Brassica juncea
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Brassicales
မျိုးရင်း: Brassicaceae
မျိုးစု: Brassica
မျိုးစိတ်:
B. juncea
ဒွိနာမ
Brassica juncea

ပုံသဏ္ဌာန် : အပင်---ရာသီပင် မျိုး ဖြစ်၍ အမြင့် ၂ ပေခန့် ရှိသည်။ အရွက်--- မြေမှ ကပ်၍ ထွက်သည်။ ရွက်ရင်း ပိုင်း မာ၍ ရွက်ပြား ရွက်နား အဝိုက်များ ရှိသည်။ ရွက်ရိုး ဖြူသည်။ ရွက်ညှာ ရှည်၍ အသားပွ ပြီး အလယ်တွင် မြောင်းကဲ့သို့ ဖြစ်နေ၏။ အပွင့်---ပန်းခိုင် ရှည်လျားသည်။ ပန်းပွင့် လေးများ အဝါရောင် ရှိသည်။ အသီး ---အလွန် သေးငယ်သည်။ လုံးဝိုင်း၍ နှမ်းစေ့ ခန့် ရှိသည်။ အမွေး ထူသည်၊ နှုတ်သီး ရှည်သည်၊ အစေ့ပြား ၍ အညိုနု ရောင်ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : မုန်ညင်းစေ့ ၊ မုန်ညင်းဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် ဟင်းသီးဟင်းရွက် အဖြစ် စိုက်ပျိုးသည်။ အထူး သဖြင့် အေးမြ သော ရာသီ ဥတု ရှိသည့် တောင်တန်း ဒေသများ တွင် ပိုမို ဖြစ်ထွန်း၏။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ- (က) ပျိုးထောင်ခြင်း----၃ ပေ x ၂ ပေ ရှိသော ပျိုးခင်းတွင် မျိုးစေ့ ငါးမူးသား ခန့် ပျိုးပါ။ မျိုးစေ့ ချပြီး ရေဖြည်းဖြည်း နှံ့အောင် ခပ်ရွှဲရွှဲ လောင်း၍ ကောက်ရိုး ဖြင့် ၄ ရက်ခန့် အုပ်ထား ရသည်။ (ခ) ပြောင်းရွှေ့စိုက်ပျိုးခြင်း-----မြေကို ကောင်းစွာ ထွန်ယက် ၍ မြေဩဇာ တစ်ဧက လျှင် လှည်း ၁၀ စီး မှ ၁၅ စီး ခန့် ထည့်ပြီး သမအောင် ပြုပြင်၍ တစ်ပင် ၈ လက်မ တစ်တန်း နှင့် တစ်တန်း ၁၂ လက်မ ခွာ၍ ပြောင်းရွှေ့ စိုက်ပျိုး ရမည်။ (ဂ) ပြုစုဂရုစိုက်ခြင်း---ရေကို လိုအပ် သလို လောင်း၍ ပေါင်းမြက်များ ကို ရှင်းလင်း ထားပေး ရမည်။ (ဃ) ဆွတ်ခူးခြင်း---စိုက်ပြီး ရက်ပေါင်း ၄၅ မှ ၆၀ အကြာတွင် ဆွတ်ခူး နိုင်သည်။ အသုံးဝင်ပုံ : အာနိသင် ---မြန်မာ ဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ် ခါး သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ထက်မြက် ၏ ၊ ဝမ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏ ။ သွေးအန် ။ သွေးကျ ၊ နူနာ ၊ ယားယံခြင်း ကို ပျောက်ကင်း စေ၏ ။ အသုံးပြုပုံ- အစေ့ ၁ ။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။ အဆီ ၁ ။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။ ၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုး ကို ရောချက် ၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။ ၃ ။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။ ၄ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါ များ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေး ခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။ ၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ဝင်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။ ၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။ ၇ ။ ခေါင်း ကိုက် ခေါင်း အုံ လျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။ ၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက် သည့် နေရာများ တွင် မုန်ညင်းဆီ လိမ်းပေးက လည်း ပျောက်ကင်း၏။ ၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆ ကို တောင်ဆိတ် ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး က ပျောက်၏။ ၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။ ၁၁။ အနာပျက် ၊ အနာဆွေး များ တွင် မုန်ညင်း ဆီ လိမ်းက ပျောက်၏။ ၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။ ၁၃ ။ လူကောင်းများ ကိုယ်တွင် လိမ်း၍ အိပ်ပါက ဝဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များ မှ ကင်းဝေး စေ၏။ []