အလင်းဝန်းကတော့ချွန်

(သက်ရောက်ဝန်း မှ ပြန်ညွှန်းထားသည်)

ထူးရှား နှိုင်းရသီအိုရီ (Special Relativity Theory) မှ ပါရှိသော၊ အမှတ်တစ်မှတ်ချင်းစီအဖို့ အလင်း ကန်တော့ချွန် (ခေါ်) သက်ရောက်ဝန်း a (အင်္ဂလိပ်: light cone; null cone) ဟူသည်မှာ -

ပုံတွင် အလျားလိုက်သော စံတိုင် (သို့) တိုင်းကြောင်း ၂ခုက နေရာ(ရပ်ဝန်း) သဘောကို (2D space အဖြစ်) ကိုယ်စားပြု၍၊ ထောင်လိုက် စံတိုင် (သို့) တိုင်းကြောင်းက အချိန်ကုန်ဆုံးမှု ကို ပြထားပြီး၊ ကန်တော့ချွန်ပုံ (ဤတွင် အရောင်နှင့်) ပေါ်နေသည့် မျက်နှာပြင်မှာ သက်ရောက်ဝန်း (light cone) ဖြစ်၏။ အထက်သို့ ( တန်ဖိုး အပေါင်းဘက်) ကျယ်တက်သည့် ကန်တော့ဝန်းပိုင်းမှာ အနာဂတ်သို့ သက်ရောက်ဝန်း၊ အောက်သို့ ( တန်ဖိုး အနုတ်ဘက်) ကျယ်ဆင်းသည့် ကန်တော့ဝန်းပိုင်းမှာ အတိတ်မှ သက်ရောက်ဝန်း ဖြစ်၏။

သို့ဖြင့် ထောင့်သန့် နှိုင်းပုံကျ မင်ခေါ့ဗ်ရှကီး အချိန်+ရပ်ဝန်း (ဖြစ်အင်ထု) ကို ဆွဲသားသော ဒိုင်ယာဂရမ်ပုံများတွင် မတ်ခြင်းနှင့်လဲခြင်းကြား တည့်တည့်ကျသော ၄၅ ဒီဂရီ မျဉ်းတို့ဖြင့် သက်ရောက်ဝန်း (light cone) က ပေါ်ပေါက်ဘောင်ခတ်နေပေမည်။

  • သာဓကအားဖြင့် (မိမိအဖို့)အနာဂတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B က မိမိအဖြစ်အပျက်တစ်ခု A ၏ သက်ရောက်ဝန်း ပြင်ပ၌ ရှိအံ့၊ မိမိ၏ ၎င်း A ထံမှ သက်ရောက်မှု အလုံးစုံမှာ (အလင်းအလျင်သာ အမြန်ဆုံး ရှိနိုင်သည့်အလျောက်) ၎င်း B ဟူသော အချိန်နှင့်နေရာ (အဖြစ်အပျက်) ကွက်တိသို့ မရောက်နိုင်ကြောင်း ဆွဲပုံတွင်လည်း ထင်ရှား၍ B အဖြစ်အပျက်၌ မိမိထံမှ အကျိုးသက်ရောက်မှု လုံးဝပါရှိမည်မဟုတ်ဟု ဆိုလို၏။ ၎င်း B ကြုံ ဇာတ်ကောင်၏ သက်ရောက်လောက (Observable Univerese) အတွင်း မိမိ ပါဝင်နေမည်ပင် မဟုတ်ချေ။
  • သာဓကအားဖြင့် (မိမိအဖို့)အတိတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B ၏ သက်ရောက်ဝန်း ပြင်ပ၍ မိမိ၏ အဖြစ်အပျက်တစ်ခု A က ရှိအံ့၊ ၎င်းထံမှ သက်ရောက်မှု အလုံးစုံ မိမိထံသို့ ရောက်ရှိမည် မဟုတ်ဟု သိနိုင်၏။ ဤအခါမျိုးတွင် မိမိ၏ သက်ရောက်လောက (Observable Universe) အတွင်း ၎င်း အဖြစ်အပျက် B ပါဝင်နေမည်ပင် မဟုတ်ချေ။

အကိုးအကား

ပြင်ဆင်ရန်
  1. Schutz, Bernard F. | "A First Course in General Relativity"