အမှု—ချောက်လှန့်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းကလေးများကို၊ ယခုကာလ “တစ္ဆေကြီးဟ, သူရဲကြီးဟ” စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကဲ့သို့ ချောက်လှန့်ကြကုန်၏၊ ရဟန်းကလေးများကား ငိုကြရှာလေသည်၊ ထိုအကြောင်းကြောင့်-

ယော ပန ဘိက္ခု ဘိက္ခုံ ဘိံသာပေယျ၊ ပါစိတ္တိယံ။

“ရဟန်းချင်းချောက်လှန့်လျှင် ပါစိတ်အာပတ်”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ ဤသိက္ခာပုဒ်၌ အချောက်ခံရသူက ကြောက်သည် ဖြစ်စေ မကြောက်သည်ဖြစ်စေ ရဟန်းအချင်းချင်း ချောက်လျှင် ပါစိတ်၊ လူသာမဏေတို့ကိုချောက်လျှင်ဒုက္ကဋ်အာပတ်သင့်၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး