သီရိပျံချီ ပါမောက္ခ ဘသန်း FRCS FACS FICS ( ၉ မေ ၁၈၉၅ – ၄ နိုဝင်ဘာ ၁၉၇၁) သည် မြန်မာဆေးဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ ပညာပေးဆရာ နှင့် အုပ်ချုပ်သူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော မှုခင်းခွဲစိတ်ဆရာဝန်ကြီး ဦးဘသန်းသည် ရန်ကုန်ဆေးရုံကြီး နှင့် ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) စစ်အတွင်း ဆေးနှင့် သူနာပြုကျောင်းများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဦးဘသန်းသည် မကွယ်လွန်မီ နှစ်လအလို အထိ ရန်ကုန် နှင့် မန္တလေးရှိ ပင်မ ဆေးတက္ကသိုလ်များ၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။


ဘသန်း

ပထမ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ပါမောက္ခချုပ်
တာဝန်သက်တမ်း
၁ အောက်တိုဘာ ၁၉၆၄ – ၃၀ ဩဂုတ် ၁၉၇၁
ယခင်လူရာထူးစတင်
ဆက်ခံသူဒေါက်တာ ဦးဖေကျင်
1st မန္တလေးတက္ကသိုလ်၊ ဆေးပညာဌာနမှူး
တာဝန်သက်တမ်း
၁၉၆၀ – ၁၉၆၃
ယခင်လူရာထူးစတင်
ဆက်ခံသူဖေသိန်း
3rd, 5th and 7th ရန်ကုန်တက္ကသိုလ်၊ ဆေးပညာဌာနမှူး
တာဝန်သက်တမ်း
၁၉၅၅ – ၁၉၅၇
ယခင်လူဒေါက်တာမင်းစိန်
ဆက်ခံသူဒေါက်တာမင်းစိန်
တာဝန်သက်တမ်း
၁၉၅၁ – ၁၉၅၃
ယခင်လူဒေါက်တာမင်းစိန်
ဆက်ခံသူဒေါက်တာမင်းစိန်
တာဝန်သက်တမ်း
၁၉၄၈ – ၁၉၄၉
ယခင်လူဒေါက်တာမင်းစိန်
ဆက်ခံသူဒေါက်တာမင်းစိန်
ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်
တာဝန်သက်တမ်း
၁၉၄၂ – ၁၉၄၅
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားc. ၉ မေ ၁၈၉၅
ပြွန်တန်ဆာမြို့
ပဲခူးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်၄ နိုဝင်ဘာ ၁၉၇၁
ရန်ကုန်မြို့
ကြင်ဖော်(များ)ဒေါ်ခင်ကြည်
သားသမီးခင်မေသန်း
ကျော်သန်း
ခင်မေအေး
ပညာရေးကာလကတ္တားတက္ကသိုလ် (MB)
Royal College of Surgeons of Edinburgh (FRCS)

ဗိုလ်ချုပ်အောင်ဆန်း နှင့် ကားဗုံးပေါက်ကွဲ၍ လုပ်ကြံခံရသော ဦးတင်ထွဋ် အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများ၏ အလောင်းကို ခွဲစိတ်စစ်ဆေးခြင်းကြောင့်လည်း လူသိများသည်။ ၎င်း၏သမီးဖြစ်သူ ဒေါ်ခင်မေသန်းသည် ဗိုလ်ချုပ်နေဝင်း ၏ တတိယဇနီးအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ မြန်မာနိုင်ငံ၏ သမ္မတကတော် ဖြစ်ခဲ့သည်။

ငယ်စဉ်ဘဝနှင့် အသက်မွေးဝမ်းကျောင်း

ပြင်ဆင်ရန်
 
ဦးဘသန်း အထက်တန်းကျောင်းပညာ ပြီးဆုံးခဲ့သော စိန့်ပေါလ် အထက်တန်းကျောင်း

ဦးဘသန်းကို ၁၈၉၅ ခုနှစ် မေလတွင် ဦးကင်းနှင့် ဒေါ်ဆွေတို့က ပြွန်တန်ဆာမြို့ငယ်လေးတွင် မွေးဖွားခဲ့ပြီး[၁] ရန်ကုန် စိန့်ပေါလ် အင်္ဂလိပ် အထက်တန်းကျောင်း မှ ဘွဲ့ရရှိ၍ [၁] [၂] စာရိတ္တကောင်းမွန်ပြီး ၁၉၁၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၁၉၂၂ တွင် ကလက္ကတ္တား ဆေးတက္ကသိုလ်တွင် ဆေးပညာ ဆက်လက်သင်ယူခဲ့သည်။ [၁] (မြန်မာနိုင်ငံ၏ ပထမဆုံး MBBS အစီအစဉ်ကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့သည်။ [၃] ) သူသည် 1922 ခုနှစ်တွင် ကျန်းမာရေးဌာနတွင် မြို့ပြလက်ထောက်ခွဲစိတ်ဆရာဝန် (CAS) အဖြစ် စတင်ခဲ့ပြီး 1932 ခုနှစ်တွင် Edinburgh တော်ဝင်ကောလိပ် ခွဲစိတ်ဆရာဝန် များထံမှ FRCS လက်မှတ်ကို ရရှိခဲ့သည်။ [ [note ၁] [၁] [၄]

