မမျိုးပွားအင်္ဂါ ဖြတ်တောက်ဖယ်ရှားခြင်း ဓလေ့

မမျိုးပွားအင်္ဂါ ဖြတ်တောက်ဖယ်ရှားခြင်း ဓလေ့ (အင်္ဂလိပ်: Female genital mutilation; အတိုကောက် FGM) သည် မမျိုးပွားအင်္ဂါ ပြင်ပအစိတ်အပိုင်းများ အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်သည်။ ဤအလေ့အကျင့်ကို အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းတို့တွင် တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၃၀ ရှိ အမျိုးသမီး သန်း ၂၀၀ ခန့်သည် ဤကဲ့သို့ ပြုလုပ်ထားသည်ဟု ယူနီဆက်ဖ်က ခန့်မှန်းထားသည်။[]

ဓားသုံးသည့် ရိုးရာ အရေပြားဖြတ်တောက်ကိရိယာဖြင့် ဆောင်ရွက်လေ့ရှိသည်ဖြစ်ရာ ဖွားမြင်သန့်စင်ပြီးသည်မှ အရွယ်ရောက်သည့်အချိန်နှင့် ယင်းနောက်ပိုင်းအချိန်ထိ FGM ကို ကျင့်သုံးသည်။ နိုင်ငံလုံးဆိုင်ရာ ကိန်းဂဏန်းအရေအတွက် အရသိနိုင်သော နိုင်ငံတစ်ဝက်ခန့်ရှိ မိန်းကလေးငယ်အများစုမှာ အသက် (၅) နှစ်မတိုင်မီ ဖြတ်တောက်ခံရပြီးဖြစ်သည်။[] နိုင်ငံ (သို့) လူမျိုးစုပေါ်မူတည်ပြီး ကျင့်သုံးမှုပုံစံ ကွဲပြားသည်။ မအင်္ဂါစေ့ အမိုးနှင့် အင်္ဂါစေ့ခေါင်း ကို ဖယ်ရှားခြင်း၊ မအင်္ဂါ အတွင်း နှုတ်ခမ်းသားကို ဖယ်ရှားခြင်း၊ မအင်္ဂါအတွင်းအပြင်နှုတ်ခမ်းသားနှင့် မအင်္ဂါနှုတ်ခမ်းဝအပိတ်တို့ကို ဖယ်ရှားခြင်းတို့ ပါဝင်သည်။ ယောနိကို ချုပ်ပစ်ခြင်း ဖြစ်စဉ်တွင် ဆီးသွားရန်နှင့် ဓမ္မတာရာသီသွေးဆင်းနိုင်ရန် အပေါက်ငယ်တစ်ခုသာ ချန်ထားလေ့ရှိပြီး လိင်ဆက်ဆံရန်နှင့် ကလေးမီးဖွားချိန်မှသာ ယောနိပေါက်ကို ချဲ့သည်။[]

ယင်းကျင့်ထုံးသည် ကျားမလူနေမှုဘဝ တန်းတူညီမျှမှုမရှိခြင်း၊ အမျိုးသမီးသမီးတို့၏ လိင်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှု နှင့် သန့်စင်ခြင်း၊ မလော်လည်ခြင်းနှင့် လှပခြင်းစသည့် အတွေးအခေါ်တို့တွင် မြစ်ဖျားခံသည်။ ဂုဏ်ကျက်သရေအရင်းခံဟုရှုမြင်သော၊ ထိုသို့ဖြတ်တောက်ခြင်း မပြုလျှင် မိမိတို့၏ သမီးများနှင့် မြေးမများ လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံရမည် [] ကို စိုးရိမ်သည့် အမျိုးသမီးများကိုယ်တိုင် ကမကထပြုပြီး ဆောင်ရွက်လေ့ရှိသည်။ မကြာခဏ ပိုးဝင်ခြင်း၊ ဆီးသွားရန်နှင့် ရာသီသွေးစွန့်ရန် ခက်ခဲခြင်း၊ ကာလကြာရှည် အနာတရဖြစ်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ကလေးရရန်မစွမ်းနိုင်ခြင်း၊ မီးဖွားစဉ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများပေါ်ပေါက်ခြင်းနှင့် သွေးအလွန်အမင်းဆင်းခြင်းစသည့် ကျန်းမာရေး အန္တရာယ်များဖြစ်ပေါ်စေနိုင်သည်။[] ကျန်းမာရေးအကျိုးကျေးဇူးရနိုင်သည်ဟု မသိရှိသေးပါ။[]

၁၉၇၀ ပြည့်နှစ်များမှ စတင်ပြီး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ ရှိလာရာ FGM ဓလေ့ကို စွန့်လွှတ်ရန် ကျင့်သုံးသူများကို တိုက်တွန်းခြင်းနှင့် ထိုသို့ကျင့်သုံးလေ့ရှိသော နိုင်ငံအတော်များများတွင် ဥပဒေထုတ်တားမြစ်ခြင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်ပြီးဖြစ်သော်လည်း ဥပဒေစိုးမိုးမှု အားနည်းနေဆဲဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစတင်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးက ကျန်းမာရေးစောင့်ရှောက်သူများကို ယင်းဓလေ့ကို ဆောင်ရွက်ပေးခြင်းမပြုရန် နှိုးဆော်ပန်ကြားပြီးဖြစ်ရာ ၎င်းတို့တွင် အမိဝမ်းမှကျွတ်ပြီးနောက် မအင်္ဂါကို အပိတ်ချုပ်ပစ်ခြင်းနှင့် အမှတ်အသားအနေဖြင့် မအင်္ဂါစေ့အမိုးကို "nicking" ပြုလုပ်ခြင်းတို့လည်းပါဝင်သည်။ မနုဿဗေဒပညာရှင်များက ရိုးရာယဉ်ကျေးမှုလွတ်လပ်ခွင့် (cultural relativism) နှင့် အားလုံးရပိုင်သည့် လူ့အခွင့်အရေး (universality of human rights) နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကြရာ ယင်းအပြုအမူအား အတိုက်အခံဆန့်ကျင်မှုမှာလည်း အဝေဖန်ခံရမှု မလွတ်ပေ။[]

  1. UNICEF 2016.
  2. For the circumcisers and blade: UNICEF 2013, 2, 44–46; for the ages: 50.
  3. ၃.၀ ၃.၁ Abdulcadir et al. 2011.
  4. UNICEF 2013, 15; [[#CITEREF|]].
  5. WHO 2018.
  6. Shell-Duncan 2008.