မုန်းစွဲ (ရုပ်ရှင်)
မုန်းစွဲ သည် ၂၀၁၈ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဘာသာရေး ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။ ဒါရိုက်တာ ဩရသ ရိုက်ကူးပြီး နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ ကျော်ကျော်ဗိုလ်၊ အေးဝတ်ရည်သောင်း တို့က အဓိကပါဝင်သရုပ်ဆောင်ပြီး၊ ဇွဲဝေယံထူး၊ ဇွဲဝေယံထက် အမွှာ ကလေးသရုပ်ဆောင်နှစ်ဦးက အားဖြည့်ထားသည်။ မုန်းစွဲဇာတ်ကားသည် မြန်မာနိုင်ငံ၏ ဝင်ငွေအများဆုံးရုပ်ရှင်ကားများအနက် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။[၁] ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာနှင့် စင်ကာပူ နိုင်ငံများတွင် တပြိုင်နက် စတင်ပြသခဲ့သည်။[၂]
မုန်းစွဲ | |
---|---|
![]() ရုံတင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ဩရသ |
ထုတ်လုပ်သူ | ဝေမင်းမောင် |
စာရေးသူ | အရှင်ဆန္ဒာဓိက |
ဇာတ်ညွှန်း | လွင်မင်းအံ့ |
ဇာတ်လမ်း | အရှင်ဆန္ဒာဓိက / လွင်မင်းအံ့ |
အခြေခံထားသည်မှာ | အရှင်ဆန္ဒာဓိက ၏ အသေလှတဲ့သူ တရားတော် |
သရုပ်ဆောင် |
|
ဂီတမှူး | လင်းထက် |
ဓာတ်ပုံ | ဝင်းလွင်ထက် (ဓာတ်ပုံဒါရိုက်တာ - Director of Photography)၊ အာကာတိုး၊ ကျော်စိုးလွင် |
တည်းဖြတ် | စိုးထွဋ်၊ အာကာကျော် |
ထုတ်လုပ်ရေး ကုမ္ပဏီ | သတ္တမအာရုံ ရုပ်ရှင်ထုတ်လုပ်ရေး (7th Sense Film Production) |
ကြာမြင့်ချိန် | ၁၃၂ မိနစ် |
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | ဗမာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၁၆ - ၁၁ - ၂၀၁၈ |
ဇာတ်ကြောင်း ပြင်ဆင်ရန်
ဤဇာတ်ကားကို နာမည်ကျော် ဓမ္မကထိက ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ဟောကြားပြီး စာအုပ်အဖြစ်ပါ ထုတ်ဝေထားသည့် အသေလှတဲ့သူ တရားတော်မှ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံကာ ရိုက်ကူးထားသည်။[၃]ဘာသာရေးဆိုင်ရာ အသိပညာပေးဇာတ်ကားဖြစ်သည့်အပြင်၊ ဗုဒ္ဓတရားတော်နှင့် ပတ်သက်သည့်အချက်အလက်များစွာ ပါဝင်ကာ၊ အမုန်းတရားကို စွဲလမ်းခြင်း၏ ဆိုးကျိုးအပြစ်တို့ကို ပုံဖော်ပြသထားလေသည်။ ယခင်ဘဝက လူဆိုးလူမိုက် လူရမ်းကားညီအစ်ကို ထူးဇော် (နေတိုး) နှင့် တူးမော် (မင်းသွေး) တို့က လူအများကို ဒုက္ခများ ပေးခဲ့သည်သာမက မသည်းအုံ (ဖွေးဖွေး) ကို ဘဝပျက်ကာ အရှက်ရသည့်အပြင် သူမမိခင်ကို သတ်၊ သူမ၏ ချစ်သူ ကိုဖိုးအောင် (ကျော်ကျော်ဗိုလ်) တို့ကို ဒုက္ခိတဖြစ်အောင် နှိပ်စက်ပြီး၊ အသေဆိုးဖြင့် သေလွန်ကာ ယခုဘဝတွင် ကိုဖိုးအောင်နှင့် မသည်းအုံတို့ လင်မယား (သူတို့လက်ထပ်လိုက်ကြသည်) ထံတွင် အမွှာညီအစ်ကိုအဖြစ်မွေးဖွားလာရမှ၊ ရဟန်းနှစ်ပါး (နေတိုး နှစ်ကိုယ်ခွဲ) ဖြစ်သည့်တိုင် ဘဝဖြစ်ရပ်အစုံစုံကို ဖော်ပြထားပြီး၊ ဗုဒ္ဓတရားတော်ပါ သံသရာစက်ဝန်းသဘောဖြင့် သုံးသပ်ကာ အချင်းချင်း ယခင်ဘဝများက အမုန်းတရားများ ကင်းစင်ကာ လှပစွာ ဇာတ်သိမ်းထားသည်။
