ||||
ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ |
သာယာဝတီမင်းနှင့် ဘဏ္ဍာစိုး ကျပင်းမိဖုရားတို့၏ သမီးတော်ဖြစ်ပြီး၊ ခမည်းတော်လက်ထက်တွင် တောင်သာမြို့ကို စားရသည်။[၂]
မင်းတုန်းမင်းနန်းတက်သောအခါ သီရိမဟာသုမင်္ဂလာစန္ဒာဒေဝီ ဟူသော ဆယ့်နှစ်လုံးဘွဲ့နှင့် မကွေးမြို့အား စားကျေးပေးကာ၊ နန်းရမိဖုရား လေးပါးအောက်၊ ဆောင်ရမိဖုရား လေးပါးအထက်ရှိ နန်းဆွယ်မိဖုရားအရာ မြှောက်စားခံရသည်။[၂] လယ်ကိုင်းမြို့စားမင်းသား၊ မင်းခင်းမြို့စားစုဖုရား၊ ပြင်စည်မြို့စားစုဖုရားတို့၏ မယ်တော်ဖြစ်သည်။[၃][၄]
အလယ်နန်းမတော် ဆင်ဖြူမရှင်နှင့် အလွန်းမသင့်သည်ဖြစ်၍ (စကြာဒေဝီ မိဖုရားခေါင်ကြီး၏ တွက်ချက်မှုများအရ) အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်ရန်အလို့ငှာ မင်းတုန်းမင့်း ခွင့်ပြုချက်ဖြင့် မိဖုရားအဆောင်အယောင်များ ရုပ်သိမ်း၍ နန်းတော်မှထွက်ကာ သာမန် ကုန်သည်တစ်ဦးကို လက်ဆက်ခဲ့သည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ တင် (ဦး)၊ မောင်မောင် (1967)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်။
- ↑ ၂.၀ ၂.၁ ကြီး)၊ ဦးရာကျော် (စာရေးတော် (1968)။ မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်။ ပုည စာအုပ်တိုက်။
- ↑ တင် (ဦး)၊ မောင်မောင် (2004)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ လောကစာပေ။
- ↑ လှ၊ တိုး (2004)။ နှစ်ဆယ်ရာစု၏ မဟာလူသား: အရှင် ဝိစိတ္တသာရာဘိဝံသ, တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက။ Myanmar Historical Commission။
- ↑ "မိဖုရား ၊ ဝန်ကြီးနှင့် တရားသူကြီးများ"၊ HapEye၊ 3 June 2020။[လင့်ခ်သေ]