နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူအင်းဝပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။

နန္ဒဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
နန်းတက်ချိန်၁၅ အောက်တိုဘာ ၁၅၈၁
ရှေ့မင်းဆက်ဘုရင့်နောင်
ဆက်ခံသူညောင်ရမ်းမင်း
ဝန်ကြီးချုပ်ဗညားကျန်တော
ဇင်းမယ်ပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – c. ဖေဖော်ဝါရီ ၁၅၉၇
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်နရဲစွမ်
လက်အောက်ခံ ဘုရင်နော်ရထာ မင်းစော
ယိုးဒယားပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၃ မေ ၁၅၈၄
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Thammarachathirat
လင်းဇင်းပြည်၏ ဘုရင်
နန်းသက်၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉
ရှေ့မင်းဆက်ဘုရင့်နောင်
နောက်မင်းဆက်ဖျက်သိမ်း
လက်အောက်ခံ ဘုရင်Maha Ouparat (၁၅၈၁–၈၈)
Sen Soulintha (၁၅၈၈–၉၁)
Nokeo Koumane (၁၅၉၁–၉၅)
Vorapita (၁၅၉၆–၉၉)
မွေးဖွား၉ နိုဝင်ဘာ ၁၅၃၅
အင်္ဂါနေ့၊ မြန်မာ သက္ကရာဇ် ၈၉၇ ခု၊ တန်ဆောင်မုန်းလပြည့်
တောင်ငူ
ကွယ်လွန်၃၀ နိုဝင်ဘာ ၁၆၀၀ (သက်တော် ၆၅ နှစ်)
ကြာသပတေးနေ့၊ မြန်မာ သက္ကရာဇ် ၉၆၂ ခု၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်[၁]
တောင်ငူ
ထာဝရ အိပ်စက်ရာ နေရာ၁ ဒီဇင်ဘာ ၁၆၀၀
တောင်ငူ နန်းတော်
အိမ်ထောင်ဖက်• ဟံသာဝတီ မိဖုရား
• မင်းဖြူ
• မင်းထွေး
• သီရိရာဇဒေဝီ
• မင်းတရား မယ်တော်
သားသမီးများ
အခြားသူများအကြား...
၂၀ ထက်ပိုပြီ
စံအိမ်တောင်ငူ
ခမည်းတော်ဘုရင့်နောင်
မယ်တော်အတုလသီရိ မဟာရာဇဒေဝီ (ခေါ်) သခင်ကြီး
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာဝင်

သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယားပြည်မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။

ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။

တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။

နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား ‌‌‌‌နေရပ်စွန့်ခွာ‌‌စေပြီး လူမျိုး‌‌ ရောထွေးခြင်းများလည်းရှိခဲ့သည်။

အထက်ပါအချက်လက်များကြောင့် ‌‌‌နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်း‌အောင်းလာ‌ခဲ့လေသည်။ ‌နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီး‌နေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။

