ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်

လူမျိုးစု လက်နက်ကိုင်တပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အင်္ဂလိပ်: Bamar People's Liberation Army၊ အတိုကောက် BPLA ) သည် မြန်မာနိုင်ငံရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ [၃][၄]

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်
Bamar People's Liberation Army
ခေါင်းဆောင်မောင်ဆောင်းခ
စတင်လှုပ်ရှားခြင်း၁၇ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၁၇) – လက်ရှိ
ဌာနချုပ်ရွေ့လျားဌာနချုပ်
လှုပ်ရှားနယ်မြေမြန်မာနိုင်ငံအရှေ့‌တောင်ပိုင်း
Ideologyလူမျိုးစု ဖက်ဒရယ်စနစ်
အရွယ်အစား၁၁၀၀ခန့်
မဟာမိတ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်[၁]

မြောက်ပိုင်းမဟာမိတ်[၂]

ပြိုင်ဘက်များ မြန်မာနိုင်ငံ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ
အလံ

၂၀၂၁-၂၀၂၂ ခုနှစ် မြန်မာ့ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့သည့် ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၇ ဦးဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။[၅] BPLA ၏ လိုဂိုသည် စက်ဝိုင်းပုံထဲတွင် ဒေါင်းမှီးကွက်ကိုးခုပါဝင်ကာ မြန်မာနောက်ဆုံးဘုရင်များ၏ သင်္ကေတဖြစ်သည်။ [၄]

ရည်ရွယ်ချက်များ ပြင်ဆင်ရန်

မောင်ဆောင်းခ၏အဆိုအရ BPLA ၏ ရည်ရွယ်ချက်များတွင် ဗမာ ဗုဒ္ဓဘာသာများ လွှမ်းမိုးချုပ်ကိုင်မှု ရပ်တန့်ရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအောက်တွင် မြန်မာနိုင်ငံရှိ မတူကွဲပြားသော တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ခိုင်မာစေရေး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအမည်ခံ၍ နိုင်ငံရေးအပေးအယူ အလျှော့အတင်း မလုပ်ခြင်း၊ [၅] နှင့် "ဗမာပြည်နယ်" သို့မဟုတ် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတွင် ဗမာအမှတ်အသားကို အခြေခံသည့် မဲဆန္ဒနယ်မြေတစ်ခု အသိအမှတ်ပြုရေးတို့ ဖြစ်သည်။[၆]

ကိုးကား ပြင်ဆင်ရန်