မဇ္ဈိမလှိုင်း တေးဂီတ

(မဇ္စျိမလှိုင်း တေးဂီတ မှ ပြန်ညွှန်းထားသည်)

မဇ္ဈိမလှိုင်း(Medium Wave) သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။ တခြားအဖွဲ့များကဲ့သို့ အတီးသမားများချည်းသာမဟုတ်ဘဲ အဆို၊ အရေး၊ အတီးသမားများဖြင့်ပါ အဖွဲ့တစ်ခုအနေနှင့် စတင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမလှိုင်းဟု စတင်ဖြစ်မလာခင်ကတည်းက အဖွဲ့သားများက လိစ္ဆဝီများ အဖွဲ့နာမည်ဖြင့် အယ်လ်ဘမ် သုံး လေးချပ် အရင်ထွက်ရှိခဲ့သည်။ အဆိုနှင့် ရစ်သမ်ဂစ်တာ ခင်မောင်တိုးလိဒ်ဂစ်တာဇော်မျိုးထွဋ်ဘေ့စ်ဂစ်တာ ကိုရဲလွင်၊ ဒရမ် တွတ်ကီ၊ ကီးဘုတ် မျိုးခင်တို့ပါဝင်သော မဇ္ဈိမလှိုင်း၏ အခြေခံမှာ ကိုရဲလွင်၊တေးရေး ကိုနေဝင်း၊ တေးရေး ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)၊ ခင်မောင်တိုးတို့ ဖြစ်ကြသည်။ ပင်တိုင်အဆိုတော်မှာ ခင်မောင်တိုး ဖြစ်သည်။ ဇော်မျိုးထွဋ်က ကီးဘုတ်နှင့် ဂစ်တာကို တွဲတီးခဲ့သည်။ အဖွဲ့၏ ကီးဘုတ်သမားမှာ မျိုးခင်ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ အကယ်ဒမီသုံးထပ်ကွမ်း ကိုဇော်မျိုးထွဋ်သည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်၊ ည ၈:၃၀ ကျော်ကျော်တွင် ကွယ်လွန်သွားခဲ့ပြီး ဘေ့စ်ဂစ်တာကိုရဲလွင်မှာလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ ညနေ ၄:၁၀ တွင် ကွယ်လွန်သွားခဲ့သည်။[၁]

အဖွဲ့နာမည်ကို မဇ္ဈိမလှိုင်းဟု ပေးပြီးနောက် ပရိသတ်များ ပထမဆုံး နားဆင်ခဲ့ရသည့် အခွေမှာ ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ထွက်ရှိခဲ့သည့် ခင်မောင်တိုး၏ မဟာဆန်သူ တေးစီးရီး ဖြစ်သည်။ မူကွဲမှာ ၁၉၈၀ ဝန်းကျင်က ထွက်ရှိခဲ့သည့် မွန်းအောင်၏ စိဉ္ဏမာနဉာဏ် တေးစု ဖြစ်သည်။[ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်