မန္တလေးမြွေဟောက်

တွားသွားသတ္တဝါ မျိုးစိတ်
မန္တလေးမြွေဟောက်
CITES နောက်ဆက်တွဲ - ၂ (CITES)[၂]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးစု: Naja
Laurenti, 1768[၃]
မျိုးစိတ်:
N. mandalayensis
ဒွိနာမ
Naja mandalayensis

မန္တလေးမြွေဟောက် (Naja mandalayensis) သည် မြန်မာ့မြွေဟောက် ဟူ၍လည်း လူသိများပြီး မန္တလေး အဆိပ်မှုတ် မြွေဟောက် ဟုလည်း ခေါ်လေ့ရှိသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် ရှင်သန်ကျက်စားသော မြွေ မျိုးစိတ် တစ်မျိုးဖြစ်သည်။[၁]

ပုံပန်းသွင်ပြင် ဖော်ပြချက် ပြင်ဆင်ရန်

ဤမြွေဟောက်မျိုးစိတ်သည် အရွယ်အစား အလယ်အလတ်ရှိပြီး လေးလံသော ခန္ဓာကိုယ်ရှိသည်။ အရွယ်ရောက်ပြီးမြွေတစ်ကောင်၏ ပျမ်းမျှအရှည်သည် ၃.၃ မှ ၃.၉ ပေ (၁.၀ မှ ၁.၂ မီတာ) အထိရှိတတ်ပြီး ၄.၆ ပေ (၁.၄ မီတာ) အထိကြီးထွားနိုင်သည်။ ဦးခေါင်းသည် ဘဲဥပုံရှိပြီး ပြားချပ်၍ တိုတောင်းပြီး လုံးဝန်းသော နှာတံနှင့် ကြီးမားသော နှာခေါင်းပေါက်များဖြင့် လည်ပင်းနှင့် အနည်းငယ်ကွဲပြားမှုရှိသည်။ ခန္ဓာကိုယ်အား dosoroventrally နှင့် subcylindrical posteriorly ဖိသိပ်ထားသည်။ ၎င်း၏အကြေးခွံများသည် ချောမွေ့ပြီး ခိုင်ခံ့သော ချောမွှတ်သည်။ မျက်လုံးများသည် အလယ်အလတ် အရွယ်အစားရှိပြီး ဝိုင်းစက်နေသော သူငယ်အိမ်များရှိသည်။ ဤမျိုးစိတ်၏ကိုယ်ထည်သည် အဝါရောင်မှ အညိုမှိုင်းဖြစ်ပြီး နက်မှောင်သော အညိုရင့်ရောင်မျိုးလည်း ရှိသည်။ ဝမ်းဗိုက်သည် မည်းနက်သော အစက်အပြောက်အချို့နှင့် ဖြူဖတ်ဖြူရော်ရှိသည်။ နမူနာများသည် မေးစေ့နှင့် လည်ချောင်းအောက်တွင် နက်မှောင်နေပြီး နောက်တွင် ပို၍ ကြည်လင်သော ဧရိယာဖြင့် ထို့နောက် ပါးပျဉ်း၏ လေဝင်ပေါက်ကို ဖြတ်ကာ အနက်ရောင် ကြိုး ၂ သို့မဟုတ် ၃ ကွင်းဖြင့် တွေ့ရသည်။ ဤမျိုးစိတ်များတွင် အထူးသဖြင့် အရွယ်မရောက်သေးသော မြွေအချို့တွင် မျက်မှန်ပုံသဏ္ဌာန်ရှိသော်လည်း၊ အခြားမြွေဟောက်မြွေဟောက်မျိုးစိတ်များကဲ့သို့ပင် ၎င်းတို့တွင် အဆိပ်မှုတ်ထုတ်ရန်အတွက် သိသာထင်ရှားသော ရှေ့အစွယ်တစ်စုံရှိသည်။[၅]

ပျံ့နှံ့တွေ့ရှိရသော ဒေသများ ပြင်ဆင်ရန်

ဤမျိုးစိတ်များသည် မန္တလေးတိုင်းဒေသကြီးမကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း တို့ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင် အစုလိုက်နေထိုင်ကြသည်။ အလယ်ပိုင်းခြောက်သွေ့ဇုန်သည် ရာသီဥတု ဖောက်ပြန်၍ ကောင်းစွာသတ်မှတ်ထားသော ဧရိယာဖြစ်ပြီး ဧရိယာ ၂၀,၀၀၀ စတုရန်းကီလိုမီတာထက် ကျဉ်းမြောင်းနိုင်သည်။ ဤမြွေ၏ လူသိနည်းသော မှတ်တမ်းများကို ဤအထွေထွေဒေသတစ်လျှောက်ရှိ ဒေသများမှ မှတ်တမ်းတင် ရယူခဲ့ပြီး မှတ်တမ်းတင်ထားသောဒေတာကိုအခြေခံ၍ ခန့်မှန်းခြေအားဖြင့် ၁၈,၅၀၀ စတုရန်းကီလိုမီတာခန့်ရှိသည်။[၅]