ဦးဘသန်းသည် ကိုလိုနီခေတ် ရန်ကုန်တွင် ရှိသော နိုင်ငံခြား သမားတော်များနှင့် အထူးကု ဆရာဝန်ကြီးများ ဖွဲ့ထားသည့် ကိုလိုနီခေတ် သေးငယ်သော ဆေးအသိုက်အဝန်းတွင် ပါဝင်ခဲ့သည်။ [note ၂] အလုပ်ကျင့်ဝတ်ကြောင့် လူသိများသော သူ၏ဆောင်ပုဒ်မှာ “ဇွဲ” ဖြစ်သည်။ [၅] ၁၉၃၀ ခုနှစ်များနှောင်းပိုင်းတွင် ခွဲစိတ်ဆရာဝန်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ခွဲစိတ်ဌာန)၏ ဒုတိယအကြီးအကဲ ဖြစ်လာခဲ့သည်။ ပထမဆုံး မြန်မာမှုခင်း ဆရာဝန် လဲဖြစ်ပြီး [၆] ၁၉၃၈တွင် ကိုလိုနီအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရဲတွေရဲ့ သတ်ဖြတ်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ရဲ့ အလောင်းကို ခွဲစိတ်ပြီးနောက် ထင်ရှားလူသိများလာပါသည်။ [၇]

၁၉၃၇ ခုနှစ်တွင် ဘသန်းသည် ရန်ကုန်ဆေးကောလိပ် တွင် မှုခင်းဆေးပညာ ကထိကအဖြစ် စတင်သင်ကြားခဲ့သည်။ [၁] [၅] သူက မြန်မာဆေးကျောင်းသားတွေအတွက် အတုယူစရာပါ။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ RMC တွင် ပညာသင်ကြားခဲ့သော ဦးမြင့်ဆွေ ၏ အဆိုအရ ဦးဘသန်းနှင့် ဦးဟင်နရီ [note ၃] တို့မှာ ထိုအချိန်က သူသိခဲ့သော ဌာနေမြန်မာ ခွဲစိတ်ဆရာဝန် နှစ်ဦးသာ ဖြစ်သည်ဟု ဆိုသည်။ [၅] (ထိုအချိန်က FRCS ခွဲစိတ်ဆရာဝန် အနည်းဆုံး မြန်မာကျောင်းသားတစ်ဦး ရှိသည်ကို မြင့်ဆွေ မမှတ်မိပါ။ သူမသည် ဒေါက်တာ ရင်မေ ဖြစ်ပြီး 1929 ခုနှစ်တွင် RCS Edinburgh မှ မီးယပ်ပညာ (FRCS [၈] ကို ဘသန်း မတိုင်မီ သုံးနှစ်ခန့် ရရှိခဲ့သည်။ နောက်ထပ် FRCS ခွဲစိတ်ဆရာဝန်မှာ ၁၉၃၇ ခုနှစ်တွင် ကိုလိုနီခေတ်ပါလီမန်တွင် ပထမဆုံး အမျိုးသမီးဥပဒေပြုသူဖြစ်လာသော ဒေါက်တာ စောဆ [၉] ဖြစ်သည်။ )

ဂျပန်ခေတ် (၁၉၄၂-၁၉၄၅)၊

ပြင်ဆင်ရန်
 
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ဂျပန်ဘုရင့်တပ်မတော် (၁၉၄၂-၁၉၄၅) မှ လွှဲပြောင်းယူခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂-၁၉၄၅) ဂျပန်ခေတ်မြန်မာပြည် (၁၉၄၂-၁၉၄၅) အတွင်း ဂျပန်မဟုတ်သော လူနာများအား ကုသပေးရန် ရန်ကုန်တွင် ပင်မဆေးရုံကို တည်ထောင်ခဲ့ခြင်းအတွက်လည်း လူသိများခဲ့ပါသည်။ အဆိုပါဆေးရုံတွင် ဗမာ့လွတ်လပ်ရေး /ကာကွယ်ရေးတပ်မတော် (BIA/BDA) နှင့် အိန္ဒိယအမျိုးသားတပ်မတော် (INA) မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များအပြင် ပြည်သူများအား ကုသပေးပါသည်။ ထို့ပြင် စစ်အတွင်း ဆေးနှင့် သူနာပြုကျောင်းများကိုလည်း တည်ထောင်ခဲ့သည်။

