ပြည်သူ့လွှတ်တော် (၁၉၇၄)

၁၉၇၄အ​​ခြေခံဥပ​ဒေအရ အမြင့်ဆုံးအာဏာရအဖွဲ့အစည်း

ပြည်သူ့လွှတ်တော် (အင်္ဂလိပ်: People's Assembly) သည် ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ တစ်ခုတည်း​သော ဥပဒေပြုလွှတ်တော်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဖျက်သိမ်းခဲ့သည်။

People's Assembly
ပြည်သူ့လွှတ်တော်
Pyithu Hluttaw
State seal of Myanmar (1974-2008).svg
အမျိုးအစား
အမျိုးအစား
တစ်ရပ်တည်း​သောလွှတ်တော်
သက်တမ်း ကန့်သတ်ချက်
၄ နှစ်
သမိုင်းကြောင်း
တည်ထောင်ခြင်း၁၉၇၄ (၁၉၇၄)
ဖျက်သိမ်းခြင်း၁၉၈၈ (၁၉၈၈)
ယခင်ပြည်ထောင်စုလွှတ်တော် (၁၉၄၇-၁၉၆၂)
ဆက်ခံပြည်ထောင်စုလွှတ်တော် (၂၀၁၁-လက်ရှိ)
ဖွဲ့စည်းပုံ
အမတ်ဦးရေ၄၈၉
နိုင်ငံရေး အုပ်စုများ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ရွေးကောက်ပွဲများ
နောက်ဆုံး ရွေးကောက်ပွဲ
၆-၂၀ အောက်တိုဘာ ၁၉၈၅
ဆွေးနွေးရာနေရာ
ရန်ကုန်မြို့

၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့မှ အာဏာရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဥပဒေပြုလွှတ်တော် ဟူ၍ မရှိခဲ့ဘဲ တော်လှန်ရေးကောင်စီမှသာ အုပ်ချုပ်ခဲ့သည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄)အရ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများကို ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်များသည် ပြည်သူ့လွှတ်တော် အဖွဲ့ဝင်များ ဖြစ်ကြသည်။[၁] လွှတ်​တော်၏သက်တမ်းမှာ လေးနှစ်ဖြစ်သည်။

အစည်းအဝေးကျင်းပရာနေရာပြင်ဆင်

ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အဦး (ယခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး)၌ ကျင်းပသည်။

 
ယနေ့ခေတ် ရန်ကုန်တိုင်းလွှတ်တော်အဖြစ် ကျင်းပနေသော ယခင်ပြည်သူ့လွှတ်တော် အဆောက်အဦး

အခွင့်အာဏာပြင်ဆင်

ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ အောက်ပါအဖွဲ့အစည်းများကို ဖွဲ့စည်းပေးရသည်။[၂][၃]

  • နိုင်ငံတော်ကောင်စီ
  • ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ
    • ဝန်ကြီးအဖွဲ့
    • ပြည်သူ့တရားသူကြီးအဖွဲ့
    • ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့
    • ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့
  • လွှတ်တော်အဖွဲ့အစည်းများ
    • သဘာပတိအဖွဲ့
    • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကော်မီတီ
    • လွှတ်တော်ရေးရာကော်မီတီများ
    • အခြားလိုအပ်သော ကော်မီရှင်နှင့် ကော်မတီများ

သဘာပတိအဖွဲ့ပြင်ဆင်

လွှတ်တော်ကိုကြီးကြပ်ရန်အတွက် လွှတ်တော်အစည်းအဝေး တစ်ကြိမ်စတိုင်း သဘာပတိအဖွဲ့ဝင်များကို ရွေးချယ်ရသည်။ ပထမဆုံးအကြိမ်ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ယာယီသဘာပတိကို ဦးစွာရွေးချယ်ပြီးမှ သဘာပတိအဖွဲ့ကို ဆက်လက်ရွေးချယ်သည်။ ပြည်နယ်နှင့် တိုင်း တခုစီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်နှင့်တိုင်း အလိုက် မိမိတို့အထဲမှ သဘာပတိအဖွဲ့ဝင် တဦးကျစီကို ရွေးချယ်တင်မြှောက်ရသည်။ သဘာပတိအဖွဲ့ဝင်များသည် လွှတ်တော်အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပြည်နယ် နှင့် တိုင်းအမည် အက္ခရာစဉ်အလိုက် အလှည့်ကျ သဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်ကြရသည်။[၄]

နိုင်ငံတော်ကောင်စီပြင်ဆင်

ပြည်သူ့လွှတ်တော်သည် အဖွဲ့ဝင် ၂၉ဦးပါဝင်သော နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းပေးရသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော် ကောင်စီဝင်တစ်ဆယ့်လေးဦး၊ လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော်ကောင်စီဝင် တစ်ဆယ့်လေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်တစ်ဦးတို့ဖြစ်သည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် သမ္မတဖြစ်သည်။

ဗဟိုအာဏာပိုင်အဖွဲ့အစည်းများပြင်ဆင်

လွှတ်တော်မှ ချမှတ်ထားသော လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်အတွက် ဝန်ကြီး အဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံးတဆယ့်ငါးဦးမှ အများဆုံး နှစ်ဆယ့်ငါးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့တရားသူကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများ ဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ထိုအဖွဲ့များအတွက် အဖွဲ့ဝင်အရေအတွက်ကို ရွေးချယ်ထားပြီးဖြစ်သော နိုင်ငံတော်ကောင်စီက သတ်မှတ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကော်မီတီပြင်ဆင်

နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှအပ ကျန်ကောင်စီဝင်များမှလေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်၊ကာကွယ်ရေး၊နိုင်ငံခြားရေး၊ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် သက်ဆိုင်သောဝန်ကြီးများ စုစုပေါင်း ၉ဦးပါဝင်သည်။

ကိုးကားပြင်ဆင်

  1. The Constitution of the Socialist Republic of the Union of Burma (1974), Chapter IV: Pyithu Hluttaw
  2. Moscotti၊ Albert D. (1977)။ Burma's Constitution and Elections of 1974။ Institute of Southeast Asian Studies။ pp. 171–172။
  3. ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥပဒေ
  4. ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