ရောဘတ် ဖရက်ဒ်ရစ် ချဲလ်ဆီး မော[မှတ်စု ၁] (အင်္ဂလိပ်: Robert Frederick Chelsea Moore; ၁၉၄၁ ဧပြီ ၁၂ - ၁၉၉၃ ဖေဖော်ဝါရီ ၂၄) သည် အင်္ဂလိပ်ဘောလုံးသမားဟောင်း တစ်ဦးဖြစ်၍ ဝက်စ်ဟမ်း ယူနိုက်တက်[မှတ်စု ၂] တွင် အသင်းခေါင်းဆောင်အဖြစ် ဆယ်နှစ်ကျော်ကြ၊ အင်္ဂလန် အမျိုးသား ဘောလုံးအသင်းအတွက်လည်း အသင်းခေါင်းဆောင်ဖြစ်ကာ ၁၉၆၆ ကမ္ဘာ့ဖလားတွင် အနိုင်ရရှိစေရန် စွမ်းဆောင်ကစားခဲ့သူ တစ်ဦးဖြစ်သည်။ ဘောလုံးလောကသမိုင်းတွင် အကြီးကျယ်ဆုံးသော ခံစစ်မှူးများအနက် တစ်ဦးဖြစ်သည်ဟု ကျယ်ပြန့်စွာ ယူဆသတ်မှတ်ကြ၍ ပီလီက ၎င်းပြိုင်ဘက်အနေဖြင့် ကစားဖူးသမျှတွင် အကြီးကျယ်ဆုံး ဟူ၍လည်း ညွှန်းဆိုခဲ့သည်။[၃]

ဘော်ဘီမော
OBE
၁၉၆၉၌ တွေ့ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ရောဘတ် ဖရက်ဒ်ရစ် ချဲလ်ဆီး မော[၁]
မွေးသက္ကရာဇ် (1941-04-12)၁၂ ဧပြီ၊ ၁၉၄၁[၁]
မွေးရပ်ဇာတိ Barking, Essex, England
ကွယ်လွန်သည့်ရက် ၂၄ ဖေဖော်ဝါရီ၊ ၁၉၉၃(1993-02-24) (အသက် ၅၁)
ကွယ်လွန်ရာအရပ် Putney, London, England
ကစားသည့်နေရာ ခံစစ်မှူး
လူငယ်ဘဝကလပ်များ
Barking F.C.
၁၉၅၆–၁၉၅၈ West Ham United
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၅၈–၁၉၇၄ West Ham United ၅၄၄ (၂၄)
၁၉၇၄–၁၉၇၇ Fulham ၁၂၄ (၁)
၁၉၇၆ → San Antonio Thunder ၂၄ (၁)
၁၉၇၈ Seattle Sounders (၀)
၁၉၇၈ Herning Fremad (၀)
၁၉၈၃ Carolina Lightnin' (၀)
စုစုပေါင်း ၇၁၆ (၂၆)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၆၀–၁၉၆၂ England U23 (၂)
၁၉၆၂–၁၉၇၃ အင်္ဂလန် အမျိုးသား ဘောလုံးအသင်း ၁၀၈ (၂)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၀ Oxford City F.C.
၁၉၈၁–၁၉၈၂ Eastern AA
၁၉၈၄–၁၉၈၆ Southend United

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဝက်စ်ဟမ်း၏ အကြီးကျယ်ဆုံးကစားသမားဖြစ်ပြီး 'မော' သည် ထိုကလပ်အတွက် ပွဲပေါင်း (၆၀၀)ကျော်ကစားပေးခဲ့ကာ အချိန်ကာလအားဖြင့် (၁၆)နှစ်ဖြစ်သည်။ ကလပ်နှင့် ၁၉၆၃-၆၄တွင် အက်ဖ်အေဖလား၊ ၁၉၆၄-၆၅ တွင် UEFA Cup Winners' Cup များရရှိခဲ့သည်။ ယင်းကလပ်၌ကစားစဉ် ၁၉၆၄၌ ဘောလုံးကလောင်ရှင်များ၏ တစ်နှစ်တာ ကစားသမားဆုကို ရရှိခဲ့၍ ဝက်စ်ဟမ်း တစ်နှစ်တာကစားသမားဆုများ (၁၉၆၁ ၊ ၁၉၆၃ ၊ ၁၉၆၈ ၊ ၁၉၇၀)လည်း ရရှိခဲ့သည်။ ၎င်းသေဆုံးပြီး (၁၅)နှစ်အကြာ ၂၀၀၈ ဩဂုတ်လတွင် ၎င်းဝတ်ဆင်ခဲ့သော ကျောနံပါတ် (၆) ကို အနားပေးခဲ့လေသည်။[၄]

