ဘိဝရေကန်တူးမြောင်း (琵琶湖疏水 or 琵琶湖疎水, Biwako Sosui) သည် ဂျပန်နိုင်ငံကျိုတိုမြို့အနီးရှိ ဘိဝရေကန်နှင့် ချိတ်ဆက်ထားသည့် ဂျပန်နိုင်ငံ၏ သမိုင်းဝင်ရေတူးမြောင်းတစ်ခု ဖြစ်သည်။ မဲဂျိခေတ်တွင် တူးမြောင်းကို တူးဖော်ခဲ့သည်။ သောက်ရေအတွက် ကန်ရေကို တူးမြောင်းမှသွယ်ယူခြင်း၊ ဆည်မြောင်းသွယ်ခြင်းနှင့် စက်မှုဆိုင်ရာရည်ရွယ်ချက်များအတွက် ဤတူးမြောင်းကို တူးဖော်ခဲ့သည်။ ထို့အပြင် ကုန်စည်နှင့် ခရီးသည်များ ပို့ဆောင်ရေးအတွက်လည်း အသုံးပြုခဲ့ကြသည်။ ၁၈၉၅ ခုနှစ်မှ စတင်ကာ ဤတူးမြောင်းသည် ဂျပန်နိုင်ငံ၏ ပထမဆုံးသော ရေအားလျှပ်စစ်ကို ထောင်ပံ့ပေးခဲ့သည်။ ထိုမှရရှိသည့် လျှပ်စစ်ဖြင့် စက်မှုလုပ်ငန်းများ၊ လမ်းမီးများနှင့် ကျိုတိုမြို့၏ ဓာတ်ရထားစနစ်များအတွက် အသုံးပြုခဲ့သည်။[] ၁၉၉၆ ခုနှစ်တွင် တူးမြောင်းကို နိုင်ငံ၏ သမိုင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[]

ဘိဝရေကန်တူးမြောင်း

ဤတူးမြောင်းကို ကုန်စည်ပို့ဆောင်ရရေးအတွက် အသုံးမပြုသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သောက်ရေထောက်ပံ့ပေးရန်နှင့် ၄.၅ မီဂါဝပ်Phase III Keage စွမ်းအားဌာနမှ ရေးအားလျှပ်စစ်ထုတ်လုပ်ကာ ကျိုတိုမြို့သို့ဖြန့်ဖြူးပေးရာတွင် အသုံးပြုလျက်ရှိသည်။ တူးမြောင်းတလျှောက်တွင် တည်ရှိသည့် အဆောက်အဦများတွင် နန်းဇန်းဂျိတဲဆွတ်ဂခုနော့မိချိ (哲学の道, Tetsugaku-no-michi) တို့သည် ခရီးသွားများအကြားတွင် ထင်ရှားသည့် နေရာများ ဖြစ်ကြသည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

မဲဂျိခေတ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက်တွင် မြို့တော်ကို တိုကျိုသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့အတွက်ကြောင့် ကျိုတိုမြို့သည် လူဦးရေနှင့် စီးပွားရေးတွင် ကျဆင်းလာခဲ့သည်။ ထိုပြဿနာကို ရင်ဆိုင်ရန် ကျိုတိုစီရင်စု၏ တတိယအစိုးရအကြီးအကဲဖြစ်သူ Kitagaki Kunimichi (北垣国道) သည် ဘိဝရေကန်မှ ရေများကို တူးမြောင်းတူကာသွယ်ယူရန် လုပ်ဆောင်ခဲ့သည်။