စစ်အတွင်းဆေးရုံ

ပြင်ဆင်ရန်

စစ်အတွင်းက ဆေးရုံကို အချိန်မရွေး လာကုပေးတတ်ပြီး ထိုအချိန် ကုသပေးနေသော ဆရာဝန် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး၊ ဗြိတိသျှအစိုးရနှင့်အတူ တိုင်းပြည်မှ မစွန့်ခွာခဲ့သော အထူးကုဆရာဝန် တဦးလည်း ဖြစ်သည်။ [၁၀] ထို့အပြင် ဂျပန်ဘုရင့်တပ်မတော်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ဂျပန်တို့ အတွက်သာ သိမ်းဆည်းလိုက်သဖြင့် (၁၉၄၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မဟာမိတ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သိမ်းပိုက်ပြီး မကြာမီတွင် ပင်မဆေးရုံကို ဆုံးရှုံးခဲ့ရသည်) ဝင်လာသော ဂျပန်အုပ်ချုပ်ရေးမှ ဒေါက်တာ တီဆူဇူကီး [note ၄] ကို BIA အတွက် ဆေးရုံအသစ်ရှာရန် ဦးဘသန်းအား တာဝန် ပေးခိုင်းခဲ့သည်။ [၁၀] ဘသန်းက သဘောတူပြီး မတ်လနှောင်းပိုင်းတွင် အခြားသမားတော်တဦးနှင့် လက်ထောက်တဦးတို့နှင့် အတူ ရန်ကုန်ရှိ အင်္ဂလီကန် ဒိုင်အိုစီဆန်ကျောင်း အဆောက်အအုံတွင် ပြင်ပလူနာ ဆေးခန်းတစ်ခုနှင့် ကုတင် အနည်းငယ်ပါသည့် ဆေးရုံကို ဖွင့်လှစ်ခဲ့သည်။ [၁၁]

ထိုအချိန်တွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး ဝန်ထမ်းနည်းပါးခြင်းက အဆိုးဆုံး ဖြစ်နေသည်။ ကျွမ်းကျင် ဝန်ထမ်းအများစု မရှိတော့သဖြင့် နောက်ဆုံးနှစ် ဆေးကျောင်းသားနှင့် သူနာပြုသင်တန်းသားများ နှင့် အစားထိုးခဲ့ရသည်။ [၁၁] သူသည် နိုင်ငံတွင်းရှိ ကျန်ရှိနေသော ဆရာဝန်နှင့် သူနာပြုအများစုကို တာဝန်ပြန်ထမ်းဆောင်နိုင်ရန် စည်းရုံးနိုင်ခဲ့သည်။ အတွေ့အကြုံ ရင့်ကျက်သော အထူးကု ဆရာဝန် သုံးဦး— Dr. S. Sen (Internal Medicine)၊ ဒေါက်တာ ရင်မေ (သားဖွားဌာနမှူး) နှင့် ဒေါက်တာချန်တိတ် (မျက်စိရောဂါဗေဒဌာနမှူး) တို့ ပါဝင်ခဲ့ကြသည်။ [၁၁] ဒေါက်တာရင်မေ တို့လို ဒေါက်တာဆန် နဲ့ အကြီးတန်းသူနာပြု ဒေါ်ခင်ကြည် တို့ကို ရန်ကုန်ကို ပြန်လာအောင် လုပ်ပေးနိုင်ခဲ့သည်။ [note ၅] ၁၉၄၂ ခုနှစ် ဧပြီလတွင် ဆေးရုံတွင် လာနေသူ မြင့်ဆွေပြန်ပြောင်းပြောချက်အရ ဆေးရုံကို လာကြည့်သော ဘသန်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက - လက်တဆုပ်စာ လူတစုက ဘာအလုပ်မှ မဖြစ်ဘူး ဟု ပြောခဲ့သည်ကို ဘသန်းက “ဒီလူတစုကပဲ ကောင်းကောင်း လုပ်ပြခဲ့တာဗျ” ဟု အင်္ဂလိပ်လို တုံ့ပြန်ခဲ့သည်။ [၁၂]

"It's the determined few that command the crowd."

