ကော့မှူးမြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကော့မှူးမြို့ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ထိခိုက်မှု အများဆုံး မြို့နယ် ဖြစ်ခဲ့သည်။

ကော့မှူးမြို့နယ်
မြို့နယ်
ကော့မှူးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကော့မှူးမြို့နယ်
ကော့မှူးမြို့နယ်
ကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°E / 16.50000; 96.16667ကိုဩဒိနိတ်: 16°30′0″N 96°10′0″E / 16.50000°N 96.16667°E / 16.50000; 96.16667
နိုင်ငံ မြန်မာ
တိုင်း​ဒေသကြီး ရန်ကုန်
ခရိုင်တွံတေး
မြို့နယ်ရုံးစိုက်ရာမြို့ကော့မှူးမြို့
လူဦးရေ (၂၀၁၄)၁၁၉,၀၅၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)
[၁]

နိုင်ငံရေး နှင့် သမိုင်းကြောင်း ပြင်ဆင်ရန်

အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ မစုစုနွေးသည် ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာမှ ဖြစ်သည်။ သူမသည် အစိုးရဝန်ထမ်းများအား အတင်းအကြပ် အလုပ်ခိုင်းစေမှုဖြင့် တရားစွဲဆို အနိုင်ရခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။[၂]

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ဧပြီ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၃]

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ကာ ကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၁။
  2. BURMA: Complaints against forced labour blocked and victims punished။ အာရှလူ့အခွင့်အရေး ကော်မရှင် (23 May 2005)။ 27 May 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဇွန် ၂၀၀၆ တွင် ပြန်စစ်ပြီး။
  3. "Aung Sun Suu Kyi registers for Burma election run"၊ ဘီဘီစီ၊ ၁၈ ဇန်နဝါရီ ၂၀၁၂။ ၂၀ ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး 
  4. "Burma poll: Aung San Suu Kyi's NLD sweeps by-elections"၊ BBC News၊ ၂ ဧပြီ ၂၀၁၂။ ၂ ဧပြီ ၂၀၁၂ တွင် ပြန်စစ်ပြီး