မိသားစု ပြင်ဆင်ရန်

  • တပင်‌ရွှေထီးသမီးတော် မြောကြီးကတော် မနောဟရီ ဟံသာဝတီမိဖုရား
    • သမီးတော် သခင်ကြီး + တောင်ငူ မင်းခေါင်သားတော် မင်းရဲကျော်ထင် (ကောလိယာမြို့စား)
    • ညီမတော် မင်းထွေး (သုခဇရာ)
    • ညီတော် မင်းကြီးစွာ + အင်းဝသတိုးမင်းစောသမီးတော် နတ်သျှင် မယ်တော်, ဘုရင့်နောင်သမီ ရာဇ ဓာတု ကလျာ / မင်းကြီးဆွာ အိမ်ရှေ့မင်းသားမှ ဖွားမြင်သည်။ (၃၄ နှစ်တွင် လွန်)
    • ညီတော် မင်းရဲကျော်စွာ + ဘုရင့်နောင်သမီ မဏိသလ / (အင်းဝမြို့စား) နောက်တော့ အိမ်ရှေ့မင်းဖြစ်လာသည် မင်းကြီးစွာ နှစ်တွင် လွန် ပြီးနောက်၊ တောင်ငူကို ပြောင်းသွားတယ် (၃၂ နှစ်တွင် လွန်)
    • ညီမတော် ခင်မနောင် (သိန်းတော်နောင်) + အာရကန်ဘုရင် မင်းရာဇာကြီး / ရာထူးတစ်ခုရယူပါ တန်ဆောင်းမိဖုရား သူမကိုအာရကန်ပြည်သို့ခေါ်ဆောင်သွားခဲ့သည်။
    • ညီမတော် ခင်ပု
    • ညီတော် မင်းကြီးနောင် / (ပြည်မြို့စား) သတိုးဓမ္မရာဇာ (၂၆ နှစ်တွင် လွန်)
  • တောင်ငူ မင်းခေါင်သမီးတော် မြောက်နန်းတော် မိဖုရား သီရိရာဇဒေဝီ
    • သမီးတော် မင်းရွှေဒုန် + ကောလိယာ မင်းရဲကျော်ထင်၊ တောင်ငူ မင်းရဲသီဟသူ၏သား
  • ခင်ငယ်စုံဗိုလ် ကြာတက်ရွာ ငှက်သာသူရညီမအငယ်
    • သားတော် သီရိဓမ္မာသောက (တောင်ငူမြို့စား တောင်နုရွှေနန်း ဟူသော ဘွဲ့အမည်ဖြင့်၊ သလုံမင်း နန်းတက်စဉ်က)
  • မုတ္တမမင်းသမီး ရွှေနန်းချိုမြိန်၊ မင်းရဲနန္ဒမိတ်သမီးတော်
    • သားတော် မင်းကြီးခမည်းတော် (မုတ္တမမြို့စား) သူနဲ့ သူ့အမေ ဖမ်းပြီး အာရကန်ကို ပို့တယ်။
  • ပေါက္ခရစန္ဒာ
    • သားတော် မင်းပေါက်သာကျော် မင်းယဉ်ပေါက်ကြ (ဇာပရိုမြို့စား)
  • ချမ်းထီးရာဖား၊ မိုင်းယန်းစော်ဘွား၏ညီမငယ် စဝ်ခမ်းတော်
    • သားတော် နရမိတ်ခလာ လေးထပ်ကျောင်းတွင် လွန် ဝရလင်္ကာလှ သုဓမ္မသည် (ဟွာခေါင်းမြို့စား)
  • အုန်းဘောင်လေးစော်ဘွား သိုစောဘွားသမီးတော် ထွေးလှ
    • သားတော် မင်းရဲသီဟ (ခ) ဦးဒင်ကျော်ထင် (ပြည်မြို့စား ဘွဲ့အမည်ဖြင့်၊ သလုံမင်း နန်းတက်စဉ်က)
  • စည်စတ်ချာနာလှိုင်မြို့စား ပြဣန်ခလန်းသမီးတော် မေသာလုံငယ် (ခ) မယ်နန်းခွန်းခမ်း
    • သမီးတော် မပျစ်နွယ် (ရတနာကွမ်မာလီ) + ဖရနရေဆုအင် ယိုးဒယားဘုရင်
  • ဒဂုံမြို့စား ဗညားဂျကာ ဩောက်ဗြစက္ကိကို ယိုးဒယားထံမှ၊ ပြိဟောင်သမီးတော်၊ ခင်ငယ်ညွန့် (ဒာဝိတုန်း)
    • သားတော် မောင်စောဖြူ (ဗိုလ်မင်းထောင်တည်မြို့စားမြို့သစ် အဖြစ်ခန့်အပ်သည်။ ရခိုင်ဘုရင် မင်းရာဇာကြီးအားဖြင့်) + အာရကန်ဘုရင် မင်းရာဇာကြီးသမီးတော် ရှင်ဒွေနောင် (သူနဲ့ သူ့အမေ ဖမ်းပြီး အာရကန်ကို ပို့တယ်။)
  • လင်းဇင်မင်းသမိ ဗညားဖိုးထီစန်းလတ်သမီးတော် သိန်းခန်းလုံ
    • သားတော် ဥပါပိယ မြောင်းမြမြို့စား မင်းရဲနရသီဟ နန္ဒကျော်ထင် ဟံသာဝတီ ကျော်ထင်နော်ရထာ + ဘုရင့်နောင်သမီ မြတ်ဖုန်းဝေ
  • ဒိုင်ဗီယက်မင်းတရားရဲ့သမီး မက်မောဟော့ပ် ဟိုအန်းဒစ်
    • သမီးတော် ရွှေဘိုင်မစော
  • ဒင်ပြင်ဘွား၊ တော်ဖိုင်ဆင်း မိုင်းလမ်စော်ဘွားသမီး
    • မောင်တော် စောမိုင်းဣန်
  • နာဂမိဖုရား မိုင်းသလီ နာဂမင်း၏သမီး သက်စတ်ဘီလီ
    • သားတော် မင်းရဲရာမူးနာ
    • ညီမတော် မီလ
  • ခမ်းဖိလှစောဆင်းခမ်းမိုင်းဟွန်းစော်ဘွားရဲ့သမီး
    • သမီးတော် မြင့်ဒွင်ကတော် + ခမည်းတော်သား မင်းငွေလှ
  • ဒိုင်ဗီယက်ခမ်းတုံမင်းခမ်းယော်ရိုမိုင်းခန်စော်ဘွားရဲ့သမီး
    • သားတော် မင်းငွေလှ + ခမည်းတော်သမီး မြင့်ဒွင်ကတော်


