သရေစည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟ စတုတ္ထတန်းစား

သရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး စတုတ္ထတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

သရေစည်သူ
သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့
သရေစည်သူဘွဲ့တံဆိပ်
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားပြည်ထောင်စုစည်သူသင်္ဂဟ
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး
Precedence
နောက်ထပ် (ပိုမြင့်သော)မဟာသရေစည်သူ
နောက်ထပ် (ပိုနိမ့်သော)စည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ ပြင်ဆင်ရန်

  1. အဂ္ဂမဟာသရေစည်သူ
  2. သတိုးမဟာသရေစည်သူ
  3. မဟာသရေစည်သူ
  4. သရေစည်သူ
  5. စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၃ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။

ချီးမြှင့်ခြင်း ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊

သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]

သရေစည်သူဘွဲ့ ရရှိခဲ့သူများ ပြင်ဆင်ရန်

သရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2020 တွင် ပြန်စစ်ပြီး။