သရုပ်ဆောင်များ ပြင်ဆင်ရန်
- ယခင်ဘဝက ထူးဇော်၊ ယခုဘ၀ ရဟန်းနှစ်ပါး (နှစ်ကိုယ်ခွဲရိုက်ကူးမှု) အဖြစ် နေတိုး
- ကိုဖိုးအောင်အဖြစ် ကျော်ကျော်ဗိုလ်
- ယခင်ဘဝက တူးမော် အဖြစ် မင်းသွေး
- မသည်းအုံ အဖြစ် ဖွေးဖွေး
- ယခင်ဘဝက မကြာဥ၊ ယခုဘ၀ မသိင်္ဂီ အဖြစ် အေးဝတ်ရည်သောင်း
- အမွှာကိုရင်နှစ်ပါးအဖြစ် ဇွဲဝေယံထူး ၊ဇွဲဝေယံထက်
ရရှိသောဆုများနှင့် ဝင်ခဲ့သည့် ဆန်ခါတင်စာရင်းများ ပြင်ဆင်ရန်
ရရှိသောဆုများ
- ဩရသ က အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု
- ကျော်ကျော်ဗိုလ် က အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ပို့ဆု
- ကိုအေး က အကောင်းဆုံးအသံဆု
- ဝင်းလွင်ထက် က အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု
စတားအဝါ့ဒ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထူးချွန်ဆု
- အရှင်ဆန္ဒာဓိက က ဘတ်စ် စတိုရီ အဝါ့ဒ် ခေါ် အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းဆု
ဆန်ခါတင်ဝင်ခဲ့ခြင်းများ
- အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု
- နေတိုး က အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ဆောင်ဆု
- အေးဝတ်ရည်သောင်း က အကောင်းဆုံးအမျိုးသမီးရုပ်ရှင်ဇာတ်ပို့ဆု
- လွင်မင်းအံ့ က အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု
- စိုးထွဋ် + အာကာကျော် က အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု
စတားအဝါ့ဒ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထူးချွန်ဆု
- ဘတ်စ် ပစ်ချား ခေါ် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု
- ဩရသ က ဘတ်စ် ဒါရိုက်တာ ခေါ် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု
- ကျော်ကျော်ဗိုလ် က ဘတ်စ် အက်ခ်တာ အင် အစပေါ့တင်းရိုးလ် ခေါ် အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ပို့ဆု
- အေးဝတ်ရည်သောင်း က စပါယ်ရှယ် အဝါ့ဒ် (ပါဖောမင့်) ခေါ် အထူးဆု (သရုပ်ဆောင်ချက်)
- ဝင်းလွင်ထက် က ဘတ်စ် စီနီမာတိုဂရက်ဖီ ခေါ် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု
References ပြင်ဆင်ရန်
- ↑ Mone Swal: A rare treat for Myanmar moviegoers။ 28 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2019 တွင် ပြန်စစ်ပြီး။
- ↑ ဇွဲဉာဏ် (၁၈ နိုဝင်ဘာ ၂၀၁၆). ""မုန်းစွဲ"ဇာတ်ကား ကြည့်ရှုသူများ၍ ပွဲချိန် ထပ်တိုးပြသနေရ". 7 Day (၁၉၈၅). Retrieved on ၃၁ မတ် ၂၀၁၉. Archived 31 March 2019 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 31 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2019 တွင် ပြန်စစ်ပြီး။
- ↑ ချစ်ပိုး (၁၉ နိုဝင်ဘာ ၂၀၁၈)။ "မုန်းစွဲ"ရုပ်ရှင်က ဖြစ်ရပ်မှန် ဖြစ်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိုက်ခဲ့ရတယ်။ ၃၁ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။