မေတ္တာ
မေတ္တာဟူသည် မိမိအကျိုး မမျှော်ကိုးဘဲ ကိုယ်စိတ်နှစ်ဖြာ ကြီးပွားချမ်းသာ ပျော်ရွှင်သာယာဖို့ ဆောင်ရွက်ပေးခြင်းသည်သာ ဗုဒ္ဓဘုရားဟော ဗြဟ္မစိုရ် မေတ္တာ တရားဖြစ်သည်။

ဥပေက္ခာ ၁၃၂ ပြင်ဆင်
ဩဓိသ ဥပေက္ခာ ၅ အနောဓိသ ဥပေက္ခာ + ၇ _____ ၁၂ အရပ် × ၁၀ _______ ၁၂၀ + ၁၂ _______ ၁၃၂
ကမ္မဿကာ |
---|
မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။ |
မေတ္တာရှေ့သွားဖြင့် အောင်ခြင်း ဝတ္တုကြီး ၄ပါး ပြင်ဆင်
- မေတ္တာအစွမ်းဖြင့် အောင်မြင်ခြင်းတို့ကား ပိဋကတ်တော်၌ များစွာရှိသော်လည်း ၎င်း၄ပါးဖြင့် ထင်ရှားပေါ်လွင်စေလိုက်သည်။
- ဥတေနမင်းကြီးကို သာမာဝတီ အောင်မြင်ခြင်း။
- ဆီပူလောင်းသူ သီရိမာကို ဥတ္တရာ အောင်မြင်ခြင်း။
- နာဠာဂီရိဆင်ကို ဗုဒ္ဓဘုရားမြတ် အောင်တော်မှုခြင်း။
- အဠာဝကဘီလူးကို ဗုဒ္ဓမြတ်ဘုရား အောင်တော်မှုခြင်း။
မုဒိတာ ၁၃၂ ပြင်ဆင်
ဩဓိသ မုဒိတာ ၅ အနောဓိသ မုဒိတာ + ၇ _____ ၁၂ အရပ် × ၁၀ ______ မူလဌာန ၁၂၀ + ၁၂ _______ ၁၃၂
ယထာလဒ္ဓသမ္မတ္တိတော မာဝိဂစ္ဆန္တု |
---|
ရပြီးသားစည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ ကြပါစေနှင့်။ |
မေတ္တာ ၂မျိုး ပြင်ဆင်
သတ္တဝါများအပေါ်၌ ချစ်ခင်နာလိုစိတ် ပွားတိုးစေသော တရား၂ပါး။
မေတ္တာစစ် | မေတ္တာတု |
---|---|
အဒေါသ ပုဗ္ဗင်္ဂမ မေတ္တာယ သတ္တဝါများ အပေါ်၌ ချစ်ခင်နာလို စွတ်စို စေးကပ်တတ်သော အဒေါသ စိတ္တုပ္ပါဒ်။ | သားချစ် မယားချစ် မိဘချစ် ဆွေမျိုးချစ်သည့် မခွဲနိင်သော အချစ်များ၊ ဂေဟာသိတပေမ ခေါ် အိမ်၌မှီသော အချစ်မေတ္တာတု မေတ္တာယောင် တဏှာပေမ သာဖြစ်သည်။ |
မေတ္တာ ၃မျိုး ပြင်ဆင်
ချစ်ခင်စွာ ကူညီပွားပေးမှု သုံးမျိုးပါ။[၁]
ကာယကံမေတ္တာ | ဝစီကံ မေတ္တာ | မနောကံမေတ္တာ |
---|---|---|
သတ္တဝါအပေါင်းတို့ ချမ်းသာကြောင်းအတွက် ကိုယ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးမှု၊ ကိုယ်ဖြင့် အရိုအသေပေးမှု။ | ချစ်ခင်သော စိတ်ဓာတ်ဖြင့် နှုတ်က မြွတ်ဆို ပြောကြားခြင်း။ | သတ္တဝါအပေါင်းအား ဘေးရန် ခပ်သိမ်း ကင်းငြိမ်းပါစေဟု စိတ်ဖြင့်အောက်မေ့ ပွားများခြင်း။ |
ဩဓိသ မေတ္တာ ၇ပါး ပြင်ဆင်
မိန်းမ ယေက်ျားစသည်ဖြင့် ရည်ညွန်းကန့်သတ်၍ ပို့သောမေတ္တာ။
သဗ္ဗေဣတ္ထိယော | သဗ္ဗေပုရိသာ | သဗ္ဗေအရိယာ | သဗ္ဗေအနရိယာ | သဗ္ဗေဒေဝါ | သဗ္ဗေ မနုဿာ | သဗ္ဗေဝိနိပါတိကာ |
---|---|---|---|---|---|---|
မ သတ္တဝါအားလုံး။ | ဖို သတ္တဝါအားလုံး။ | အရိယာ ရှစ်ပါးအားလုံး။ | ပုထုဇဉ်မှန်သမျှ။ | နတ် ဗြဟ္မာအားလုံး။ | လူအများအားလုံး။ | ဝိနိပါတိပြိတ္တာများအားလုံး။ |
အနောဓိသ မေတ္တာ ၅ပါး ပြင်ဆင်
လူ နတ် ကျား မ မခွဲခြားဘဲ သတ္တဝါအားလုံးအနေနှင့် ပို့သသော မေတ္တာမျိုး။
သဗ္ဗေသတ္တာ | သဗ္ဗေပါဏာ | သဗ္ဗေဘူတာ | သဗ္ဗေပုဂ္ဂလာ | သဗ္ဗေအတ္တဘာဝပရိယာပန္နာ |
---|---|---|---|---|
အာရုံငါးပါး၌ တပ်မက်သော သတ္တဝါအားလုံး။ | ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံး။ | ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တဝါအားလုံး။ | ပုဂ္ဂိုလ်အားလုံး။ | အတ္တဘော၌ အကျုံးဝင်သူအားလုံး။ |
မေတ္တာအကျယ် ၅၂၈ပါး ပြင်ဆင်
