ဗြိတိသျှ ဟွန်ဒူးရပ်စ်
ဗြိတိသျှ ဟွန်ဒူးရပ်နယ်သည် အမေရိကတိုက် အလယ်ပိုင်းတွင် တည်ရှိသော ဗြိတိသျှပိုင် ကိုလိုနီနယ် ဖြစ်သည်။ မြောက်ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ဂွာတီမာလာနိုင်ငံ၊ အရှေ့ဘက်တွင် ကာရစ်ဘီယံပင်လယ်တို့ အသီးသီးတည်ရှိကြသည်။ ၈၈၆၇ စတုရန်းမိုင် ကျယ်ဝန်း၍ လူဦးရေ၁၃ဝဝဝဝ ခန့် (၁၉၇၂)ရှိသည်။
ဗြိတိသျှ ဟွန်ဒူးရပ်နယ် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းဒေသသည် စိမ့်ဝှမ်းရပ်ဖြစ်၍ အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် တောင်များရှိသည်။ ကုန်းမြင့်ပိုင်းရှိ သစ်တောများမှ မဟောဂနီ၊ ဆီဒါနှင့် အခြားအဖိုးတန် သစ်များထွက်သည်။ ထင်ရှားသော ထွက်ကုန်များမှာ ငှက်ပျော၊ ကြံ၊ ရှောက်မျိုးဝင် သီးနှံများ ဖြစ်သည်။ အဓိက ထုတ်ကုန်များမှာ သကြား၊ ရှောက်မျိုးဝင် သီးနှံများ၊ မဟောဂနီနှင့် အခြားသစ်မာများ၊ ပုဇွန်နှင့်ငါးတို့ ဖြစ်၏။ ရာသီဥတုမှာ များသောအားဖြင့် ပူပြင်း စိုစွတ်သည်။ ဗဲလမိုပန်မြို့သည် မြို့တော် ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ် ခန့်မှန်းခြေအရေ လူဦးရေ ၃ဝဝဝ ခန့် နေထိုင်လျက် ရှိ၏။ ယခင်က မြို့တော်ဖြစ်ခဲ့သော ဗဲလဇ္ဇမြို့သည် အကြီးဆုံးမြို့ဖြစ်၍ ၁၉၇ဝ ပြည့်နှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၈ဝဝဝ နေထိုင် လျက် ရှိသည်။
တစ်ဆယ်ခုနစ်ရာစုနှစ်အတွင်းက ဂျမေကာကျွန်းမှ သစ် ခုတ်သမားများသည် ဗြိတိသျှ ဟွန်ဒူးရပ်သို့ လာရောက်၍ အခြေစိုက် နေထိုင်ခဲ့ကြသည်၊ ၁၈၆၂ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ထိုနယ်ကို ဂျမေကာကျွန်း အုပ်ချုပ်ရေးအောက်၌ ထားရှိခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် သီးခြား ကိုလိုနီနယ် ဖြစ် လာသည်။ ထိုနောက် ၁၉၅၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်းသစ်အရ လူထုက ဥပဒေပြုလွှတ်တော်အတွက် ကိုယ် စားလှယ်များကို ရွေးကောက်တင်မြေ|ာက်ခွင့် ရရှိခဲ့လေသည်။ ၁၉၆၄ ခုနှစ်တွင် ပြည်တွင်း အုပ်ချုပ်ခွင့်ကို ရရှိခဲ့သည်။ ယခု အခါ ဘလိဇ်နိုင်ငံဟု ခေါ်တွင်လေသေည်။[၁]
ဆက်စပ်လေ့လာရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)