Ba Than in response to the remark "A handful of fellows can't do anything".[၁၂]

ဘသန်းက ထိုလူ့ သံသယတွေကို မှားကြောင်း သက်သေပြဖို့ ဆုံးဖြတ်ခဲ့တယ်။ သူသည် ဆေးရုံတွင် မမောမပန်း အလုပ်လုပ်ပြီး ရံဖန်ရံခါ ဆေးရုံတွင် အိပ်လေ့ရှိသည်။ ဆေးရုံ အစောပိုင်းကာလတွေမှာ သူဟာ ခွဲစိတ်မှုတင်မကဘဲ ကိစ္စအားလုံးကို ကိုင်တွယ်ခဲ့ပါတယ်။ [၁၃] နောက်ခြောက်လအတွင်း သူသည် လုပ်ငန်းလည်ပတ်နေသော ဆေးရုံတစ်ရုံ ဖြစ်စေရန် ဝန်ထမ်း၊ စက်ကိရိယာများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ပေါင်းစပ်ခဲ့သည်။ သူ၏ ခေါင်းဆောင်မှုအောက်တွင်၊ ဆေးရုံသည် BIA/BDA နှင့် INA များသာမက သာမန်စစ်မှုထမ်းများနှင့် သာမန်ပြည်သူများအတွက်ပါ ဂျပန်မဟုတ်သော လူနာများ အတွက် အဓိက အားထားရသည့် နေရာ ဖြစ်လာခဲ့သည်။ BIA ဆေးရုံအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟု အမည်ပြောင်းလဲကာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ပါသည်။ [၁၄]

ဘသန်းအတွက် အဆက်မပြတ် ခေါင်းခဲစရာတစ်ခုမှာ ဂျပန်၏ ထောက်လှမ်းမှုနှင့် ဝင်ရောက် စွက်ဖက်ခြင်းပင်ဖြစ်သည်။ တချို့ ဂျပန်အေးဂျင့်များက နှစ်ရှည်လူနာအဖြစ်ပင် အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။ [၁၅] သို့သော်လည်း ပိုကြီးသော ပြဿနာမှာ အနီးရှိ စစ်တန်းလျားမှ ဂျပန်တပ်သားများက လူနာများနှင့် ဝန်ထမ်းများ အထူးသဖြင့် သူနာပြုများကို နှိပ်စက်ခြင်း ဖြစ်သည်။ ဘသန်းကိုယ်တိုင်လည်း စစ်သားများက ပြင်းထန်စွာ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ [note ၆] 1943 ခုနှစ်တွင် ဂျပန်တို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ သေမင်းတမန် မီးရထား တွင် အလုပ်လုပ်ရန် ဆေးရုံမှ ဆရာဝန်များကို စတင်စေလွှတ်ခဲ့ပြီး လူအများစုမှာ သေဒဏ်ချမှတ်ခံရသလို သေဆုံးခဲ့ရသည်။ [၁၆] မြင့်ဆွေ၏ အဆိုအရ လူတိုင်းသည် အစော်ကားခံရသော်လည်း အားကိုးရာမရှိသဖြင့် မည်သို့မှ ပြန်မလုပ်နိုင်ခဲ့ပေ။ [၁၇]

ဘသန်းက အလုပ်အရမ်းများနေတဲ့ ဝန်ထမ်းတွေကို အားပေးခဲ့ပြီးစိတ်ဓာတ်တက်ကြွရန် ဂီတဖျော်ဖြေပွဲများ လုပ်ပေးခဲ့သည်။ ဦးဘသန်းသည် စန္ဒယားဝါသနာပါသူ နှင့် ပတ္တလား ပညာရှင်ဖြစ်ပြီး လူနာများအတွက် သူ၏ဝန်ထမ်းများမှ တေးဂီတနှင့် အော်ပရာ ဖျော်ဖြေပွဲငယ်များကို စီစဉ်ကျင်းပရန် အချိန်ပေးခဲ့သည်။ ၎င်း၏ ကလေးနှစ်ဦးဖြစ်သည့် ခင်မေသန်း နှင့် ကျော်သန်း တို့ကိုလည်း ထိုပွဲများတွင် ဖျော်ဖြေစေခဲ့သည်။ [၁၈]

 
ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ မင်္ဂလာပွဲအား ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်အတွင်း ဆေးရုံ၌ ကျင်းပခဲ့သည်။ ဓာတ်ပုံကို ဆေးရုံရဲ့ အရှေ့ဘက်ဆုံး ခန်းမတွင် ရိုက်ထားသည်။ [၁၉]

