ဘေဒါနုဝတ္တကသိက္ခာပုဒ်

ဘေဒါနုဝတ္တကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဘုရားသားတော် ရဟန်းများ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ်တစ်ခု ဖြစ်၏။ [၁]


သမိုင်းပြင်ဆင်

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတော် တွင် သီးတင်းသုံး နေတော်မူချိန် ဖြစ်၏။ ဒေဝဒတ်သည် သံဃာကွဲပြားစေရန် အားထုတ်၏။ ထိုအခါ ရဟန်းတို့သည် “အဘယ်ကြောင့် ဒေဝဒတ်သည် သံဃာကို ကွဲပြားစေရန် အားထုတ်ဘိသနည်း” ဟု ပြောဆိုကြ၏။

ထိုအခါ ကောကာလိက၊ ခဏ္ဍာမိဖုရား၏သား ကဋမောဒကတိဿက၊ သမုဒ္ဒဒတ္တတို့သည် ထိုပြောဆိုသော ရဟန်းတို့ကို “ဤသို့ မပြောဆိုပါလင့်။ ဒေဝဒတ်သည် တရားသည်ကို ဆိုလေ့ရှိ၏။ ဝိနည်းနှင့်အညီ နေ၏။ ကျွန်ုပ်တို့သည် ဤအမှုကို နှစ်သက်ပါသည်” ဟူ၍ ပြောဆို၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် ရဟန်းတို့သည် သံဃာအား ကွဲပြားစေရန် အားထုတ်သော ဒေဝဒတ်၏ နောက်သို့ လိုက်၍ အသင်းကွဲပြားစေသော စကားများကို ပြောဆိုဘိသနည်း” ဟု ပြောဆိုကြကုန်၏။ နောက်သို့လိုက်သွားသော ရဟန်းတို့အား ကဲ့ရဲ့ပြစ်တင်ကြ၏။ ထို့နောက် အလိုနည်းသော ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ဒေဝဒတ်နောက်သို့ လိုက်သွားကာ အသင်းကွဲပြားရေးစကားများ ပြောဆိုသည်မှာ မှန်ကန်ပါသလားဟု မေး၏။ ထိုရဟန်းတို့လည်း ဟုတ်မှတ်ကြောင်း ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား များစွာသောအကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူပြီး အောက်ပါ သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်ပြင်ဆင်

“ထိုရဟန်း၏ သာလျှင် နောက်သို့ လိုက်၍ အသင်းကွဲပြားရေးစကားကို ဆိုတတ်သော တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော်လည်းကောင်း ရဟန်းတို့သည် ရှိကြကုန်၏။ ထိုရဟန်းတို့သသည် ‘အသျှင်တို့သည် ထိုရဟန်းကို တစ်စုံတစ်ခုမျှ မပြောဆိုကြပါကုန်လင့်၊ ထိုရဟန်းသည် တရားသည်ကိုလည်း ဆိုလေ့ရှိသည်၊ ထိုရဟန်းသည် ဝိနည်းနှင့်အညီလည်း ဆိုလေ့ရှိသည်၊ ထိုရဟန်းသည် အကျွန်ုပ်တို့၏ အလိုကိုလည်းကြောင်း၊ ထောက်ခံချက်ကိုလည်းကောင်း ယူ၍ သုံးနှုန်းပါသည်။ အကျွန်ုပ်တို့၏ (အလိုထောက်ခံချက်ကို) သိလည်း သိပါသည်၊ အကျွန်ုပ်တို့၏ အယူအဆနှင့်အတူ ပြောဆိုသည်။ ထိုအမှုကို အကျွနု်ပ်တို့လည်း နှစ်သက်ပါသည်’ ဟု ပြောဆိုကုန်ငြားအံ့ ထိုရဟန်းတို့ကို ရဟန်းတို့သည် ‘အသျှင်ဘုရားတို့သည် ဤသို့ မပြောပါလင့်၊ ထိုရဟန်းသည် တရားသည်ကို ဆိုလေ့ရှိသည် မဟုတ်ပါ၊ ထိုရဟန်းသည် ဝိနည်းနှင့်အညီ ဆိုလေ့ရှိသည်လည်း မဟုတ်ပါ၊ အသျှင်ဘုရားတို့သည်လည်း သံဃာကွဲပြားခြင်းကို မနှစ်သက်အပ်ပါ၊ အသျှင်ဘုရားတို့သည် သံဃာနှင့် ညီညွတ်ပါလော့၊ ညီညွတ်သည်သာလျှင် ဖြစ်သော သံဃာသည် ကောင်းစွာဝမ်းမြောက်သည် ဖြစ်၍ တူသောပါတိမောက်ပြခြင်း ရှိသည် ဖြစ်၍ ချမ်းသာစွာ နေရ၏’ ဟု ပြောဆိုကြကုန်ရာ၏။ ဤသို့ ဆိုအပ်ကုန်လျက် ထိုရဟန်းတို့သည် ရှေးနည်းအတိုင်းပင် ပြုမူကုန်ငြားအံ့၊ ထိုရဟန်းတို့ကို ရဟန်းတို့သည် သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စိမ့်သောငှါ ကောင်းစွာဆိုဆုံးမအပ်ကုန်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်ကုန်သည်ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏။ အကယ်၍ မစွန့်ကုန်ငြားအံ့ ထိုရဟန်းတို့အား သံဃာဒိသိသ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ဖြတ်ထုံးများပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်