ပြည်တွင်းအခွန်များ ဦးစီးဌာန
ပြည်တွင်းအခွန်များ ဦးစီးဌာန (အင်္ဂလိပ်: Internal Revenue Department;IRD) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[၁]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁ အောက်တိုဘာ ၁၉၇၂ |
ဌာနချုပ် | ရုံးအမှတ် (၄၆)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးဝင်းရှိန် |
ဌာနအကြီးအမှူးများ | ဒေါ်မြမြဦး၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | ird.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်လွတ်လပ်ရေးရပြီးနောက် သီးခြားတည်ရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့အား စုပေါင်းကာ ၁၉၇၂ခုနှစ် အောက်တိုလာ ၁ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနဟု ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် ထားရှိကာ ဥက္ကဋ္ဌတစ်ဦးက ဦးဆောင်ခဲ့သည်။[၁]
၁၉၉၃ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့ရာ ဤဦးစီးဌာနသည် ဘဏ္ဍ/အခွန်ဘက်တွင် ပါဝင်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်တွင် ပါဝင်သည်။ ၂၀၁၆ခုနှစ်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းရာ ထိုဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့သည်။[၂]
အကြီးအကဲများ
ပြင်ဆင်ရန်- ဦးတွမ်မှုန်း - (၂.၁၀.၁၉၇၂ - ၂၂.၁၂.၁၉၇၆)
- ဦးအုန်းမောင် - (၂၃.၁၂.၁၉၇၆ - ၁.၉.၁၉၇၉)
- ဦးစိန်လင်း - (၁၇.၉.၁၉၇၉ - ၁၅.၅.၁၉၉၃)
- ဦးသန်းညွန့် - (၅.၈.၁၉၉၃ - ၅.၉.၁၉၉၇)
- ဦးချစ်ဆွေ - (၅.၉.၁၉၉၇ - ၁၄.၁၀.၂၀၀၂)
- ဦးဝင်းနိုင် - (၂၅.၁၁.၂၀၀၂ - ၁၄.၁၁.၂၀၀၄)
- ဦးဆန်းထွန်း - (၁၄.၁၁.၂၀၀၄ - ၉.၅.၂၀၁၁)
- ဦးမြတ်မော် - (၉.၅.၂၀၁၁ - ၂၈.၃.၂၀၁၃)
- ဦးသန်းအောင် - (၂၉.၃.၂၀၁၃ - ၂၃.၅.၂၀၁၃)
- ဦးမင်းထွဋ် - (၂၄.၅.၂၀၁၃ - ၄.၇.၂၀၂၄)
- ဒေါ်မြမြဦး - (၁.၈.၂၀၂၄ - လက်ရှိ)[၃]
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- ဦးစီးရုံးဌာနခွဲ
- လူစွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ
- ထောက်ပံ့ရေးနှင့်အထွေထွေဌာနခွဲ
- ငွေစာရင်းဌာနခွဲ
- စစ်ဆေးရေးဌာနခွဲ
- သတင်းစာရင်းနှင့်စုံစမ်းစစ်ဆေးရေးဌာနခွဲ
- သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ
- စာရင်းအင်းဌာနခွဲ
- အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ
- စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ
- ဗဟိုလုပ်ငန်းလုပ်ဆောင်မှုဌာနခွဲ
- အောင်ဘာလေသိန်းဆုဌာနခွဲ
- ဥပဒေရေးရာဌာနခွဲ
- အခွန်မူဝါဒနှင့် သုတေသနဌာနခွဲ
- အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ
- အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ပြည်တွင်းအခွန်များဦးစီးဌာန နောက်ခံသမိုင်း။
- ↑ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နောက်ခံသမိုင်း။
- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း။ MOI Myanmar (၁ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။