ဗိုလ်ချုပ်အောင်ဆန်းနေဝင်းဗိုလ်လက်ယာ ၊ ဗိုလ်ဆည် ၊ သခင်သန်းထွန်း ၊ သခင်မြ ၊ သခင်ဖိုးလှကြီး ချို ကျော်ငြိမ်း ဆူဘတ်ချန္ဒရာဘို့(စ်) ၊ JR Bhonsle တို့လို သမိုင်းအရ အရေးပါတဲ့ သူတွေကို ကုသ ပေးခဲ့တဲ့ ဆေးရုံလည်း ဖြစ် ပါတယ် ။ [၂၀] ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ စတွေခဲ့ရာ နေရာလည်းဖြစ်သည်။ ဘသန်းက ဆေးရုံမှာ မင်္ဂလာဧည့်ခံပွဲကို စီစဉ်ပေးပြီး သီချင်းဆို စန္ဒယား တီးကာ ချီးမြှင့်ပေးခဲ့သည်။ [note ၇]

ဦးဘသန်းသည် ၁၉၄၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆေးနှင့် သူနာပြုကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများသည် အခြေခံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသာရှိသော မြန်မာစစ်တပ် အပါအဝင် နိုင်ငံတဝှမ်း ဆေးဝန်ထမ်းများ ပြတ်လပ်မှုကို ဖြေရှင်းရန် ဖြစ်သည်။ ဆေးရုံသည် ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် သမားတော်များနှင့် သူနာပြုများကို ပိုခန့်လာနိုင်သော်လည်း တဖက်မှာ လူနာများ မှာလည်း ပိုမိုများပြား လာခဲ့သည်။ [၂၁] ဘသန်း သည် ဂျပန်ဖက်မှ အထူးကု/ ပါမောက္ခ အနည်းငယ် ( Dr. Asahi၊ Suji၊ Horibe နှင့် Shikuma) ပါ ဆေးရုံတွင် ခန့်ထားနိုင်ခဲ့သည်။ [၂၂] ထိုအချိန်၌ပင်၊ စစ်အတွင်းကျောင်းသည် MBBS ပရိုဂရမ်မဟုတ်ဘဲ နှစ်နှစ်ခွဲ LSMP (လိုင်စင်ရ ခွဲစိတ်ကုသမှုနှင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်သူ) ပရိုဂရမ်တစ်ခုသာ ကမ်းလှမ်းနိုင်သည်။ [၂၁] (ကျောင်းစဖွင့်သည့် ၁၉၄၄ ခုနှစ် ဇွန်လ တတန်းလုံးကို ဗမာ့တပ်မတော်မှ ခေါ်ခန့်ခဲ့သည်။ နောက်အတန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလတွင် ဘွဲ့ရခဲ့သည်။ [၂၃] ) သူနာပြုကျောင်း၏ အတန်းများကို ညနေပိုင်းတွင် ဆေးရုံ၌ပင် သင်ကြားခဲ့ပြီး အစပိုင်းတွင် အကြီးတန်း သူနာပြု နှစ်ဦး (မီမီကြီးနှင့် ဒေါ်တင်နု) တို့က သင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ပရိုဂရမ် ဘွဲ့ရများက သင်ကြားပေးခဲ့သည်။ ထိုပရိုဂရမ် ကို ဘသန်း၊ ဆန်နှင့် ရင်မေတို့က ကြီးကြပ်ပြီးစာမေးပွဲ စစ်ပေးသည်။ [၂၄]

ဒုတိယကမ္ဘာစစ်လွန်ကာလ

ပြင်ဆင်ရန်
 
၁၉၄၇ ခုနှစ် လန်ဒန်တွင်တွေ့ရသော ဦးတင်ထွဋ်

၁၉၄၅ ခုနှစ် မေလတွင် မဟာမိတ်တပ်များ ရန်ကုန်သို့ ပြန်လာပြီးနောက် ဘသန်းကို အဘယ့်ကြောင့် ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို ဗြိတိသျှတို့က အကြိမ်ကြိမ် မေးခဲ့ကြသည်။ နောက်ဆုံးတွင် ဗြိတိသျှတို့က ဘသန်းအား ဆေးရုံတွင် ဆိုးရွားသော အခြေအနေများအတွက်သာ ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် သူတို့လည်း ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် ဆေးရုံကို ပိတ်ပစ်ခဲ့ရသည်။ [၂၅] ဗြိတိသျှတို့က RMC ကို ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာနအဖြစ် ပြန်လည်စတင်ခဲ့ပြီး ဒေါက်တာဒဗလျူဘာရစ်ခ်ျကို ၎င်း၏ပထမဌာနမှူးအဖြစ် ခန့်အပ်ကာ နောက်ပိုင်း ၁၉၄၇ တွင် ဒုတိယဗိုလ်မှူးကြီး၊ ဒေါက်တာ မင်းစိန် (ဒေါက်တာရင်မေ၏ခင်ပွန်း [၂၆] ) ကို ခန့်အပ်ခဲ့သည်။ (၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ ထွက်ခွာသွားချိန်အထိ ဦးဘသန်းသည် ဌာနမှူးဖြစ်မည်မဟုတ်ပေ။ )

