မင်းရာဇာကြီး (ရခိုင် အသံထွက်: [máɴ ɹàzà ɡɹí]; Salim Shah ဟုလည်း သိကြ (ခန့်မှန်း ၁၅၅၇–၁၆၁၂) သည် မြောက်ဦးနေပြည်တော်ကို ၁၅၉၃ ခုနှစ်မှ ၁၆၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။

မင်းရာဇာကြီး
သတိုးဓမ္မရာဇာ
Salim Shah
ရခိုင်ဘုရင်
နန်းသက်၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂
ရှေ့မင်းဆက်မင်းဖလောင်း
ဆက်ခံသူမင်းခမောင်း
ဝန်ကြီးချုပ်မဟာပညာကျော်
မွေးဖွား၁၆ စတင်ဘာ ၁၅၅၇ (တနင်္လာနေ့ဖွား)[note ၁]
Sittantin
ကွယ်လွန်၄ ဇူလိုင် ၁၆၁၂ (အသက် ၅၄)
မြန်မာသက္ကရာဇ် ၉၇၄၊ ဝါဆိုလဆန်း ၈ ရက် (ဗုဒ္ဓဟူးနေ့)[၁]
မြောက်ဦး
ကြင်ရာတော်ဝိဇလ (မိဖုရားခေါင်) နှင့် မိဖုရားကြီး ၈ ဦး
မိဖုရားငယ် ၁၁ ဦး[၁]
သားသမီးများမင်းခမောင်း အပါအဝင် သားသမီး ၁၅ ဦးကျော်[၁]
ခမည်းတော်မင်းဖလောင်း
မယ်တော်စောမိတော်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အစောပိုင်းဘဝ ပြင်ဆင်ရန်

မင်းရာဇာကြီးကို ၁၅၅၇ ခုနှစ် စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့တွင် အဖမင်းဖလောင်း နှင့် အမိစောမိတော်တိုမှ မွေးဖွားခဲ့သည်။ မိဘများမှာ ဘုရင်မင်းဗာကြီး၏ သားသမီးများဖြစ်ကြပြီး ဝမ်းကွဲမောင်နှမ တော်စပ်သည်။ မင်းရာဇာကြီးအား ဖခင်မင်းဖလောင်းမြို့စား အဖြစ် ၁၅၅၀ ဆယ်စုနှစ်မှ ၁၅၇၂ အထိ အုပ်ချုပ်ခဲ့သော စစ်တံတင် တွင် မွေးဖွားခဲ့ခြင်းဖြစ်သည် ဟုယူဆကြသည်။[note ၂] ၁၅၇၂ ခုနှစ်တွင် မင်းဖလောင်းသည် ဘုရင် မင်းစကြကွယ်လွန်ပြီနောက် ထီးနန်းကို ဆက်ခံခဲ့ပြီး သားတော်အကြီးဆုံး ဖြစ်သူ မင်းရာဇာကြီးအား သတိုးဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့သည်။ ထိုအချိန်တွင် မင်းရာဇာကြီးသည် မင်းစကြာ၏ သမီးတော် နန်းထက်ဖွား မင်းသမီးအားလက်ထပ်ခဲ့သည်။[၂]

ဘုရင်ဘဝ ပြင်ဆင်ရန်

မင်းရာဇာကြီး သည် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ အထိ မြောက်ဦးနေပြည်တော်ကို အုပ်ချုပ်ခဲ့သည်။ မင်းရာဇာကြီ လက်ထက် တွင် မြောက်ဦးနေပြည်တော်သည် စီးပွားရေး နိုင်ငံရေး စစ်ရေး ကောင်းမွန်ခဲ့သည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

မင်းရာဇာကြီးသည် ပေါ်တူဂီများ ကျူးကျော်ခြင်းကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ၁၆၁၂ ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး အကြီးဆုံးသားဖြစ်သူ မင်းခမောင်းက ထီးနန်းဆက်ခံခဲ့သည်။[၁]

