မင်းမာန်ကြီးသည် ရခိုင်ဘုရင် မင်းရာဇာကြီး၏ ဒုတိယမြောက် သားဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ရခိုင်ဘုရင် မင်းရာဇာကြီး နှင့် တန်ဆောင်မိဖုရား တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မာန်ကြီး မိုးပေါက် ဖြစ်သည်။ ညီမတစ်ယောက်ရှိပြီး ပရိဝတ္တနသင်္ခါရ ဒေဝီ ဟု အမည်တွင်သည်။ [၁]

တီဗူး နှင့် ပေါင်းခြင်း ပြင်ဆင်ရန်

၁၆၁၀ ပြည့်နှစ်၊ မင်းခမောင်း အိမ်ရှေ့စံဖြစ်လာသောအခါ မင်းမာန်ကြီးက စစ်တကောင်းမြို့ ကို စားရသည်။ မင်းခမောင်းအား အိမ်ရှေ့စံအရာ ပေးခြင်းကို မနှစ်လိုသဖြင့် မဟာမိတ်ရှာရာ ဒယင်းဂါးကျွန်း (Dianga) ရှိ တီဗူး (Sebastian Gonzales Tibao) ကို တွေ့သည်။ မဟာမိတ်မြဲစေရန် သမီးကြီးကို တီဗူး၏သားနှင့် လက်ဆက်စေသည်။ လက်ထပ်နိုင်ရန် ရခိုင်မင်းသမီးကို ဘရင်ဂျီဘာသာပြောင်းရမည်ဖြစ်၍ ဘရင်ဂျီဘုန်းကြီး ဖာသာ ရာဖီး (Abbe Faria) ကို တီဗူးက စစ်တကောင်းသို့ စေလွှတ်သည်။ ထို့နောက် မင်းသမီးကို သားဖြစ်သူနှင့် လက်ထပ်ပေးလိုက်သည်။

၁၆၀၇ ခုနှစ်တွင် စစ်တကောင်းမြို့ကို အခြေတည်ကာ ထောင်ထားသည်။ တီဗူးထံမှ ပေါ်တူဂီစစ်သား (၄၀၀) ရသည်။ အိမ်ရှေ့စံ မင်းခမောင်း၏တပ်များက မြို့ကို ဝန်းရံထားရာ လေးလအကြာတွင် ရိက္ခာရှားလာသည်။ မင်းမာန်ကြီးက ငယ်သားများ အားမလျှော့စေရန် မြို့ရိုးပေါ်ကိုယ်တိုင် ကြီးကြပ်ရာ ကျည်မှန်၍ သေလုမျှောပါးဖြစ်သွားသည်။ မင်းမာန်ကြီးသေလျှင် သားသမီးများ အသက်ဘေးရှိသည်က တစ်ကြောင်း၊ နောင်တွင် မိမိသားသမီးများ ရခိုင်ထီးနန်း ရရန်ရှိသည်က တစ်ကြောင်းတို့ကြောင့် ကလေးများကိုကယ်ရန် ဖာသာ ရာဖီးကို တီဗူးက တာဝန်ပေးသည်။ ဖာသာ ရာဖီးက သူဖုန်းစားအသွင်ဖြင့် မြို့တွင်းသို့ဝင်ကာ ကျန်ရစ်သည့် သားသမီးများကို ဥမင်တူးပြီး မြို့ပြင်ခေါ်လာပြီး နာဂိုရီမြို့ (Nagori) သို့ ခေါ်သွားသည်။

မိသားစု ဘဝ ပြင်ဆင်ရန်

သမီးနှစ်ယောက်၊ သားတစ်ယောက် ထွန်းကားသည်။ သမီးကြီးမှာ တီဗူး၏သားနှင့် လက်ဆက်ကာ ဘာရင်ဂျီဖြစ်သွားသည်။ သားဖြစ်သူမှာ ပေါ်တူဂီရေတပ်တွင် တာဝန်ထမ်းခဲ့သည့် ဒေါက် မာတင် (Dom Martin) ဖြစ်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ကျည်မှန်၍ အနာသည်းကာ ကွယ်လွန်သည်။ ၁၆၀၇ ခုနှစ် ဝန်းကျင်ဟု ခန့်မှန်းရသည်။ ငယ်သားများ လက်နက်ချမည်စိုးသဖြင့် တီဗူး စေလွှတ်သည့် ဖာသာ ရာဖီး နှင့် ကျန်ရစ်သောသားသမီးများ မြို့မှထွက်ပြီးမှသာ အသက်ကုန်ကြောင်း ကြေညာရသည်။

ကိုးကား ပြင်ဆင်ရန်

  1. စန်းမောင်၊ ဦး။ ရခိုင်မင်းသား။ သံတော်ဆင့် သတင်းစာတိုက်၊ ရန်ကုန်။ ၁၉၄၆၊ ဖေဖော်ဝါရီ။