CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက  ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။

People's Police Force
ပြည်သူ့ရဲတပ်ဖွဲ့
ဦးဆောင်သူအမျိုးသားညီညွတ်ရေးအစိုးရ
စစ်ဖက်ဆိုင်ရာခေါင်းဆောင်ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်
လှုပ်ရှားသည့် ဧရိယာ မြန်မာ
ဝက်ဘ်ဆိုဒ်https://mohai.nugmyanmar.org/en/

စစ်အာဏာရှင်စနစ်ကို မလိုလားကြသဖြင့် CDM ပြုလုပ်ကာ ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသည့် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို ပြန်လည်စုစည်းကာ ဘေးကင်းလုံခြုံမှု ရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်၊ မိသားစုကြား ဖြစ်ပေါ်လာမည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်၊ CDM မပြုလုပ်ရသေးသည့် ရဲတပ်ဖွဲ့ဝင်များကို CDM နှင့် Pre-CDM ပြုလုပ်လာစေပြီး အနာဂတ် ဖက်ဒရယ်ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး အထောက်အပံ့ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. အမျိုးသားညီညွတ်ရေးအစိုးရ၏အောက်တိုဘာ ၇ ရက်မှဆောင်းပါး။ (Oct 7 2021)