ဖွန်းလူမျိုးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားသည့် လူမျိုး (၁၃၅) မျိုးထဲတွင် ပါဝင်သည်။ အစိုးရမှ ဗမာတိုင်းရင်းသား (၉) မျိုးတွင် ပါဝင်သော မျိုးနွယ်စုဖြစ်သည်။[]

ဖွန်းလူမျိုး
လူဦးရေ စုစုပေါင်း
၁၆၀၀[]
အများစု နေထိုင်သည့် နေရာ
ကချင်ပြည်နယ်, မြန်မာနိုင်ငံ[]
ဘာသာစကား
ဖွန်းဘာသာစကား, မြန်မာဘာသာစကား
ကိုးကွယ်မှု
ခရစ်ယာန်, ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဗမာလူမျိုး, ရှမ်းလူမျိုး

ဖွန်းတို့သည် တိဘက်-ဗမာ အနွယ်ဝင်များဖြစ်ကြ၍ မရူလရှီအဇီးမိုင်းသာလူမျိုးများသို့ပင် ဗမာစကားပြော လူမျိုးငါးမျိုးအနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ မိုးကောင်းမင်းများလက်ထက် လက်အောက်ခံလူမျိုး ရှစ်မျိုးအနက် တစ်မျိုးအပါအဝင်ဖြစ်ပြီး ဖွန်းကြီးမျိုး၊ ဖွန်းငယ်မျိုး ဟူ၍ ရှိကြောင်းဖြင့်လည်း ဆိုကြသည်။[]

နေထိုင်သည့် နေရာ

ပြင်ဆင်ရန်

ဖွန်းလူမျိုးများသည် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင် နယ်နိမိတ် အလယ်တွင် နေထိုင်ကြသည်။ ဗန်းမော်မြို့အထက် ရွှေဘို၊ မြစေတီရွာများနှင့် ဆင်ဘိုမြို့အကြား ဧရာဝတီမြစ်‌ပထမ ကျဉ်းတလျောက်တွင် တွေ့ရသည်။ မြစ်ကြီးနားဒေသရှိ ဖွန်းလူမျိုးနှင့် ဗန်းမော်ခရိုင်ရှိ ဖွန်းလူမျိုး အနည်းငယ်ကွဲပြားကြသည်။ ပူးလောင်၊ နမ့်တီ၊ ထုံးဘို၊ သမိုင်းကြီး အစရှိသည့် ဗန်းမော်ခရိုင်အတွင်းရွာများတွင် နေထိုင်ကြသူများကို ရှေးအခါက ဖွန်းဖျေ ( သို့ ) မွန်တီဖွန်းလူမျိုးဟုခေါ်ကြသည်။ ယခု မယ်ကျော့ဖွန်းဟု ခေါ်သည်။ မြင်သာ၊ ပင်လုံရေနား၊ မန်လေ၊ ပင်လုံတော၊ ပင်တော်၊ နမ့်ဟဲ အစရှိသည့် မြစ်ကြီးနားခရိုင်အတွင်း ရွာများတွင် နေထိုင်ကြသောသူများကို ဖွန်းဆမန်း ( သို့ ) မွန်ဝန်ဖွန်းလူမျိုးဟု ခေါ်ကြသည်။ ဖွန်းရွာများသည် အိမ်ခြေ သုံးဆယ်ခန့်သာရှိသော ရွာများဖြစ်သည်။[]

ဖွန်းလူမျိုးတို့သည် တရုတ်နိုင်ငံ မင်တီနှင့် မင်ဝန်ဒေသမှ မိုးကောင်းမြို့အနီး နမ္မတီချောင်းဝန်းကျင်သို့ ပြောင်းရွှေ့နေထိုင်လာသော လူမျိုးမှဆင်းသက်လာသည်ဟု အဆိုရှိသည်။ ယင်းတို့အနက် လူခပ်များများသည် အထက်ချင်းတွင်းအရပ်ရှိ မောင်တီးအရပ်သို့ပြောင်းရွှေ့သွား၍ ကျန်လူနည်းစုက ဧရာဝတီပထမမြစ်ကျဉ်းဒေသသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ မြစ်ကျဉ်းဒေသသို့ ပြောင်းရွှေ့နေထိုင်ကြသော သူတို့၏ အဆက်အနွယ်များကို ဖွန်းခေါ်သည်ဟု ဆိုကြသည်။[]

ယဉ်ကျေးမှု

ပြင်ဆင်ရန်
အခြားကြည့်ရန်။ ဖွန်းဘာသာစကား

ဖွန်းဘာသာစကားသည် တိဗက်-ဗမာနွယ်ဘာသာစကားမှ အမျိုးကွဲက လိုလို-ဗမာနွယ် ထပ်မှန်၍ အမျိုးကွဲက ဗမာနွယ်မှ ဖွန်းဘာသာစကား ဖြစ်လာသည်။ ဖွန်းစကားကို လူကြီးများသာပြောတတ်၍ လူငယ်များသည် မြန်မာစကားကိုသာ ပြောဆိုကြသည်။ ဖွန်းစကားကို လူကြီးများ ပြောဆိုသည့်အခါလူငယ်များက စကားဝှက်ပြောသည်ဟုပင် ထင်ကြသည်အထိ ဖွန်းစကားသည် တိမ်ကောလျက် ရှိနေလေပြီ။[]

  1. https://joshuaproject.net/people_groups/14381/BM
  2. https://joshuaproject.net/people_groups/14381/BM
  3. တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့်အစိုးရလက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်းသည့်မေးခွန်း။ 3 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2020 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ မြန်မာ့စွယ်စုံကျမ်း။ အတွဲ ၇။ စာပေဗိမာန်။ ၁၉၆၃။ p. ၃၃၁။
  5. မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