ဘိဝရေကန်မှ ကျိုတိုမြို့သို့ ရေမြောင်းတူးဖော်ရန် အစီအစဉ်ကို ၁၇ ရာစုကတည်းက စဉ်းစားခဲ့ကြသည်။ သို့သော်လည်း စာရွက်ပေါ်ရှိစီမံကိန်းများနှင့် မူလကနဦးစူးစမ်းမှုများကို စတင်ခဲ့သည်မှာ ၁၈၇၃ ခုနှစ်တွင် ပထမဆုံး စတင်ခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် မိနမိအိချိရိုဘဲ သည် ဖုခုရှိမစီရင်စုရှိ အဆခတူးမြောင်းတူးဖော်ရာတွင် ဒတ်လူမျိုးအင်ဂျင်နီယာတစ်ဦးဖြစ်သူ Cornelis Johannes van Doorn နှင့်အတူ အလုပ်လုပ်ခဲ့ဖူးသည်။ ကျိုတိုမြို့အစိုးရသည် မိနမိအိချိရိုဘဲကို ဘိဝရေကန်တူးမြောင်းတူးဖော်ရန်အတွက် လမ်းကြောင်းရှာဖွေရန် တာဝန်ပေးအပ်ခဲ့သည်။ မိနမိသည် လမ်ကြောင်းရှာဖွေရာတွင် တိုတိုမြို့တွင်အခြေစိုက်သည့် Imperial College of Engineering မှ ကျောင်းသားတစ်ဦးဖြစ်သူ တနဘဲဆခုရိုး (田邉朔郎) ၏ အထောက်အပံ့များကို ရရှိခဲ့သည်။ ၁၈၈၃ ခုနှစ်၊ မေလ ဘွဲ့ရရှိရန်စာတမ်းပြုစုသည့်အခါတွင် "ဘဝရေကန်တူးမြောင်းတည်ဆောက်မှုစီမံကိန်း" ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းပြုစုခဲ့သည်။ ထို့နောက်တွင် တနဘဲကို အကြီးအကဲအင်ဂျင်နီယာတစ်ဦးအဖြစ် ငှားရမ်းခဲ့သည်။

ပထမဆုံးတူးမြောင်းနှင့် အဆင့် (၁) ရေအားလျှပ်စစ်အဆောက်အဦ

ပြင်ဆင်ရန်

လမ်းကြောင်းနှင့် လက်ရှိအသုံးပြုမှု

ပြင်ဆင်ရန်

၁၉၈၉ ခုနှစ်၊ ဩဂုတ်လတွင် ကျိုတိုဘိဝရေကန်တူးမြောင်းပြတိုက် (琵琶湖疏水記念館, Biwako Sosui Kinenkan) ကို တည်ဆောက်ခဲ့သည်။ ပြတိုက်ကို ၂၀၀၉ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ရုပ်ပုံများ

ပြင်ဆင်ရန်
 
Keage Incline used for hoisting boats around 1940
Keage Incline used for hoisting boats around 1940 
 
Summit of the Keage Incline
Summit of the Keage Incline 
 
Philosopher's Walk, a branch of the Lake Biwa Canal near Ginkaku-ji
Philosopher's Walk, a branch of the Lake Biwa Canal near Ginkaku-ji 

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ရန်
  • Tanabe Sakurō (1894). "The Lake Biwa-Kioto Canal". ICE Proceedings 117: 353–9. 
  • The Lake Biwa Canal and its Hydro Electric Power။ The Municipal Electric Works။ 1904။
  • Finn, Dallas (1995)။ Meiji Revisited: the sites of Victorian JapanWeatherhill။ pp. 150–6။ ISBN 0-8348-0288-0

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°0′40.5″N 135°51′20.7″E / 35.011250°N 135.855750°E / 35.011250; 135.855750

  1. Finn, Dallas (1995)။ Meiji Revisited: the sites of Victorian JapanWeatherhill။ pp. 150–6။ ISBN 0-8348-0288-0
  2. 琵琶湖疏水Agency for Cultural Affairs။ 2019-12-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2012 တွင် ပြန်စစ်ပြီး။
  3. Japan's Hydroelectric Dams, Vol. 1. Keage Power Station, Kyōto။ 2 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2021 တွင် ပြန်စစ်ပြီး။