ကောင်းမှုများ ပြင်ဆင်ရန်

၁၅၉၆ခုနှစ်တွင် မင်းရာဇာကြီးက အံတော်သိမ် အား ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။

မှတ်စုများ ပြင်ဆင်ရန်

  1. သူ၏ နန်းတက်ရက်နှင့် ကွယ်လွန်ရက်ရှိ သူ၏အသက်ကို ဖော်ပြထားသော ရာဇဝင်ကျမ်းများအရ သူသည် ၇ ဇွန် ၁၅၅၇ နှင့် ၂၀ ဇွန် ၁၅၅၈ အကြားတွင် မွေးဖွားခဲ့သည်။ စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉။ စာ ၅၄၊ ၈၇ အရ သူသည် မြန်မာသက္ကရာဇ် ၉၅၅ ဝါဆိုလဆန်း ၆ ရက်၊ အသက် ၃၅ တွင် ထီးနန်းရခဲ့ပြီး အသက် ၅၄၊ မြန်မာသက္ကရာဇ် ၉၇၄ ဝါဆိုလန်း ၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ထို့်ကြောင့် သူသည် မြန်မာသက္ကရာဇ် ၉၁၉၊ ဝါဆိုလဆန်း ၈ ရက် (၄ ဇွန် ၁၅၅၇) နောက်ပိုင်းနှင့် မြန်မာသက္ကရာဇ် ၉၂၀ ဝါဆိုလဆန်း ၆ ရက် (၂၁ ဇွန် ၁၅၅၈) အကြားတွင် မွေးဖွားခဲ့သည်။ တနင်္လာနေ့ဖွားဖြစ်သောကြောင့် ၇ ဇွန် ၁၅၅၇ မှ ၂၀ ဇွန် ၁၅၅၈ အကြား ဖြစ်သည်။
  2. ရခိုင်ရာဇဝင်သစ်ကျမ်း (စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၃၄-၃၅) တွင် ဖခင် မင်းဖလောင်းအား ဘုရင် မင်းဗာက စစ်တံတင် အား စားစေသည်ဟု ဆိုသည်။ မင်းဖလောင်းသည် ၁၅၇၂ ခုနှစ်အထိ စစ်တံတင်မြို့စား ဖြစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Sandamala Linkara Vol. 2 1999: 87
  2. စန္ဒမာလာလင်္ကာရ အတွဲ ၂၊ ၁၉၉၉၊ စာ ၄၈

ကျမ်းပြုစာစုစာရင်း ပြင်ဆင်ရန်

  • Gutman၊ Pamela (2001)။ Burma's Lost Kingdoms: Splendours of Arakan။ Bangkok: Orchid Press။ ISBN 974-8304-98-1
  • Hall၊ D.G.E. (1960)။ The Rise and Fall of the Kingdom of Mrohaung in Arakan
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
  • မြင့်ဦး၊ သန့် (2006)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6
  • Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
  • တော်ဝင် သမိုင်းကော်မရှင် (1832)။ မှန်နန်း ရာဇဝင် (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: ပြန်ကြားရေး ဝန်ကြီးဌာနCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁–၂ (၁၉၉၇ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • ဒေါက်တာသန်းထွန်း (2011)။ "23. Nga Zinga and Thida"။ Myanmar History Briefs (Burmeseဘာသာစကားဖြင့်)။ Yangon: Gangaw Myaing။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  • Topich၊ William J.; Keith A. Leitich (2013)။ The History of Myanmar။ ABC-CLIO။ ISBN 9780313357244
မင်းရာဇာကြီး
မွေးဖွား ၁၅၅၇/၅၈ ကွယ်လွန် ၄ ဇူလိုင် ၁၆၁၂
Regnal titles
ယခင်က
မင်းဖလောင်း
မြောက်ဦးဘုရင်
၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂
ဆက်ခံသူ
မင်းခမောင်း
ယခင်က
မင်းစောလှ
အိမ်ရှေ့မင်း
၇ ဖေဖော်ဝါရီ ၁၅၇၂ – ၄ ဇူလိုင် ၁၅၉၃
ဆက်ခံသူ
မင်းခမောင်း