မီခေးလ် မီယာစညီကိုဗစ်ချ်

ဘယ်လာရုစ်သမ္မတနိုင်ငံ၏ သတ္တမမြောက် ဝန်ကြီးချုပ် (၂၀၁၀-၂၀၁၄)


ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ် (Mikhail Myasnikovich) အား ၁၉၅၀ ပြည့်နှစ် မေလ ၆ရက်နေ့တွင် မင့်ခ်စ်ပြည်နယ်၊ နက်စ်ဗစ်ခရိုင်၊ နိုဘီစနော့ကျေးရွာ၌ မွေးဖွားသည်။ ၁၉၆၇ ခုနှစ်တွင် စေနာ့ အထက်တန်းကျောင်းမှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဘရက်စ်ပြည်နယ်၊ အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး တက္ကသိုလ် နှင့် ၁၉၈၉ ခုနှစ်တွင် မင့်ခ်စ်မြို့ အထက်တန်းပါတီကျောင်းမှ ဘွဲ့ရရှိခဲ့သည်။

ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ်
ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
မွေးသက္ကရာဇ် ၁၉၅၀-ပြည့်နှစ် မေလ ၆ရက်
အမည်ရင်း
မိဘအမည်
မွေးဖွားရာဒေသ မင့်ခ်စ်ပြည်နယ်၊ နက်စ်ဗစ်ခရိုင်၊ နိုဘီစနော့ကျေးရွာ
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း ပရော်ဖက်ဆာဘွဲ့
အလုပ်အကိုင်
ကြင်ဖော်
သားသမီး သားတစ်ဦးနှင့် သမီးတစ်ဦး
ထင်ပေါ်ကျော်ကြားမှု ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်

ဒေါက်တာ မီခေးလ် ဗွီ မီယာစညီကိုဗစ်ချ် သည် မင့်ခ်စ်ပြည်နယ်ရှိ နိုင်ငံတော် သုတေသနနှင့် ဖွံ့ဖြိုးတက္ကသိုလ်တွင် နည်းပညာဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးအဖြစ် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ စစ်မှုထမ်းခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဆိုဗီစကီခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် မင့်ခ်စ်မြို့တော် အုပ်ချုပ်မှုကော်မတီ ဒုတိယအုပ်ချုပ်ရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ဘိုင်လိုရုရှားကွန်မြူနစ်ပါတီ ၏ မင့်ခ်စ်မြို့တော် ကော်မတီ အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ၏ ဒုတိယ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတရုံး အုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် စီးပွားရေး ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဘယ်လာရုစ်အမျိုးသားသိပ္ပံတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပရော်ဖက်ဆာဘွဲ့ ကို ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

၎င်းသည် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် မြေး နှစ်ယောက် ရှိသူ တစ်ဦး ဖြစ်သည်။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၁၁)