မစ္စတာ ဗီဂျေ နမ်ဘီယာ (Vijay Nambiar) သည် ဝါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် အီဘရာဟမ် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီထံမှ တာဝန်ကို လွှဲယူပြီးနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀ဝ၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။ မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ပထမဆုံး သွားရောက် တွေ့ဆုံသည်။

Vijay K. Nambiar
Chef de Cabinet of the United Nations
တာဝန်သက်တမ်း
January 1, 2007 – February, 2012
ယခင်လူMark Malloch Brown
ဆက်ခံသူSusana Malcorra
Special Advisor to the Secretary General
တာဝန်သက်တမ်း
4 January 2006 – 31 December 2006
Ambassador of India to the United Nations
တာဝန်သက်တမ်း
May 2002 – June 2004
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAugust 1943
Poona]], India
လူမျိုးIndian
မစ္စတာ ဗီဂျေ နမ်ဘီယာ
မစ္စတာ ဗီဂျေ နမ်ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနှုတ်ဆက်နေပုံ

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

မစ္စတာ နမ်ဘီယာကို အိန္ဒိယနိုင်ငံ၊ ပူးနားမြို့ (Poona, India) တွင် ၁၉၄၃ခုနှစ်၊ ဩဂုတ်လတွင် မွေးဖွားခဲ့သည်။ ဘုံဘေ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၅ခုနှစ်တွင် တက္ကသိုလ်အဓိပတိ၏ ရွှေတံဆိပ်ဆု ကို ဆွတ်ခူးရရှိခဲ့သည်။

သံတမန်ဘဝ ပြင်ဆင်ရန်

သူသည် ၁၉၆၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဌာနတွင် စတင် အမှုထမ်းခဲ့သည်။ အစောပိုင်းကာလများတွင် တရုတ်ဘာသာစကားကို အထူးပြုလေ့လာပြီး ဟောင်ကောင်နှင့် ပေကျင်းတို့တွင် အမှုထမ်းခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ယူဂိုဆလားဗီးယားနိုင်ငံဘဲလ်ဂရိတ်မြို့တွင် အမှုထမ်းခဲ့သည်။ ၁၉၇၉ခုနှစ်မှစ၍ ကုလသမဂ္ဂ နှင့် ဘက်မလိုက်အဖွဲ့ တို့၏ ဝန်ကြီးအဆင့် ကွန်ဖရင့်များတွင် ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် အကြိမ်ပေါင်းများစွာ ပါဝင် တက်ရောက်ခဲ့သည်။ ၁၉၈၈ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီ ၏ တရုတ်နိုင်ငံသို့ သမိုင်းဝင် ချစ်ကြည်ရေးခရီးစဉ်တွင် သူသည် အရှေ့အာရှဆိုင်ရာ ပူးတွဲညွှန်ကြားရေးမှူးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၈၅ - ၁၉၈၈) တွင် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်လည်း ကောင်း၊ (၁၉၉၀ - ၁၉၉၂) တွင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်လည်း ကောင်း၊ (၁၉၉၃ - ၁၉၉၆) တွင် မလေးရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်လည်း ကောင်း၊ (၁၉၉၆ - ၂၀၀၀) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်လည်း ကောင်း၊ (၂၀၀၀ - ၂၀၀၁) တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့တွင် ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် လည်းကောင်း၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ရုံး၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း အမှုထမ်းခဲ့ဖူးသည်။ ၂၀၀၂ ခုနှစ်၊ မေလမှ ၂၀၀၄ ခုနှစ်၊ ဇွန်လအထိ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အမှုထမ်းခဲ့သည်။ ၂၀၀၆ခုနှစ်၊ မတ်လ (၃)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး အဖြစ် Under-Secretary-General ရာထူးဖြင့် ခန့်အပ်ခြင်း ခံရသည်။

မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ် ပြင်ဆင်ရန်

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ဝါရင့် သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် အီဘရာဟမ် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီထံမှ တာဝန်ကို လွှဲယူပြီးနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီ သည် မြန်မာပြည်သို့ ၂၀ဝ၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။ မစ္စတာ ဗီဂျေ နမ်ဘီယာ သည် ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ပထမဆုံး သွားရောက် တွေ့ဆုံခဲ့သည်။ [၁]

မြန်မာပြည်သို့လာရောက်မှုမှတ်တမ်း ပြင်ဆင်ရန်

  • ပထမအကြိမ် - ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့။
  • ဒုတိယအကြိမ် - ?
  • တတိယအကြိမ် - ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့။

မိသားစု ပြင်ဆင်ရန်

သူသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးနှစ်ယောက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်