ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ခေါ် ဖတပလ ကို ဂျပန်များ တော်လှန်ရေး အတွက် ၁၉၄၄ ခု၊ ဩဂုတ်လ ညဦး အချိန်တွင် ကန်တော်ကြီး ပတ်လမ်း၊ ယခု နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ၏ အိမ်တွင် အထူး အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်းခဲ့သည်။

အစည်းအဝေးကို လျှို့ဝှက်စွာ တက်ရောက် ကြသော ခေါင်းဆောင် များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ဦးဆောင် အဖွဲ့အစည်းများ ပြင်ဆင်ရန်

အထက်ပါ လျှို့ဝှက်သော အထူး အစည်းအဝေး မှပင် မြန်မာ တမျိုးသားလုံးကို ရက်စက်စွာ ညှဉ်းပန်း နှိပ်စက် နေသော ဖက်ဆစ် ဂျပန် စစ်တပ် များကို တော်လှန် တိုက်ခိုက်ရန် အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။ တချိန်တည်း မှာပင် ဂျပန် ဖက်ဆစ် စစ်တပ် များကို တော်လှန်ရာတွင် အဖွဲ့အစည်း အသီးသီး ကွဲပြား၍ တသီးတခြား တော်လှန် ကြခြင်းထက် တဖွဲ့ တစည်းတည်း ပူးပေါင်း ဆောင်ရွက် ကြလျှင် ကောင်းမည် ဟူ၍ ဗိုလ်ချုပ် အောင်ဆန်း၏ အကြံပေးချက် အရ အောက်ပါ အဖွဲ့အစည်းကြီး များက ဦးဆောင်၍ ဖွဲ့စည်းရန် သဘော တူကြပေသည်။

  • ၁။ ဗမာ့ တပ်မတော်
  • ၂။ ကွန်မြူနစ် ပါတီ
  • ၃။ ပြည်သူ့အရေးတော်ပုံ ပါတီ တို့ ဖြစ်ကြသည်။

အထက်ပါ အဖွဲ့အစည်း ကြီးများ အနက် ဗမာ့ တပ်မတော်နှင့် လက်တွဲကာ ဂျပန် တော်လှန်ရေး အတွက် ပြင်းပြင်းထန်ထန် စည်းရုံး လှုံ့ဆော် ခဲ့သော အဖွဲ့ကြီးမှာ ဦးဘဂျမ်း ဦးစီးသော (အာရှလူငယ် အစည်းအရုံး) ပင် ဖြစ်တော့သည်။[၁]

ဖတပလ ဗဟို ဦးစီး အဖွဲ့ဝင်များ ပြင်ဆင်ရန်

စစ်ပြီးခေတ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပထမဦးဆုံး ဗဟို ဦးစီး အဖွဲ့ဝင် ကိုးဦး၊ ထို့နောက် ၁၆ ဦးနှင့် ၃၆ ဦးတို့ဖြင့် အောက်ပါ အတိုင်း တိုးချဲ့ ဖွဲ့စည်း ခဲ့သည်။[၂]

မူလ ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၉ ဦး ပြင်ဆင်ရန်

  • ၁။ သခင်စိုး - နိုင်ငံရေးခေါင်းဆောင်
  • ၂။ ဗိုလ်ချုပ် အောင်ဆန်း - စစ်ရေးခေါင်းဆောင်
  • ၃။ သခင် သန်းထွန်း - အထွေထွေ အတွင်းရေးမှူး မဟာမိတ်များနှင့် ဆက်သွယ်ရေး
  • ၄။ ကိုဗဟိန်း
  • ၅။ ဗိုလ်လက်ျာ
  • ၆။ ဗိုလ်နေဝင်း
  • ၇။ သခင်ချစ်
  • ၈။ ကိုဗဆွေ
  • ၉။ ကိုကျော်ငြိမ်း

ဒုတိယ အကြိမ် တိုးချဲ့ဖွဲစည်းခဲ့သော ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၁၆ ဦး ပြင်ဆင်ရန်

  • ၁။ ဗိုလ်ချုပ် အောင်ဆန်း
  • ၂။ ဗိုလ်နေဝင်း
  • ၃။ ဗိုလ်လက်ျာ
  • ၄။ သခင်စိုး
  • ၅။ သခင် သန်းထွန်း
  • ၆။ ကိုသိန်းဖေ
  • ၇။ ကိုဗဟိန်း
  • ၈။ ကိုကျော်ငြိမ်း
  • ၉။ ကိုဗဆွေ
  • ၁၀။ သခင်ချစ်
  • ၁၁။ ဒီးဒုတ် ဦးဘချို
  • ၁၂။ ဦးမြ (ဟင်္သာတ)
  • ၁၃။ ဦးအောင်ဇံဝေ
  • ၁၄။ စောဘဦးကြီး
  • ၁၅။ ဦးချစ်မောင်
  • ၁၆။ ဦးရဲညွန့်