နေထိုင်ကျက်စားရာ ဒေသ ပြင်ဆင်ရန်

ဤမျိုးစိတ်များကျက်စားသည့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်သည် နှစ်စဉ် မိုးရေချိန် ၁,၀၀၀ မီလီမီတာ (၃၉ လက်မ) အောက်သာ ရရှိသည့် ဒေသဖြစ်သည်။ ဧရိယာကို စိုက်ပျိုးရေး ရည်ရွယ်ချက်အတွက် အပြင်းအထန် အသုံးပြုနေသော်လည်း ထိုဧရိယာကို အကေးရှားပင် နှင့် dipterocarpaceae ဆာဗာနားမြက်ခင်းများဖြင့်သာ ဖွဲ့စည်းထားသည်။ မန္တလေးတောင်ခြေရှိ မြွေဟောက်နမူနာများကို ခြောက်သွေ့တောများ နှင့် အကေးရှားပင်တောထဲများမှ ကောက်ယူခဲ့သည်။[၅]

နေထိုင်ပြုမူပုံနှင့် အစားအစာ ပြင်ဆင်ရန်

ဤမြွေဟောက်မျိုးစိတ်သည် မှောင်ချိန် သို့မဟုတ် ညအချိန်များတွင် အမဲလိုက်ခြင်းအား အများအားဖြင့် ပြုလုပ်လေ့ရှိသည်။ သူတို့သည် နေ့ခင်းဘက်အချိန်များကို အများအားဖြင့် ငုတ်တုတ် သို့မဟုတ် နေပူထဲတွင် ကုန်ဆုံးကြသည်။[၆] မန္တလေးမြွေဟောက်များသည် သတိနှင့် ခံနိုင်ရည်ရှိကြသည့် မြွေများဖြစ်ပြီး ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့၏ ပါးပျဉ်းကို အလျင်အမြန်ထောင်လေ့ရှိသည်။ အဆိပ်မှုတ်ထုတ်ရန် ဒေါသအနည်းငယ်သာ လိုအပ်သည်။ အဆိပ်ကို အနည်းဆုံး ၂ မီတာ (၆.၆ ပေ) အထိရောက်ရှိအောင် မှုတ်နိုင်စွမ်းရှိသည်။ ဤမျိုးစိတ်များသည် အဆိပ်မှုတ်ခြင်းအပြင် ကျယ်လောင်စွာ နှာမှုတ်နေလျှက် ခြိမ်းခြောက်မှုရှိနေသည့်နေရာသို့ ဦးတည်သွားလေ့လည်းရှိသည်။[၅]

ဖားပြုတ်များနှင့် ဖား များကို အဓိကအားဖြင့် အမဲလိုက်စားသုံးလေ့ရှိသော်လည်း အခြားမြွေများ၊ နို့တိုက်သတ္တဝါငယ်များနှင့် ရံဖန်ရံခါ ငါးများကိုပင် ဖမ်းယူစားသောက်လေ့ရှိသည်။[၇]

အဆိပ် ပြင်ဆင်ရန်

ဤမျိုးစိတ်၏ အဆိပ်အကြောင်းအား တိတိကျကျ သိရှိထားခြင်းမရှိသေးပေ။ သို့သော် အဆိပ်မှုတ် မြွေဟောက် မျိုးစိတ်အနေဖြင့် အဆိပ်သည် cytotoxic နှင့် post-synaptic neurotoxic ဂုဏ်သတ္တိများ ပါဝင်နေနိုင်သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wogan, G. (2012). "Naja mandalayensis". IUCN Red List of Threatened Species 2012. IUCN. doi:10.2305/IUCN.UK.2012-1.RLTS.T192227A2058297.en. 
  2. Appendices | CITES။ 2022-01-14 တွင် ပြန်စစ်ပြီး။
  3. NajaIntegrated Taxonomic Information System။ 30 December 2014 တွင် ပြန်စစ်ပြီး။
  4. Naja mandalayensisIntegrated Taxonomic Information System။ 30 December 2014 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ "A New Cobra (Elapidae: Naja) from Myanmar (Burma)" (2000): 257–270. Retrieved on 30 December 2014. 
  6. ၆.၀ ၆.၁ Naja mandalayensis
  7. Naja mandalayensis

ပြင်ပလင့်များ ပြင်ဆင်ရန်