မနော်ဒေဝ (၁၁၄၀ - ၁၂၀၅) သည် ဘိုးတော်ဘုရားလက်ထက်တွင် ထင်ရှားခဲ့သည့် စာဆိုတစ်ဦး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်၊ ပြာသိုလပြည့်နေ့တွင် မြင်စိုင်းရွာသူကြီး ဦးသာဂရနှင့် ဒေါ်လုံမတို့မှ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ဒေဝ ဖြစ်သည်။

ငယ်စဉ် ၁၃ နှစ်အရွယ်ကပင် သာမဏေပြုခဲ့ပြီး "ရှင်ဒေဝ" ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ ရှင်ဒေဝသည် ငယ်စဉ်ကပင် တရားအဆုံးအဖြတ် ထူးချွန်ခဲ့သဖြင့် တရားသူကြီးများပင် အံ့ဩကြရသည်။ ဘိုးတော်မင်းတရားကြီး ကြားသိသည့်အခါ လူဝတ်လဲစေ၍ အမှုတော်ထမ်းရွက်စေခဲ့သည်။ ၁၁၅၅ ခုနှစ်တွင် လွှတ်တော်၌ တရားစစ်ဆေးရ၍ "တရားစစ်မနော်ဒေဝ"ဟူ၍ တွင် ခဲ့သည်။

ဂုတ္တိလပျို့ကို ရေးသားဆက်သွင်းရာ ဘိုးတော်ဘုရားက နှစ်သက်သဖြင့် အဆောင်အယောင်နှင့် ပန်းဆွဲရွာကို အပိုင်စား ချီးမြှင့်ခဲ့သည်။

ထို့နောက်တွင် တရားစစ်အဖြစ်မှ တရားသူကြီးတစ်ကျိပ်နှစ်ဦး အပါအဝင် ဖြစ်လာခဲ့သည်။ [၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

မနော်ဒေဝသည် ၁၂၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ [၁]

စာပေများ ရေးသားခြင်း ပြင်ဆင်ရန်

မနော်ဒေဝရေးသားခဲ့သည့် စာများတွင် အောက်ပါတို့ ပါဝင်သည်။[၁]

  1. ဂုတ္တိလပျို့
  2. နာရဒပျို့

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၃၃၊ ၂၃၄။