မော သည် ၁၉၆၄ အသက် (၂၃)တွင် အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာ၍ ၁၉၆၆တွင် ကမ္ဘာ့ဖလားဆုကြီးကို မြောက်ကိုင်နိုင်ခဲ့သည်။ နိုင်ငံအတွက် ပွဲထွက်ကစားမှုပေါင်း (၁၀၈) ပွဲကစားခဲ့ကာ ၁၉၇၃ နိုင်ငံတကာပွဲများမှ အနားယူသည့်အချိန်တွင် ထိုအရေအတွက်သည် နိုင်ငံ၏ စံချိန်တစ်ရပ်လည်း ဖြစ်ခဲ့သည်။ ယင်းစံချိန်ကို (ဂိုးသမား) ပီတာ ရှီလ်တန်က နောက်ပိုင်းတွင် ချိုးဖောက်နိုင်ခဲ့သည်။ သို့သော် (ဂိုးသမားမဟုတ်သော ကစားသူ) ထိုစံချိန်သည် ၂၀၀၉ မတ် ၂၈ အထိ တည်တံ့ခဲ့ပြီး ဒေးဗစ် ဘက်ခ်ဟမ်က ပွဲထွက်မှု (၁၀၉) ပွဲဖြင့် ချိုးဖျက်ခဲ့သည်။[၅] မော သည် ၂၀ရာစု ကမ္ဘာ့အသင်း၌ ပါဝင်တစ်ဦးဖြစ်၏။ နိုင်ငံအသင်း၏ စံပြသူရဲကောင်းတစ်ဦးဖြစ်သော မော ၏ ကြေးရုပ်တုကို 'ဝမ်ဘလီ အားကစားရုံ' ရှေ့ အဝင်ဝတွင် ထားရှိပေးထားသည်။

တည်ငြိမ်သော ဗဟိုခံစစ်မှူးဖြစ်သော မော သည် ဤအားကစားအပေါ် ခံယူချက်၊ ပြိုင်ဖက်ကစားသမား၏ အရွေ့ကိုခန့်မှန်းနိုင်မှုများကြောင့် လူသိထင်ရှားဆုံးဖြစ်သည်။ ဤသို့ခန့်မှန်းနိုင်မှုများကြောင့် 'ဘောလုံးကို (ပြိုင်ဖက်ဆီမှ) အတင်းလုယူရသော၊ ခပ်မြင့်မြင့်ခုန်ရသော ခံစစ်မှူး' ဆိုသည့် ပုံရိပ်မှ ကင်းကွာစေခဲ့သည်။ ၁၉၆၆ တွင် ဘီဘီစီ၏ အားကစားသမား တစ်နှစ်တာဆုကို ရခဲ့ပြီး ထိုဆုရသော ပထမဆုံး ဘောလုံးကစားသူလည်း ဖြစ်သည်။ နှစ်သစ်ဂုဏ်ပြုပွဲတွင် OBE ဘွဲ့ဖြင့် သူကောင်းပြုခြင်းခံရသည်။ ၂၀၀၂ တွင် အင်္ဂလိပ် ဘောလုံးလောက ထင်ရှားကျော်ကြားသူများ ဂုဏ်ပြမှု (Hall of Fame) စာရင်းထဲသို့ ထည့်သွင်းခြင်းခံရသည်။ ထိုနှစ်တွင်ပင် ဘီဘီစီ၏ အကြီးကျယ်ဆုံး ဗြိတိသျှသား (၁၀၀) တွင်လည်း ၎င်းကို ရွေးချယ်ခဲ့ကြသည်။

မှတ်စု ပြင်ဆင်ရန်

  1. Moore သည် အသံထွက် နှစ်မျိုးရှိ၏။ ယူကေအသံထွက်: မိုး၊ မော။ ယူအက်စ်အသံထွက်: မောရ် ဖြစ်ပြီး Bobby ကို ယူကေက ဘော်ဘီ ထွက်၍ ယူအက်စ်က ဘာဘီဟုထွက်သည်။[၂]
  2. united ကို ယူနိုက်တစ်ဒ် ဟုဖတ်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Hugman၊ Barry J., ed. (2005)။ The PFA Premier & Football League Players' Records 1946–2005။ Queen Anne Press။ p. 436။ ISBN 978-1-85291-665-7
  2. Oxford English Dictionary
    OALD 9th edition
  3. Bobby Moore 1941–1993။ Bobbymoore.co.uk။ 31 May 2010 တွင် ပြန်စစ်ပြီး။
  4. Hammers make Moore shirt gesture – BBC News, 4 July 2008
  5. Beckham dedicates record to family။ Fifa.com (28 March 2009)။ 6 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2010 တွင် ပြန်စစ်ပြီး။