မင်းရဲကျော်စွာ (သံတူကြောင်းကွဲ)

မြန်မာ့သမိုင်းတွင် မင်းရဲကျော်စွာဘွဲ့ခံသူများပါသည်။ ရှာဖွေတွေ့ရှိရသမျှသော မင်းရဲကျော်စွာဘွဲ့ခံတို့မှာ-

  1. အင်းဝခေတ် ပထမမင်းခေါင် ၏ သား အိမ်ရှေ့စံမင်းရဲကျော်စွာ (ရာဇာဓိရာဇ်နှင့် စစ်ခင်းသူ)
  2. အင်းဝခေတ် မိုးညှင်းသတိုးနောက်နန်းတက်သည့် မင်းရဲကျော်စွာ (အင်းဝ)
  3. နန္ဒဘုရင်အား တပင်ရွှေထီးပေးသည့် ငယ်ဘွဲ့
  4. နန္ဒဘုရင်၏ သား မင်းရဲကျော်စွာ၊ အင်းဝတွင်ဘုရင်ခံအဖြစ်အုပ်စိုးသူ၊ နောင်တွင် နတ်သျှင်နောင်ထံ လက်နက်ချခဲ့သူဖြစ်သည်။ (ဟံသာဝတီမင်းရဲကျော်စွာ)
  5. နတ်သျှင်နောင်၏ ညီ တောင်ငူမင်းရဲကျော်စွာ (တောင်ငူမင်းရဲကျော်စွာ)
တို့ဖြစ်ကြသည်။