မင်းခမောင်း
မင်းခမောင်း (ရခိုင်အသံထွက်: [máɴ kʰa̰ máʊɴ]; ၁၅၅၇ - c. မေ ၁၆၂၂)သည် မြောက်ဦးနေပြည်တော်ကို ၁၆၁၂ မှ ၁၆၂၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။
မင်းခမောင်း | |||||
---|---|---|---|---|---|
![]() မင်းခမောင်းဘုရင် ဒင်္ဂါး | |||||
ရခိုင်ဘုရင် | |||||
နန်းသက် | ၄ ဇူလိုင် ၁၆၁၂ – ၁၄ မေ ၁၆၂၂ | ||||
နန်းတက်ချိန် | မြန်မာသက္ကရာဇ် ၉၇၄၊ ဝါဆိုလဆန်း ၁၀ ရက်နေ့ | ||||
ရှေ့မင်းဆက် | မင်းရာဇာကြီး | ||||
ဆက်ခံသူ | သီရိသုဓမ္မ | ||||
မွေးဖွား | ၁၅၇၇ ခမောင်းဆိပ်မြို့ | ||||
ကွယ်လွန် | ၁၆၂၂ အေဒီ မြောက်ဦး | ||||
ကြင်ရာတော် | ရှင်ထွေး သုဘပါ | ||||
သားသမီးများ | သီရိသုဓမ္မ နတ်ရှင်မယ် နှင့် အခြား | ||||
| |||||
စံအိမ် | စောမွန် | ||||
ခမည်းတော် | မင်းရာဇာကြီး | ||||
မယ်တော် | ပဉ္စလ စန္ဒာ | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
အစောပိုင်းဘဝ
ပြင်ဆင်ရန်မင်းခမောင်းမင်းသားကို အဖ အိမ်ရှေ့ဥပရာဇာ သတိုးဓမ္မရာဇာ နောင်တွင်မင်းရာဇာကြီးဘုရင်ဖြစ်လာမည့်သူ နှင့် အမိ အိမ်ရှေ့မိဖုရား ပဉ္စလစန္ဒာ တို့က အေဒီ ၁၅၇၇ ခုနှစ်တွင် လေးမြို့မြစ် မြစ်ဖြား မြစ်ကမ်းဘေးတွင်ရှိသည့် ခမောင်းဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ ဘိုးဘော် မင်းဖလောင်း ဘုရင်ကြီး လေးမြို့မြစ်ဖြားသို့ ရေပွဲသဘင် သွားစဉ် ခမောင်းဆိပ်ကျေးရွာအနီး ယာယီတဲနန်းတွင် မွေးဖွားခဲ့သောကြောင့် မောင်ခမောင်းဟု ခေါ်ထွင်ခဲ့ရာမှ နောင်တွင် မင်းခမောင်းနာမည်တွင်လာခဲ့သည်။ ထိုစဉ်က အိမ်ရှေ့ဥပရာဇာဖြစ်သူ နောင်တွင် မင်းရာဇာကြီးဘုရင်ဖြစ်လာသူ၏ သားတော် သမီးတော်များအနက် အကြီးဆုံးဖြစ်သည်။
ဘုရင်ဘဝ
ပြင်ဆင်ရန်မင်းခမောင်းသည် ဖခင် မင်းရာဇာကြီး ၁၆၁၂ ခုနှစ်တွင် ကွယ်လွန်ပြီးနောက် မြောက်ဦးထီးနန်းကို ဆက်ခံခဲ့သည်။ မင်းခမောင်းလက်ထက်တွင် ပထမဦးဆုံးအနေဖြင့် အနောက်မြောက်ပိုင်းရှိ ဘင်ဂေါဒေသသို့ နယ်မြေချဲ့ထွင်ရာ မဂိုအင်ယာနှင့် တိုက်ရိုက်ထိတွေ့ပြီး စစ်ပွဲများစတင်ခဲ့ရသည်။ တခြားတဘက်တွင်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှကျွန်းများကို အခွန်ကောက်ခံရာမှ နယ်မြေအငြင်းပွားမှုနှင့် ဒုတိယအင်းဝဘုရင် ညောင်ရမ်းမင်းဆက် အနောက်ဘက်လွန်မင်းမှ ပြန်လည်တုန့်ပြန်လာသည့် ကျူးကျော်စစ်ကို တိုက်ထုတ်နိုင်ရန် ဘင်္ဂလားဒေသမှ အပြင်းပြန်ဆုတ်ပြီး မာန်အောင်ကျွန်းအနီးတွင် အနောက်ဖက်လွန်၏ရေတပ်ကို တိုက်ထုတ်အောင်မြင်နိုင်ခဲ့သည်။ ဘင်ဂေါမြစ်ဝကျွန်းပေါ်ဒေသ သောင်းတီးကျွန်းတွင် ခြေကုတ်ယူထားသည့် ပေါ်တူဂီလူမျိုးလူစွန့်စား ဂွန်ဇာလက် တီဘာအို၏ ပေါ်တူဂီတပ်ဖွဲ့ဝင်များ၏ ပင်လယ်ဓားပြဆန်ဆန် ရခိုင်ကမ်းရိုးတန်းနှင့် ကုလားတန့်မြစ်ကြောင်းတလျှောက် ဝင်ရောက်တိုက်ခိုက်မှုကိုလည်း နှစ်စဉ်ကြုံတွေ့လာရရာ ဒတ်ခ်ျအိန္ဒိယကုမ္ပဏီနှင့် မဟာမိတ်လုပ်ပူးပေါင်းပြီး တီဘာအို နှင့် ဂိုအာမှ ပေါ်တူဂီအိန္ဒိယအင်ပါယာဘုရင်ခံချုပ်တို့၏ ရေတပ်၂ခု ပူးပေါင်းကျူးကျော်လာသည်ကိုလည်း အောင်မြင်စွာ တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့သည်။ အလားတူ မဂိုလ်အင်ပါယာဧကရာဇ် ဂျဟန်ဂီရ်မှ မဂိုလ်ဘင်္ဂလားဘုရင်ခံကို တာဝန်ပေး ကျူးကျော်စေခဲ့သည့် စစ်တကောင်းဒေသကို သိမ်းပိုက်ရန်ကြိုးစားခဲ့မှုများကိုလည်း အနိုင်ယူတိုက်ထုတ်နိုင်ခဲ့သည်။
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်မင်းခမောင်းသည် ထီးနန်းသက် နန်းစံ၁၀နှစ် အသက်၄၅နှစ်အရွယ်တွင် ကံကုန်ကွယ်လွန်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်ကျမ်းပြုစာစုစာရင်း
ပြင်ဆင်ရန်- Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
- မြတ်စိုး, ed. (၁၉၆၄)။ မြန်မာ့စွယ်စုံကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၉ (၁ ed.)။ ရန်ကုန်မြို့: စာပေဗိမာန်။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- မြင့်ဦး၊ သန့် (၂၀၀၆)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6။
- စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁–၂ (၁၉၉၇ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
ဤ မြန်မာမင်းမျိုးမင်းနွယ် အတ္ထုပ္ပတ္တိမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |