ဘဲအ

ငှက်မျိုးစိတ်များ

ဘဲအ သည် ဝမ်းဘဲနှင့် အမျိုးစဉ်တူ၊ မျိုးရင်းခွဲတူ ငှက်ဖြစ်သည်။ ဘဲအသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလမှ မတ်လအထိ လာရောက်လေ့ရှိသော ငှက်မျိုးပင်ဖြစ်သော်လည်း ယင်းကိုတွေ့ရခဲသည်။ ဘဲအ၏ အလျားမှာ ၁၉ လက်မရှိသည်။ ဘဲအ အမ၏ အရောင် မှာ အညိုရောင်အနုတွင် အညိုရင့်ရောင် အကွက်များရှိသည်။ နှုတ်သီးမှာ အခြားဘဲမျိုးများထက်တိုပြီးလျှင် အမွှေးအတောင်၏ အရောင်မှာ အနီရောင် ပို၍ ထနေလျက် အမြီးချွန်လည်းရှိသဖြင့် ခွဲခြား၍သိနိုင်လေသည်။ ဘဲအ တွင် အဖိုရော အမ၌ပါ ရင်ပတ်ဖြူများရှိသဖြင့် ထူးခြားလေသည်။

ဘဲအ
Mareca penelope kuribo cropped.jpg
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
မျိုးပေါင်း:
ငှက်
မျိုးစဉ်:
အန်စာရီ‌ဖောမီး
မျိုးရင်း:
အနာတီဒီ
မျိုးရင်းသေး:
မျိုးစု:
မျိုးစိတ်:
A. penelope
ဒွိနာမ
Anas penelope
Linnaeus, 1758
Mareca penelope

ဘဲအ အဖို၏အသံမှာ ကျယ်လောင်ပြတ်သား၍ သာယာသော လေချွန်သံမျိုးဖြစ်သည်။ အမ၏အသံမှာ ညည်းသံမျိုးဖြစ်သည်။ ဘဲအသည်လည်း ဘဲရစ်နှင့် ဘဲခေါင်းစိမ်းတို့ကဲ့သို့ပင် ကြောက် တတ်သဖြင့် သေနတ်သံကြားသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားလေ့ရှိသော ငှက်မျိုးဖြစ်သည်။ ပျံသန်းသောအခါ များသောအားဖြင့် တန်း၍ပျံ သန်းလေ့ရှိကြသော်လည်း မညီမညာနှင့် ပုံသဏ္ဌာန်ကိုပြောင်းလဲ၍ ပျံသန်း တတ်ကြသည်။ ဘဲအကို သတ္တဗေဒ(ပါဏဗေဒ‎) အလိုအားဖြင့် အနပ်ပင်နဲလုပ် (Anas penelope )ဟုခေါ်သည်။ [၂]

ကိုးကားပြင်ဆင်

  1. Anas penelopeIUCN Red List of Threatened Species. Version 2013.2နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (2012)။ 26 November 2013 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)