ဗီယင်ကျန်းမြို့

လာအိုနိုင်ငံ၏ မြို့တော်

ဗီယင်ကျန်းမြို့ (အင်္ဂလိပ်: Vientiane; /vjɛnˈtjɑːn/; ပြင်သစ်အသံထွက်: [vjɛ̃ˈtjan]; လာအို: ວຽງຈັນ, Viang chan, IPA: [ʋíəŋ tɕàn]; ထိုင်း: เวียงจันทน์, Wiang Chan, IPA: [wiəŋ tɕan]; ခမာ: វៀងច័ន្ទ, Vieng Chan, ကိုရီးယား: 비엔티안, Bientian,)သည် လာအိုနိုင်ငံမြို့တော်နှင့် အကြီးဆုံးမြို့ကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ကမ်းပါးတွင် တည်ရှိသည်။ မြန်မာကျူးကျော်မှု ဘေးအန္တရာယ်ကြောင့် ၁၅၆၃ ခုနှစ်တွင် ဗီယင်ကျန်းမြို့မှာ မြို့တော်ဖြစ်လာခဲ့သည်။[၂] ဗီယင်ကျန်းမြို့မှာ ပြင်သစ်များအုပ်ချုပ်ခဲ့စဉ်က အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခုအခါ လာအိုနိုင်ငံ၏ စီးပွားရေးအချက်အချာ နေရာတစ်ခုဖြစ်သည်။

ဗီယင်ကျန်းမြို့
ວຽງຈັນ
မြို့တော်
Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ်
Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ်
ဗီယင်ကျန်းမြို့ သည် လာအိုနိုင်ငံ တွင် တည်ရှိသည်
ဗီယင်ကျန်းမြို့
ဗီယင်ကျန်းမြို့
ကိုဩဒိနိတ်: 17°58′N 102°36′E / 17.967°N 102.600°E / 17.967; 102.600
နိုင်ငံ လာအို
အုပ်ချုပ်ရေး အပိုင်းအခြားဗီယင်ကျန်း စီရင်စုနယ်
အခြေချခြင်း၉ ရာစု[၁]
ဧရိယာ
 • စုစုပေါင်း၃၉၂၀ စတုရန်းကီလိုမီတာ (၁၅၁၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၇၄ မီတာ (၅၇၀ ပေ)
လူဦးရေ (၂၀၁၃ ခန့်မှန်း)
 • စုစုပေါင်း၇၈၃၀၀၀
 • သိပ်သည်းမှု၂၀၀/km (၅၂၀/sq mi)


ဗီယင်ကျန်းမြို့ရှိ ခန့်မှန်းလူဦးရေစာရင်းမှာ ၇၆၀,၀၀၀ (၂၀၁၅) ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နှစ် ၅၀ မြောက်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။

အမည်ရင်းမြစ် ပြင်ဆင်ရန်

မြို့၏ နာမည်မှာ ထေရဝါဒ ဗုဒ္ဓဘာသာပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးလာအိုဘာသာစကား အရေးအသားအရ မြို့နာမည်၏ အဓိပ္ပာယ်မှာ "စန္ဒကူးမြို့" ဖြစ်သော်လည်း လက်ရှိလာအိုဘာသာစကား အရေးအသားအရ ဗီယင်ကျန်း၏ အဓိပ္ပာယ်မှာ ရေရေရာရာမရှိပေ။

လာအိုနိုင်ငံသားများက မြို့အမည်အဓိပ္ပာယ်မှာ "လစန္ဒာမြို့" ဟု ဆိုကြပြီး၊ အချို့များကမူ "စန္ဒကူးမြို့" က အမှန်ဖြစ်ကြောင်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် "လ" (moon) (သင်္သကရိုက်ဘာသာရှိ chandra चन्द्र မှ ຈັນ ချန် သို့မဟုတ် ຈັນທຣ໌ စန္ဒြ) နှင့် "စန္ဒကူး" (သင်္သကရိုက်ဘာသာရှိ chandana चन्दन မှ ຈັນ သို့မဟုတ် ຈັນທນ໌) တို့မှာ လက်ရှိခေတ် လာအိုဘာသာစကားရှိ "chan ချန်" စကားလုံးနှင့် ရေးသားပုံနှင့် အသံထွက် တူနေသောကြောင့်ဖြစ်သည်။ မြို့အမည်ကို ထိုင်းဘာသာစကား (เวียงจันทน์ ဝီယင်ချန် ) နှင့် ခမာဘာသာစကား (វៀងចន្ទន៍) တို့ဖြင့်ရေးသားရာတွင် အဓိပ္ပာယ်အရ "စန္ဒကူးမြို့" ဟုသာ ညွှန်းဆိုလျက်ရှိခြင်းက "စန္ဒကူးမြို့" အမည်မှာ အမှန်ဖြစ်ကြောင်း ပညာရေးနှင့် သမိုင်းဆိုင်ရာ ရင်းမြစ်များက အခိုင်အမာဆိုကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. History of Vientiane Province - Lonely Planet Travel Information။ 22 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2015 တွင် ပြန်စစ်ပြီး။
  2. Vientiane။ Farlex Encyclopedia။ 23 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 Nov 2010 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်