မည်သို့ပင်ဆိုစေကာမူ ဘသန်းသည် ထိုအချိန်က တိုင်းပြည်၏ ထိပ်တန်းခွဲစိတ်ဆရာဝန်ဖြစ်သည်။ [၂၇] နာမည်ကျော် နိုင်ငံရေးသမားများ (အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူများ) ၏ အလောင်းကို စစ်ဆေးခြင်းအတွက် သူ့ကို အမှတ်ရနေပါသည်။ ဗိုလ်ချုပ်၏ အလောင်းကို ခွဲစိပ်စစ်ဆေးရန် ဦးဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အစိုးရအဖွဲ့ဝင် အရာရှိများကို လုပ်ကြံသူများ၏ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။ [၂၈] လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ကိုးဦးကို အာဇာနည်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် လွတ်လပ်ရေးရခါစ တိုင်းပြည်၏ ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဦး တင် ထွဋ်၏ အလောင်းကို စစ်ဆေးသည်။ ဦးတင်ထွဋ်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရမှုမှ လွတ်မြောက်ခဲ့သော်လည်း ဒုတိယအကြိမ် ကြိုးပမ်းမှုမှ မလွတ်မြောက်ခဲ့ပေ။ [၆] (၁၉၄၃ ခုနှစ်တွင် ဖိုးလှကြီး၏ အလောင်းကိုလည်း ဘသန်းစစ်ဆေးခဲ့သေးသည်။ [၂၉] )

 
လမ်းမတော် ကျောင်းဝင်း၊ ဆေးတက္ကသိုလ် ၁၊ ရန်ကုန်

လွတ်လပ်ရေးရပြီးနောက် ဘသန်းသည် တိုင်းပြည်တွင် ဆေးပညာ တိုးချဲ့ရေးကို အာရုံစိုက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စ၍ သူနှင့် မင်းစိန်တို့ နောက် ၁၁ နှစ်ကြာ ဆေးကျောင်းတွင် ဌာနမှူးအဖြစ် အလှည့်ကျ တာဝန်ယူခဲ့သည်။ ဦးဘသန်းသည် ၁၉၄၈-၁၉၄၉၊ ၁၉၅၁-၁၉၅၃၊ ၁၉၅၅-၁၉၅၇ တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မင်းစိန်သည် နောက်ထပ်သုံးကြိမ်- ၁၉၄၉-၁၉၅၁၊ ၁၉၅၃-၁၉၅၅၊ နှင့် ၁၉၅၇-၁၉၅၉ (လွတ်လပ်ရေးမရမီ ၁၉၄၇-၁၉၄၈ ခုနှစ်တို့အပြင်၊ [၂၆] ဦးဘသန်းသည် ၁၉၄၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ခွဲစိတ်ဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အတွင်းက ဆေးရုံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကြည်ပေါ က ဆက်ခံခဲ့ပါတယ်။ [၃၀] ဦးဘသန်းသည် မန္တလေး ဆေးကျောင်းတွင် ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ မန္တလေး ဆေးပညာ ပထမဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [note ၈]