မေတ္တာစစ် မေတ္တာမှန်များ အနောဓိသ မေတ္တာ ၅ပါး၊ ဩဓိသ မေတ္တာ ၇ပါး။ ပေါင်း ၁၂ပါးဖြစ်သည်။ အဝေရာ ဟောန္တု၊၊ အဗျာပဇ္ဇာ ဟောန္တု။ အနီဃာ ဟောန္တု၊၊ သုခီအတ္တာနံ ပရိဟရန္တု၊ ၄ခုနှင့်မြှောက် ၄၈၀ဖြစ်သည်။ ယင်း၄၈နှင့် ၄၈၀နှစ်ရပ်ကို ပြန်၍ပေါင်းလျှင် ၅၂၈ရရှိသည်။ [၂]
ဩဓိသမေတ္တာ ၅ မေတ္တာ + ၇ _____ ၁၂ မေတ္တာ × ၁၀ ______ မူလဌာန ၄၈၀ + ၄၈ _______ ၅၂၈
မေတ္တာအကျိုး ၁၁ပါး ပြင်ဆင်
မေတ္တာတရားပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး၁၁ပါး။
- ချမ်းသာစွာ အိပ်ရခြင်း။
- ချမ်းသာစွာ နိုးရခြင်း။
- မကောင်းသော အိပ်မက်ကို မမြင်မက်ရခြင်း။
- လူတို့ ချစ်နှစ်သက်ခြင်း။
- နတ်တို့ မြတ်နိုးခင်မင်ခြင်း။
- နတ်တို့ စောင့်ရှောက်ခြင်း။
- မီး၊ အဆိပ်၊ လက်နက် မသင့်နိုင်ခြင်း။
- စိတ် လျင်မြန်စွာ တည်ကြည်ခြင်း။
- မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။
- သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
အင်္ဂုတ္တရ ဧကာဒသကနိပါတ် မေတ္တသုတ် ပြင်ဆင်
စိတ်အပူအလောင် ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။ စိတ်အညစ်အကြေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။ စိတ်အရှုပ်အထွေး ကင်းစင်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။ စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။ စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။ စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား။ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ သတ္တဝါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။ အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားရှင်၏ အတုမရှိသောမေတ္တာ၊ ကရုဏာဓာတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။ စိတ်အစဉ်တွင် လောဘဝင်က၊ဝင်လာလောဘ ထွက်ပြေးရအောင်လောဘကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် ဒေါသဝင်က၊ဝင်လာဒေါသ ထွက်ပြေးရအောင်-ဒေါသကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ စိတ်အစဉ်တွင် မောဟဝင်က၊ဝင်လာမောဟ ထွက်ပြေးရအောင်-မောဟကင်းစင် ဘုရားရှင်ကိုကြည်လင်မြတ်နိုး ရှိခိုးပါသည်။ မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။ မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။ မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။ တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။ တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။ မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး။[၃]
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းကနောက်ဆုံးအထိပါရမီလူနတ်များစွာ ချမ်းသာရေးမို့အသက်ပေးလို့ ဖြည့်ခဲ့သည် ဗုဒ္ဓမြတ်စွာသာသနာတွက်မို့ငါပါ အသက်ဆုံးစေမည် နောက်မဆုတ်ပေါင် ခုလိုတွေးလို့ကုသိုလ်ရေးမို့ ကြိုးစားမည်မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တဝါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှ ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။[၄][၅]
