မင်ခေါ့ဗ်ရှကီး စပေ့စ် (သို့) မင်ခေါ့ဗ်ရှကီး ရပ်ဝန်း (ခေါ်) မင်ခေါ့ဗ်ရှကီး အချိန်ကာသ (သို့) မင်ခေါ့ဗ်ရှကီး လောကဇာတ်ခုံ (အင်္ဂလိပ်: Minkowski space or Minkowski spacetime) ဆိုသည်မှာ ထူးရှားနှိုင်းရသီအိုရီ၌ အာသာကလွင်တီးခေါင်၏ အဖြစ်သနစ်ကို အာကာသ (ခေါ်) နေရာရပ်ဝန်းနှင့် အချိန်တို့ ပေါင်းစည်းဖော်ပြသည့် အချိန်ကာသ (လောကဇာတ်ခုံ)တမျိုး ဖြစ်ပြီး

မင်ခေါ့ဗ်ရှကီး အချိန်ကာသကို အလင်း ကန်တော့ချွန်အန္တိမ အနာဂတ်'အန္တိမ အတိတ်ဖြစ်အင်ခြား ဟူသော အစုပိုင်း၄ခုအဖြစ် ပိုင်းခြားပြပုံ။
ဟူသော အတိုင်းဆ ရှိသည်။ ထို့ကြောင့် အာကာသ (နေရာသဘောချည်း) စဉ်းစားသည့်အခါမျိုး၌ အကွာအဝေး (distance) အဖြစ် ရှိခဲ့သည့် သဘောသဘာဝသည် မင်ခေါ့ဗ်ရှကီး အချိန်ကာသ၌မူ အချိန်နှင့် နေရာ ကွာဟမှု (spacetime interval) အဖြစ် ရှိမည်။

အချိန်-နေရာ ကွာဟမှု ၃မျိုး ပြင်ဆင်ရန်

c2t2r2 ၌...

  • c2t2 > r2 ဖြစ်နေလျှင် ထိုသို့ တါက်ထုတ်နိုင်သော အချိန်-နေရာ ကွာဟမှု (spaetime interval) က အချိန်ခြား ကွာဟမှု (timelike interval) ဟု ဆိုရမည်။ အလင်းအလျင်ထက် လျော့နည်းသော သွားနှုန်းဖြင့် ထိုအမှတ် (ထိုဖြစ်အင်) ၂ခုကို ဆက်စပ်ဆွဲသားကြည့်နိုင်သဖြင့် အရာဝတ္ထုတစ်ခုတည်း၏ သွားလာတည်ရှိမှု ဖြစ်နိုင်သော အချိန်ကာသ(လောကဇာတ်ခုံ) လမ်းကြောင်းမျိုး ဖြစ်သည်။ သို့ဖြင့် အလင်း ကန်တော့ချွန် အဝန်းအဝိုင်းအတွင်း တည်ရှိနေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် မတ်စောက်နေသည့် မျဉ်းကြောင်းများ ဖြစ်မည်။
  • c2t2 < r2 ဖြစ်နေလျှင် ထိုအမှတ် (ထိုဖြစ်အင်) ၂ခု၏ အချိန်-နေရာ ကွာဟမှု (spaetime interval) က နေရာခြား ကွာဟမှု (spacelike interval) ဟု ဆိုရမည်။ မည်သည့် ဒြပ်ထုကမှ အချိန်ကာသ (လောကဇာတ်ခုံ)အတွင်း၌ အလင်းအလျင်ထက် ကျော်လွန်ရွေ့လျားနိုင်ခြင်း မရှိသဖြင့် ဤကွာဟမှုမျိုးသည် အရာဝတ္ထုတခုတည်း၏ သွားလာမှု လမ်းကြောင်း မဖြစ်နိုင်။ မတူသော အရာဝတ္ထုများကို အစကတည်းက နေရာခွဲခြားချထားလျက် ဖြစ်ပျက်စေသည့် အဖြစ်သနစ် ကွာဟမှုများသာ ဖြစ်နိုင်သည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီထက် ပြေစောင်းကျနေသည့် မျဉ်းကြောင်းများ ဖြစ်မည်။
  • c2t2 = r2 ဖြစ်နေလျှင်မူ ထိုအဖြစ်အပျက်၂ခု၏ အချိန်-နေရာ ကွာဟမှု (spaetime interval) က အလင်းသွား ကွာဟမှု (lightlike interval) သို့မဟုတ် သက်ရောက်ချက် ကွာဟမှု (null interval) ဖြစ်သည်။ အလင်း၏ လောကဇာတ်ခုံတွင်း လမ်းကြောင်း၊ သို့မဟုတ် လျှပ်စစ်သံလိုက်ဓာတ်ဒြပ်ဆွဲမှုတို့၏ သက်ရောက်ချက်ကိုယ်တိုင်တို့၏ လောကဇာတ်ခုံတွင်း သွားလမ်းကြောင်း ဖြစ်ချေမည်။ မင်ခေါ့ဗ်ရှကီး ပုံဆွဲနည်း (Minkowski diagram) ၌ ၄၅ ဒီဂရီကွက်တိ ရှိစောင်းနေသည့် မျဉ်းကြောင်းများ ဖြစ်မည်။


ကိုးကား ပြင်ဆင်ရန်