ရန်ကုန်တွင် အလုပ်ထွက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သော ဦးဘသန်း သည် ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်လာသော ရန်ကုန်ဆေးတက္ကသိုလ် ၁ ၏ ပထမဆုံးပါမောက္ခချုပ် ဖြစ်လာခဲ့သည်။ ၎င်း၏ ကျောင်းသားဟောင်းများ အဆိုအရ ပါမောက္ခသည် ဇွဲ ၏ အရေးပါမှုကို ၎င်း၏ ကျောင်းသားများအား ဟောပြောခြင်း ဖြစ်ပြီး၊ [note ၉] နှင့် ကျောင်းတွင် ဂီတအဖွဲ့များ စီစဉ်ခြင်းနှင့် ဇွဲ အကြောင်းကို ကျောင်းပွဲများတွင် သီချင်းပင် သီဆိုခဲ့သည်။ [၆] အားလပ်ချိန်များတွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် အတိုင်ပင်ခံ ခွဲစိတ်ဆရာဝန်အဖြစ် အသက် 70 နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ [၆] ပါမောက္ခချုပ်သည် ၁၉၇၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် အငြိမ်းစားယူခဲ့ပြီး ကိုးပတ်အကြာ ၁၉၇၁ [၁] နိုဝင်ဘာလ [၃] ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ထိုသို့ထမ်းဆောင်မှုများကြောင့် သီရိပျံချီ ဘွဲ့ကို အစိုးရက ချီးမြှင့်ခဲ့သည်။ [note ၁၀] သူ၏ တွန်းအားကြောင့် လူသိများသော်လည်း ဘသန်းမှာ အခြားစိတ်ဝင်စားမှုများ ရှိသည်။ သူသည် ဂီတကို နှစ်သက်ပြီး အားလပ်ချိန်များတွင် စန္ဒယားနှင့် ပတ္တလား တီးခြင်းကို နှစ်သက်သည်။ [note ၁၁] သမိုင်းပညာရှင် ရောဘတ်တေလာ၏ အဆိုအရ ဘသန်းသည် မြင်းပြိုင်ပွဲ နှင့် အားကစားကို နှစ်သက် သဘောကျသူ တယောက်ဖြစ်သည်။ [၂၇] ဒေါ်ခင်ကြည် (ဗိုလ်ချုပ်၏ဇနီးမဟုတ်)နှင့် လက်ထပ်ခဲ့ပြီး[၁] ကလေး ၃ ယောက်ရှိသည်။

  • ခင်မေသန်း (Katherine "Katie" or "Kitty") (16 August 1927 – 30 September 1972)၊ ဦးနေဝင်း (၁၉၅၁-၁၉၇၂) ၏ဇနီး နှင့် သမ္မတကတော် (၁၉၆၂-၁၉၇၂)။ 1972 ခုနှစ်တွင် လန်ဒန်၌ ဦးနှောက်သွေးယိုရောဂါဖြင့် ကွယ်လွန်ခဲ့သည် [၃၁]
  • ကျော်သန်း (George "Georgie"): US လေ့ကျင့်သင်ကြားထားသော ဆီးလမ်းကြောင်းအထူးကု။ သူနှင့်သူ၏အမေရိကန်ဇနီး Nancy တို့သည် 1965 ခုနှစ်တွင် US သို့ထွက်ခွာခဲ့သည်။ [၃၂] [၃၃]
  • ခင်မေအေး- ဦးအောင်သန်း၏ ဇနီး၊ ပါမောက္ခချုပ် ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (၁၉၆၄-၁၉၈၂)။ [၃၄]