တကယ်မေတ္တာစစ်မှန်သွားရင် - ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။ မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။ ယောနိသော မနသိကာရဆိုတဲ့စိတ်ထားကောင်းလေးနဲ့သာစိတ်ကောင်းထားနိုင်မယ်ဆိုရင်ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံစိတ်လည်း ချမ်းသာပါတယ်။ ကုသိုလ်တရားလည်း တိုးပွားပါတယ်။ အလုပ်တိုင်းမှာ အနှစ်ပါဖို့မေတ္တာဟာလည်း မရှိမဖြစ်ပါ။ ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွှမ်းပြီးလုပ်ရင်လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။[၆]
တလောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်လို့ “ဘာဝေဟိ ဗုဒ္ဓါနုဿတိံ ၊ ဘာဝနာနမနုတ္တရံ” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း၊ လူသားတိုင်း ဗုဒ္ဓါနုဿတိဘာဝနာဆိုတဲ့ အနှိုင်းမဲ့ဘာဝနာကို သီးခြားဘုရားရှေ့မှာ ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်း၊လာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းစွန့်ရင်းနဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။ [၇]
လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။ တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ မေတ္တာကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊ ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။ သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။[၈]
တစ်ကမ္ဘာလုံးမှာ(တလောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။ [၉]
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။ သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။ မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။ မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။ မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။ မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။ မေတ္တာကြီးကျယ် အံ့ဩဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။ ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ၊ နိဗ္ဗာန်လမ်းမှာပါ။
ကိုးကား ပြင်ဆင်
- ↑ ဗုဒ္ဓဓမ္ဓကျမ်း(မူလပဏ္ဏသ၊ ပါ၂၆၇၊ ဋ္ဌ၊ ဒု၊ ၁၄၂)
- ↑ ဗုဒ္ဓဓမ္ဓကျမ်း(ပဋိသမ္ဘိဒါမဂ်၊ ပါ၃၁၃၊ ဋ္ဌ၊ဒု၂၀၇)
- ↑ ဓမ္ဓကျမ်း(ရွှေဟင်္သာစံကျောင်း ဆရာတော်ကြီး)
- ↑ ဓမ္ဓကျမ်း(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
- ↑ ဓမ္ဓကျမ်း(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
- ↑ ဓမ္ဓကျမ်း(ဦးဇောတိကမဟာမြိုင်တောရ)
- ↑ ဓမ္ဓကျမ်း(ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက)
- ↑ ဓမ္ဓကျမ်း(ပရိတ်တော်အလင်္ကာ စိန်ရတနာဆရာတော်ကြီး)
- ↑ ဓမ္ဓကျမ်း(ဟင်္သတမြို့ နဝဓုတင်္ဂါစာရဆရာတော်ကြီး)
ပြင်ပလင့်ခ်များ ပြင်ဆင်
- The Buddha’s Teachings on Love ဗုဒ္ဓ မြတ်စွာဘုရား၏ မေတ္တာတရား
- ဗုဒ္ဓသာသနာ ၏ ၅၂၈ မေတ္တာ- ၁၅၀ဝ မေတ္တာ
- Buddhism and Peace
- Buddhism and Patience
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |