ဗုဒ္ဓဘူမိလေးပါး ပြင်ဆင်ရန်

အဘိနီဟာရနှင့် ကရုဏာ ပညာတို့ကဲ့သို့ပင် (၁) ဥဿာဟ၊ (၂) ဥမ္မင်္ဂ၊ (၃) အဝတ္ထာန၊ (၄) ဟိတစရိယာ ဤလေးပါးသော ဗုဒ္ဓဘူမိတရားတို့သည်လည်း ပါရမီ၏ အကြောင်းရင်း ဖြစ်ကုန်၏။ ထိုတွင်-

  • (၁) ဥဿာဟ ဟူသည်ကား.. ပါရမီ စာဂ စရိယတို့ကို မဆုတ်မနစ် အားသစ်ကြိုးစားခြင်း ဝီရိယတည်း။
  • (၂) ဥမ္မင်္ဂဟူသည်ကား..ရှေး၌ဆိုအပ်ပြီးသည့် ဥပါယကောသလ္လဉာဏ်ပင်တည်း။
  • (၃) အ၀တ္ထာန ဟူသည်ကား.. ဘုရားဖြစ်ကြောင်း တရားတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်းတည်း။
  • (၄) ဟိတစရိယာ ဟူသည်ကား.. မေတ္တာဘာဝနာနှင့် ကရုဏာဘာဝနာ ဤနှစ်ပါးတို့တည်း။

ဤတရားလေးပါးတို့ကို သဗ္ဗညုတဉာဏ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် ဗုဒ္ဓဘူမိတရား လေးပါးဟူ၍ ခေါ်ဆိုအပ်ကုန်၏။

ကိုးကား ပြင်ဆင်ရန်

  1. ဗုဒ္ဓဘူမိ (ထီ) [ဗုဒ္ဓ+ဘူမိ]
  2. (၁) (က)(ခ) ယံ ဘဂဝါ ဗုဒ္ဓဘူမိ" ပန္နော။ ဒီ၊ဋ္ဌ၊၁၊၁၄၁။ (အပ၊၁၊၅၂။ အပ၊၂၊၁၅၁။ အံ၊ဋ္ဌ၊၁၊၄၃။ အဘိ၊ဋ္ဌ၊၁၊၅၃။)
  3. (က) ဗုဒ္ဓဘူမိန္တိ ဗုဒ္ဓဋ္ဌာနံ၊ အာသဝက္ခယဉာဏံ, သဗ္ဗညုတဉာဏဉ္စ၊ သီ၊ဋီ၊သစ်၊၂၊၃၀။
  4. (ခ) ဘူမိသဒ္ဓေါ ဝါ အဝတ္ထာ ဝါစကော၊ ဗုဒ္ဓါဝတ္ထံ။ သီ၊ဋီ၊သစ်၊၂၊၃၀။
  5. သုတ္တနိ၊ဋ္ဌ၊၁၊၄၅။ စရိယာ၊ဋ္ဌ၊၂၇။ ဒီ၊ဋီ၊၁၊၇၃။ သီ၊ဋီ၊သစ်၊၁၊၂၅၉။
  6. (၂) စတဿော ခေါ သာရိပုတ္တ ဗုဒ္ဓဘူမိယော။ သုတ္တနိ၊ဋ္ဌ၊၁၊၄၅။ ဒီ၊ဋီ၊၁၊၇၃။ ယာ စ ဗုဒ္ဓဘာဝဿ ဥပ္ပတ္တိဋ္ဌာနတာယ “ဗုဒ္ဓဘူမိယောတိ ဝုစ္စန္တိ။ သီ၊ဋီ၊သစ်၊၁၊၂၅၉။
  7. တိပိဋကအဘိဓာန် အတွဲ-၁၅