မှတ်စုများ

ပြင်ဆင်ရန်
  1. (Khin Thet-Hta et al 2005: 84) says Ba Than received his MB and became a CAS in 1922. But (Civil List 1942: 56) says he became a civil surgeon in the Indian Medical Department on 23 July 1921.
    The seeming discrepancy may perhaps be due to one of the following: (1) Ba Than joined the service as a resident before he got his degree; or (2) (Khin Thet Hta)'s 1922 date is incorrect. However, given that Ba Than was only a first year student at Rangoon College in 1914 per (Thane Oke Kyaw Myint 2020), he most probably went to Calcutta only in 1916 and received his MB in 1922. He apparently joined the service as a resident in 1921.
  2. (Myint Swe 2014: xi–xii): About half of the physicians and most of the specialists at Rangoon General Hospital were foreign born. To see a specialist, everyone in the country needed to go to RGH. The "small medical system was run mainly by foreigners and the tiny elite for foreigners and the tiny elite."
    (Myint Swe 2014: 134–135): It was exceedingly difficult to get into medical school even in the late colonial period. The class size was disproportionately small for the size of country's population (13.2 million in 1921 and 16.8 million in 1941 (per Saito and Lee 1999: 1)). Between 1922 and 1941, a grand total of 543 students graduated from Rangoon Medical College (RMC), or 27 new graduates on average each year. Of the grand total, the number of indigenous Burmese graduates was only 228 (42%), or less than a dozen per year.
  3. (India and Burma Office List 1945: 242): Lt. Col. Henry Aung Khin (born 8 December 1887; MB, FRCS) was first commissioned as an IMS medical officer on 1 November 1920, started at Rangoon General Hospital in October 1924, and retired in December 1942.
    (Crawford 2012: 572): Aung Khin received his M.B. Ch. B. in 1911; joined the IMS as a Temporary Lt. in 1915; became a permanent Lt. in 1920; promoted to Major in 1926; became an FRCS in 1926. (Burma Civil List 1942: 55): Aung Khin was promoted to Lt. Col. in 1934.
    (Myint Swe 2014: 5): Lt. Col. H. Aung Khin was a lecturer in surgery at Rangoon Medical College in the 1930s.
  4. Dr. T. Suzuki was not Maj. Gen. Keiji Suzuki, who recruited the Thirty Comrades. Per (Myint Swe 2014: 20), Dr. T. Suzuki was a Japanese national who operated a private medical clinic ("Suzuki Maternity Clinic") in Rangoon before WWII started. When the Japanese Army came, Suzuki became the Chief Administrator of the BIA Hospital with the rank of "major general" (presumably a military physician rank) for a brief period. Suzuki went on to open a new clinic called Dojingai in the Kandawgalay section of Rangoon.
  5. (Maung Wa 2009: 121–122, 213–215): Yin May and her family fled to Upper Burma but she somehow got separated from her family. (Myint Swe 2014: 98): Yin May returned to Rangoon. (Myint Swe 2014: 63): Dr. S. Sen (MB Calcutta, FRCP Glasgow, MRCP London, FCCP US, DTM&H London) was in Mogok but came to join his former RGH colleague Ba Than's outfit. According to Myint Swe, Sen was rumored to have had a hand in the escape of Ba Maw from prison in Mogok. This suggests that Sen may have been collaborating with Ba Maw and Ba Maw's allies, the INA.
    (Wintle 2013: 111–112): Khin Kyi was already in Calcutta in February 1942, and took what turned out to be the last boat back to Rangoon.
  6. (Myint Swe 2014: 138–139): One day, two Japanese servicemen (not officers) barged in and brought Ba Than out of the classroom in which he was teaching, sat him down in a chair, and interrogated him as to why the barracks were not receiving enough water. According to Myint Swe, the Burmese students and staff were all humiliated but felt totally powerless to do anything.
  7. (Myint Swe 2014: 55): Ba Than played the piano and sang the inaugural wedding song called "Thet Wai" (သက်ဝေ), a prewar hit by Pyi Hla Pe and May Shin.
  8. (Khin Thet-Hta et al 2005: 12): The Faculty of Medicine of Mandalay University was founded in 1958 but its first official rector, Ba Than, started only in 1960.
  9. (Myint Swe 2014: 258): Ba Than liked to give his favorite advice by deliberately spelling out the Burmese word ဇွဲ (zwe) as "za-gwe wa-swe nauppyit, zwe", (p-e-r-s-e-v-e-r-a-n-c-e!)."
  10. (Burma Research Society 1967: 63): He was already a Thiri Pyanchi in 1967.
  11. (Myint Swe 2014: 232): According to Myint Swe, during the Japanese era, Ba Than used to sing the song "Shwe Zabe-Yon" (ရွှေစံပယ်ရုံ) in his free time. (Myint Swe 2014: 66): He also performed the "Asia Youth" song at the wartime hospital in his formal traditional Burmese attire.
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ Khin Thet-Hta et al 2005: 84
  2. Kyaw Myint 2020
  3. ၃.၀ ၃.၁ History of University of Medicine 1, Yangon၊ 13 July 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး29 June 2022 တွင် ပြန်စစ်ပြီး
  4. Myint Swe 2014: 5, 82
  5. ၅.၀ ၅.၁ ၅.၂ Myint Swe 2014: 5–6
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ Kyaw Myint 2006
  7. Secretariat 1939: 14
  8. Who 1961: 103
  9. Kolås 2019
  10. ၁၀.၀ ၁၀.၁ Myint Swe 2014: xii
  11. ၁၁.၀ ၁၁.၁ ၁၁.၂ Myint Swe 2014: xiii
  12. ၁၂.၀ ၁၂.၁ Myint Swe 2014: 133
  13. Myint Swe 2014: 7
  14. Myint Swe 2014: 97
  15. Myint Swe 2014: 162–163
  16. Myint Swe 2014: 177
  17. Myint Swe 2014: 138–139
  18. Myint Swe 2014: 66–67
  19. Myint Swe 2014: 94
  20. Myint Swe 2014: xxi–xxii
  21. ၂၁.၀ ၂၁.၁ Myint Swe 2014: 104
  22. Myint Swe 2014: 135
  23. Myint Swe 2014: 192
  24. Myint Swe 2014: 105–106
  25. Myint Swe 2014: 230–231
  26. ၂၆.၀ ၂၆.၁ Khin Thet-Hta et al 2005: 11
  27. ၂၇.၀ ၂၇.၁ Taylor 2015: 165
  28. Maung Maung 2012: 44
  29. Myint Swe 2014: 137–138
  30. UM1 Surgery 2020
  31. Forward 1972: 112
  32. Kyaw Win 2016: 66
  33. Taylor 2015: 312
  34. Khin Thet-Hta et al 2005: 55

ကျမ်းကိုးစာရင်း

ပြင်ဆင်ရန်