ဖေဇင်ထွန်း
ဦးဖေဇင်ထွန်း သည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သည်။ ယခင်က စွမ်းအင် ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်သည်။[၁]
ဖေဇင်ထွန်း | |
---|---|
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၇ ဧပြီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၇ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဒေါ်အောင်ဆန်းစုကြည် |
ဆက်ခံသူ | ဦးဝင်းခိုင်[၁] |
စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် | |
သမ္မတ | ဦးသိန်းစိန် |
အလုပ်အကိုင်
ပြင်ဆင်ရန်ဦးဖေဇင်ထွန်းသည် ယခင်က စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာနမှ ညွှန်ညားရေးမှူးချုပ် တစ်ဦးဖြစ်ကာ အမှုထမ်းအခေါ်အဝေါ် ပြင်ဆင်သည့်အချိန် ၂၀၁၅ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာခဲ့သည်။[၂]
၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကိုပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။[၃] ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လျှပ်စစ်နှင့် စွမ်းအင် တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သည်။[၄] သို့သော် ရက်အနည်းငယ်အကြာတွင် ပညာရေးဝန်ကြီးဌာနအား ဒေါက်တာမျိုးသိမ်းကြီး အားလည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား ဦးဖေဇင်ထွန်းအားလည်းကောင်း လွှဲပေးခဲ့သည်။ ထို့ကြောင့် ၂၀၁၆ခုနှစ် ဧပြီလတွင် ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။[၅]
ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြီးနောက် စွမ်းအင်ပိုင်းတွင်သာ ရုံးထိုင်ပြီး လျှပ်စစ်ပိုင်းကို လျစ်လျူရှုထားကြောင်း ဝေဖန်ခံခဲ့ရသည်။ ထို့အပြင် ရုံးပိုင်းတွင်သာ အထိုင်များပြီး ကွင်းဆင်းစစ်ဆေးခြင်း နည်းပါးသည်ဟုလည်း ဝေဖန်ခံခဲ့ရသည်။ ကျန်းမာရေးပြဿနာများလည်း ရှိခဲ့သည်။[၆] ထို့ကြောင့် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Minister for Construction takes charge of energy, electricity portfolios။
- ↑ မြန်မာနိုင်ငံပြန်တမ်း (၃၀ ဧပြီ ၂၀၁၅)။
- ↑ Energy and Electricity merge complete။ 26 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2021 တွင် ပြန်စစ်ပြီး။
- ↑ Meet Burma’s Next Cabinet။
- ↑ Who's who: Myanmar's new cabinet။ 1 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Minister’s Abrupt Resignation Raises Questions။
- ↑ In the NLD’s Cabinets, a High Rate of Turnover။