___ဤအရာတွင် သူတို့၏မိခင်အသေးစိတ်မရှိပါ။___

    • သမီးတော် သီရိမင်္ဂလာငယ် + ရှင်နေထွန် ပြည်သတိုးဓမ္မရာဇာသားတော်

___အောက်မှာတော့ ရှင်ဘုရင်နဲ့ မွေးဖွားတဲ့ ကလေးမပါတဲ့___

တောင်နန်းတော် မိဖုရား မင်းဖြူ ဇေယျနန္ဒ တောင်ငူမင်းခေါင်သမီး

အလယ်နန်းတော် မိဖုရား မင်းထွေး ဇေယျနန္ဒ တောင်ငူမင်းခေါင်သမီး

အနောက်နန်းတော် မိဖုရား မင်းတရား မယ်တော် နန္ဒယော်ဓာ ပြည်သတိုးဓမ္မရာဇာသမီး

ပန်တရီတိရာ၊ ကလေးစော်ဘွား သိုချည်ဘွား၏သမီး

ကြည်တ်သာရာဂန္ဒာ၊ မဏိပူရ ကသည်းစော်ဘွား၏သမီး မုံရမ်ပါ

မိုးမိတ်စော်ဘွား၏သမီး၊ သိုဆိုမ်ဘွား နှင့်ဟန်နော်

မိုင်းဆင်းဟော်ခမ်းနွဲ့သမီး ထခွဲယွန်းဘွား

ဖိစမာပိသမဟာသမီး ပဒမာနဟဒ်ဆွမီ ပုဏ္ဏား

ဖိကြည်တ်ကြိင်ဒ ဘုရင်ဟောင်း မုဆိုးမ

မင်းလှ စဝ်အင်မိုင်း ကျိုင်းရုံးစော်ဘွားသမီး

ကျိုင်းသေဉ်စားသမီး တော်ကမ်ကြိုင် နှင့်ခမ်းမိုင်

မိုင်းဖန်းစော်ဘွား၏သမီး ဖရလောင်ဆူရင်ထာ့ ဒေါ်ရီယန်၊[၂]

ကိုးကား ပြင်ဆင်ရန်

  1. မှန်နန်းရာဇဝင် အတွဲ (၃)၊ ၂၀၀၃
  2. မဟာ ရာဇဝင်တော်ကြီး၊ ဘားဂရာ ဗိမာန်တော် မော်ကွန်းတိုက်