ဘန့်ဘွေးအိုင်
ဘန့်ဘွေးအိုင်ကျေးရွာသည် ရန်ကုန် တွံ့တေးခရိုင် ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စုထဲတွင်ပါဝင်သည်။လမ်းပန်းဆက်သွယ်ရေးကောင််းမွန်သော နေရာလည်း ဖြစ်ကာ လျှပ်စစ်မီးတိုင်များဖြင့်ပြည့်စုံနေသောကျေးရွာတစ်ခုဖြစ်သည်။ရွာအဝင် လျှောဆင်း တွင် ရှိသည့် သောက်ရေတွင်းသည် ကျေးရွာ အတွက် ထင်ရှားသည့် အမှတ်သညာတစ်ခု ဖြစ်သည်။
ဘန့်ဘွေးအိုင် | |
---|---|
ဘန့်ဘွေးအိုင် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°37′10″N 95°56′53″E / 16.61935°N 95.94794°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး |
ခရိုင် | တွံတေးခရိုင် |
မြို့နယ် | ကော့မှူးမြို့နယ် |
ကျေးရွာအုပ်စု | Shar Bwar[၁] |
အနီးအနားတွင် ဒေသအခေါ် ကိုရီးယားကျွန်း(AGကုန်း) ဆိုသည့် အိမ်ခြေ၃၀ခန့်ရှိ ရွာငယ်လေးပမာ ကုန်းတစ်ခုလည်း ရှိသည်။ဘန့်ဘွေးအိုင်ကျေးရွာ သမိုင်းကားထင်ရှားရှားမသိရသော်လည်း ဒေသခံများ နေထိုင်လာခဲ့သည်မှာ နှစ်ရာကျော်နေပြီဖြစ်သည်။ဘန့်ဘွေးအိုင်ကျေးရွာ အနီးတဝိုက်တွင် ဘုရားချောင်၊ဘုရားနီ၊ရှာဘွား၊ကညင်ငူ၊ရိုးကန့်လန့် ၊တာတိတ်၊နတ်ရေတွင်း၊သံအိုင်၊တကူပုံ စသောကျေးရွာများရှိသည်။
ထိုဘန့်ဘွေးအိုင်ကျေးရွာသူ ကျေးရွာသားများသည် ခရစ်ယာန်ဘာသာကို အများစု ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းငယ် ရှိသည် ကရင်နှစ်ခြင်းအသင်းတော်နှင့် AGဧဝံဂေလိ အသင်းတော် နှစ်ပါးရှိသည်။သင်းအုပ််များမှာ ဆရာတော်ဦးကြည််အေး(AG ဧဝံဂေလိအသင်းတော်)နှင့် ဆရာတော်် အယ်မှူး(ကရင််နှစ်ခြင်းအသင်းတော်)တို့ဖြစ်ကြသည်။
စီးပွားရေးနှင့်ပညာရေး
ပြင်ဆင်ရန်စီးပွားရေး လုပ်ငန်းအနေဖြင့် ရေလုပ်ငန်းလုပ််ကိုင်ခြင်း၊ ပုစွန် ငါး မွေးမြူရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စပါးစိုက်ခြင်းများစသည့် လုပ်ငန်းများလုပ်ကိုင်ကြသည်။ ပြည်ပထွက် အလုပ်လုပ်ကိုင်သူများလည်းရှိကြသည်။ပညာရေးအတွက် အခြေခံပညာ မူလတန်း ကျောင်းရှိကာ အလယ်တန်းနှင့် အထက်တန်း အတွက် ဘောလုံးကွင်း၊ကညင်ငူ၊ငှက်အော်စမ်း၊တွံတေး သို့ သွားရောက်သင်ကြားကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ GAD, Feb 2011.