ပြောင်ခေါင်းစိမ်း
ပြောင်ခေါင်းစိမ်းသည် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာဟချက်ကြီးမားတတ်သည့် ကျောက်မျက်အမျိုးအစားဖြစ်သည်။ မိုးကုတ်မြို့ အနောက်ဘက် ပြောင်ခေါင်းရွာမှ ပေါများစွာထွက်ရှိသည်ကို အကြောင်းပြု၍ မြန်မာတို့က ပြောင်ခေါင်းစိမ်းဟု ခေါ်ကြခြင်းဖြစ်သည်။ အနောက်တိုင်းအခေါ်အဝေါ်မှာ ပယ်ရီဒေါ့(peridot) (သို့) သံလွင်စိမ်းရောင် ရှိသောကြောင့် အိုလီဗင်း(Olivine) ဟုလည်းခေါ်ပါသည်။
ပြောင်ခေါင်းစိမ်း | |
---|---|
ယေဘုယျ | |
ကဏ္ဍ | Silicate mineral variety |
ဖော်မျူလာ (repeating unit) | (Mg, Fe)2SiO4 |
ပုံဆောင်ခဲ စနစ် | ရွမ်းဘတ် ပုံဆောင် |
ခွဲခြားသတ်မှတ်ခြင်း | |
အရောင် | Yellow, to yellow-green, olive-green, to brownish, sometimes a lime-green, to emerald-ish hue |
Twinning | Uncommon, simple twinning can occur on {100}, {011},{012}, cyclic twinning on {031} |
Cleavage | Poor on {010} and {110}, {010} cleavage improves with increasing iron content |
Fracture | Conchoidal |
Mohs scale hardness | 6.5–7 |
Luster | Vitreous to oily |
Streak | Colorless |
Diaphaneity | Translucent to transparent |
Specific gravity | 3.2–4.3 |
Refractive index | 1.64–1.70 |
Birefringence | +0.036 |
Pleochroism | Weak pale yellow-green to yellow, yellow to yellow orange |
အရည်ပျော်မှတ် | Very high |
Fusibility | Infusible avoid thermal shock |
ပျော်ဝင်သတ္တိ | Slow in HCl to form gelatinous silica |
ဓာတုဖွဲ့စည်းမှု
ပြင်ဆင်ရန်မဂ္ဂနီဆီယံသံဆီလီကိတ် ဖြစ်သည်။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်(Orthorhombic System) ဖြစ်ပြီး သိပ်သည်းဆ ၃.၃၄ ရှိသည်။ မာဆင့် ၆.၅ ရှိကာ ဖန်ရောင်လက်ဖြစ်သည်။ ပျော့ပျောင်းလွန်းသောကြောင့် ငရဲမီးဒဏ်ကို မခံနိုင်ပါ။ နှစ်စုံအလင်းယိုင်ခြင်း (သို့) ဒွိအလင်းယိုင်ခြင်း ထင်ရှားမှုသည် ပြောင်ခေါင်းစိမ်း၏ ထင်ရှားသည့် ထူးခြားမှုတစ်ခုဖြစ်သည်။ ကျောက်၏ အောက်ခြေမျက်နှာပြင်ရှိအနားစောင်းများကို အထက်မျက်နှာပြင်မှ လှမ်းကြည့်လျှင် စောင်းနှစ်ထပ်အဖြစ် မြင်ရမည်ဖြစ်သည်။
ထွက်ရှိရာဒေသများ
ပြင်ဆင်ရန်မြန်မာ၊ တရုတ်၊ ဩစတြေးလျ၊ ဘရာဇီး၊ တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် ပြောင်ခေါင်းစိမ်းထွက်ရှိသော်လည်း ယခုအခါတွင် အဝါရောင်သန်းသည့် တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းများကို ဈေးကွက်အတွင်းတွင် ပေါ်များစွာတွေ့ရှိနေရသည်။