ဝီကီပီးဒီးယား:ရင်းမြစ်များကို ကိုးကားခြင်း
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၂ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား အကြောင်းအရာ လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ |
ဤစာမျက်နှာကို တိုတိုပြောရလျှင်: ယုံကြည်စိတ်ချရသော ရင်းမြစ်များကို ကိုးကားပါ။ သင့်အနေနဲ့ ကိုးကားချက်တစ်ခုကို တည်းဖြတ်အကွက်၏ ထိပ်ဆုံးရှိ (ကိုးကား) ကို နှိပ်၍ ထည့်သွင်းနိုင်ပါသည်။ markupအသုံးပြု၍ ကိုးကားစာတွဲများ အသုံးပြုပြီးလည်း ကိုးကားများကို ထည့်သွင်းနိုင်ပါသည်။ ရင်းမြစ်များအား ကိုးကားပြုခြင်း အသေးစိတ်နည်းလမ်းများကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။ |
အခုမှ အသစ်ရောက်လာတာလား။ ကြိုဆိုပါတယ်။ အကူအညီ:လူသစ်များအတွက် ကိုးကားခြင်းမှာ ဒီစာမျက်နှာကို ရှင်းရှင်းနဲ့တိုတိုရေးထားတာ ရှိပါတယ်။ |
အကိုးအကား သို့မဟုတ် ကိုးကား ဆိုသည်မှာ အချက်အလက်များ၏ ရင်းမြစ် တစ်ခုဖြစ်ကာ နမူနာအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်။
ဝီကီပီးဒီးယား၏ စိစစ်အတည်ပြုခံနိုင်မှု မူဝါဒအရ ဆောင်းပါးများအတွင်းရှိ မေးခွန်းထုတ်ခံထားရသော သို့မဟုတ် မေးခွန်းထုတ်ခံရနိုင်သော မည်သည့် အကြောင်းအရာမဆိုနှင့် အားလုံးသော စာကိုးများအတွက် ကိုးကားချက်များ ထည့်သွင်းရန် လိုအပ်သည်။
ဆောင်းပါးတစ်ခုအတွင်းရှိ ကိုးကားတစ်ခုတွင် နှစ်ပိုင်းပါဝင်သည်။ ပထမတစ်ပိုင်းမှာ ဖော်ပြချက်စာသားအား အခြေတည်ထားသည့်၊ သို့မဟုတ် ရယူထားသည့်၊ ပြင်ပရင်းမြစ်တစ်ခုအား inline citation အနေဖြင့် မှတ်သားထားသည်။ inline citation တွင် အောက်ခြေမှတ်စုအတွက် နံပါတ်ဖြင့် မှတ်သားထားခြင်း၊ သို့မဟုတ် ကိုးကားအတို ဟု ခေါ်သည်။ ဒုတိယ ကိုးကားအပိုင်းမှာ ကိုးကားနှင့်ပတ်သက်သော အချက်အလက်အပြည့်အစုံကို ဖော်ပြထားခြင်းဖြစ်ကာ ဆောင်းပါးဖတ်ရှုသူများအနေဖြင့် ရင်းမြစ်ကို ရှာဖွေနိုင်ကာ အတည်ပြုနိုင်မည် ဖြစ်သည်။
ဤစာမျက်နှာတွင် အဆိုပါ ကိုးကားများအား မည်သို့မည်ပုံ ထားရှိ အသုံးပြုရမည်နှင့် ပတ်သက်၍ လမ်းညွှန်ရှင်းလင်းပြသသွားမည် ဖြစ်သည်။ ဆောင်းပါးတစ်ခုခြင်းစီသည် ကိုးကားနည်းလမ်းတစ်ခု သို့မဟုတ် ဆီလျော်သော ကိုးကားကို အသုံးပြုရမည် ဖြစ်သည်။ အကယ်၍ ဆောင်းပါးတစ်ခုတွင် ကိုးကားများ ပါဝင်ပြီး ဖြစ်ပါက အဆိုပါကိုးကားနည်းလမ်းအား အသုံးပြုခြင်းဖြင့် တပြေးညီဖြစ်စေမည်ဖြစ်ပြီး ပြောင်းလဲမှုများ ပြုလုပ်လိုပါက ဆွေးနွေးချက် စာမျက်နှာတွင် အများဆန္ဒရယူနိုင်သည်။ သင့်အနေဖြင့် ကိုးကားအား နည်းလမ်းတကျ ရေးသားနိုင်ရန် ကြိုးစာခြင်းထက် ရင်းမြစ်အား အတည်ပြုနိုင်ရန် အချက်အလက်များ အလုံအလောက်ပေးခြင်းကို ပိုမိုကြိုးစားသင့်သည်။ လိုအပ်ပါက ပုံစံချခြင်းကို ပိုမိုကောင်းမွန်အောင် အခြားသူများက ဆောင်ရွက်ပေးပါလိမ့်မည်။ ဝီကီပီးဒီးယား ဆောင်းပါးများအတွင်း ကိုးကားများ ထည့်သွင်းပုံ အတိုချုပ်အတွက် "အကူအညီ:လူသစ်များအတွက် ကိုးကားခြင်း"နှင့် တွင် ကြည့်ရှုနိုင်ပါသည်။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- reFill။ WP:ReFill။ – tool that expands bare references semi-automatically
- Wikipedia editing basics: Citing sources (part 1) (YouTube)။ Wikimedia Foundation။
- Wikipedia editing basics: Citing sources (part 2) (YouTube)။ Wikimedia Foundation။