တတိယ အကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့သော ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင် ၃၆ ဦး ပြင်ဆင်ရန်

  • ၁။ ဗိုလ်ချုပ် အောင်ဆန်း
  • ၂။ ဗိုလ်လက်ျာ
  • ၃။ ဗိုလ်နေဝင်း
  • ၄။ သခင် သန်းထွန်း
  • ၅။ သခင် မြသွင်
  • ၆။ သခင် ဗဟိန်း
  • ၇။ ကိုသိန်းဖေ
  • ၈။ ဦးဗဆွေ
  • ၉။ ဦးကျော်ငြိမ်း
  • ၁၀။ သခင်ချစ်
  • ၁၁။ သခင်ဝတင်
  • ၁၂။ ဒီးဒုတ် ဦးဘချို
  • ၁၃။ ဦးချစ်မောင်
  • ၁၄။ ဦးမြ (ဟင်္သာတ)
  • ၁၅။ ဦးဘအုန်း
  • ၁၆။ ဦးအေး
  • ၁၇။ ဦးအောင်ဇံဝေ
  • ၁၈။ ဦးဘိုမြ (ကဿက)
  • ၁၉။ ဦးကျော်ရင်
  • ၂၀။ ဦးဗဂျမ်း
  • ၂၁။ စောဘဦးကြီး
  • ၂၂။ သရာသာထို
  • ၂၃။ ဦးဘခိုင်
  • ၂၄။ ဦးဘဘေ
  • ၂၅။ ဦးသိမ်းမောင်
  • ၂၆။ ဦးပု
  • ၂၇။ ဦးဆက်
  • ၂၈။ ဦးမြ (ပျော်ဘွယ်)
  • ၂၉။ ဦးဘဝင်း
  • ၃၀။ ဦးတင် (မြန်မာ့အလင်း)
  • ၃၁။ သခင် လေးမောင်
  • ၃၂။ သခင်ညီ
  • ၃၃။ မစ္စတာ ရာရှစ် (ဦးဘတင်)
  • ၃၄။ မစ္စတာ ရာမန်
  • ၃၅။ ဦးကြင်မှန်
  • ၃၆။ ဦးမျိုးရှု

ဖတပလ ဗဟို စစ်ကောင်စီ (၁၉၄၅) ပြင်ဆင်ရန်

ဖက်ဆစ် တော်လှန်ရေးကို ဦးစီးရန် ၁၉၄၅ ခုနှစ် မတ်လတွင် ဖွဲ့သည်။ ဖတပလ ဗဟို စစ်ကောင်စီတွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်။

  • ၁။ ဗိုလ်ချုပ်အောင်ဆန်း - စစ်ရေးခေါင်းဆောင်
  • ၂။ သခင်စိုး - နိုင်ငံရေးခေါင်းဆောင်
  • ၃။ သခင် သန်းထွန်း - ပြောက်ကျားနှင့် နိုင်ငံခြားရေး
  • ၄။ ဗိုလ်လက်ျာ
  • ၅။ ဗိုလ်နေဝင်း
  • ၆။ ဦးကျော်ငြိမ်း
  • ၇။ သခင်ချစ်

စစ်ပြီးနောက်တွင် တိုက်ဖျက်ရေးလုပ်ငန်း ကုန်ဆုံး၍ ဆန့်ကျင်ရေး လုပ်ငန်းကိုသာ ရှေးရှုလုပ်ကိုင်ရန် ဆုံးဖြတ်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဝါ) ဖဆပလ အဖွဲ့ချုပ်ဟု ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ဖက်ဆစ် တော်လှန်ရေး (၁၉၄၅)
  2. ဖတပလ ဗဟိုဦးစီး အဖွဲ့ဝင်များ

ဝဘ်ဆိုဒ် ပြင်ဆင်ရန်

စာအုပ်များ ပြင်ဆင်ရန်

  • မြဟန် (၂၀၀၀)။ ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် (တတိယ အကြိမ် ed.)။ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
  • ရဲဘော် လှမျိုး (၁၉၆၈)။ ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ (ပထမ အကြိမ် ed.)။ နံ့သာတိုက်။