ဖွေးဖွေး သည် မြန်မာနိုင်ငံမှ ကြော်ငြာနှင့် ရုပ်ရှင်မင်းသမီးတလက်ဖြစ်သည်။ [] သူသည် မြန်မာ့ရုပ်ရှင်လောက၌ လူသိများသော မင်းသမီးဖြစ်သည်။ ဝတ်မှုန်ရွှေရည် နှင့် အစ်မဝမ်းကွဲတော်စပ်သည်။

ဖွေးဖွေး
မွေးဖွားရွှေရည်ကိုဦး
(1988-08-09) ၉ ဩဂုတ်၊ ၁၉၈၈ (အသက် ၃၆)
မိုးကုတ်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ-ရှမ်း
မိခင်ကျောင်းအ.ထ.က(၂)ကမာရွတ်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇–လက်ရှိ
မိဘ(များ)ဦးမောင်ဦး
ဒေါ်သိင်္ဂီ
ရရှိသည့်ဆုများ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၈)

၁၉၈၈-ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ရွှေရည်ကိုဦး ဖြစ်သည်။ သူ၏အသားအရည်ကြောင့် မိဘများက သူ့အား ဖွေးဖွေး(အသားဖြူဖွေးခြင်း)ဟု အမည်ပြောင်မှည့်ခေါ်ခဲ့သည်။ သူ၏မိဘများမှာ မိုးကုတ်ကဖြစ်သောကြောင့် သူ့တွင် ရှမ်းသွေးအနည်းငယ်ပါဝင်နေသည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်း အထက ၂ ကမာရွတ် မှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကိုရီးယားမေဂျာဖြင့် တက္ကသိုလ်ဘွဲ့ ရခဲ့သည်။

အနုပညာလမ်းကြောင်း

ပြင်ဆင်ရန်

ဖွေးဖွေးသည် ငယ်စဉ်ကပင် အဆိုတော်ဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကြောင့် သူသည် သူငယ်ချင်းများနှင့် စုပေါင်း၍ "Art of Depression" တီးဝိုင်းတည်ထောင်ကာ အဆိုတော်အဖြစ်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဝင်စားမှုသည်လည်း မော်ဒယ်နှင့် သရုပ်ဆောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အနုပညာ သရုပ်ဆောင်လောကသို့ မက်စ်ပြက္ခဒိန်တွင် မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ [] နောက်ပိုင်းတွင် သူ့အား တီဗီကြော်ငြာနှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ လက်ရှိအချိန်ထိ သူမသည် ဗီဒီယို ၃၀ကျော်နှင့် မဂ္ဂဇင်းအဖုံးကာဗာများစွာတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ ဗီဒီယိုနှင့် အတူ သူ၏ပထမဆုံး တကိုယ်တော် အယ်လ်ဘမ်ကို အနာဂတ်တွင် ဖြန့်ချိနိုင်ရန် ကြိုးစားနေသည်။

သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်း၊ မော်ဒယ်လုပ်ခြင်းတို့ အပြင် ဖွေးဖွေးသည် ဖက်ရှင်ဒီဇိုင်းပြုလုပ်ရာတွင်လည်း ဝါသနာပါသည်။[] သူသည် မြန်မာရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ ဝတ်မှုန်ရွှေရည်၏ ညီအစ်မတစ်ဝမ်းကွဲ တော်စပ်သည်။သူသည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်းအပေါ် လက်မခံသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။[] အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဧပြီ ၃ရက် နေ့တွင် ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရပြီး တစ်မိသားစုလုံးထွက်ပြေးခဲ့ရကာ အနုပညာလောက မှ ခဏပျောက်ကွယ်သွားသည်။[] ၂၀၂၃ ခုနှစ် ဩဂုတ်လပိုင်းမှ လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာပြီး အနုပညာအလုပ်များ ပုံမှန် ဆက်လက် လုပ်ကိုင်လျှက်ရှိသည်။

ရုပ်ရှင်ထူးချွန်ဆု ဆန်ကာတင်နှင့် ဆွတ်ခူးရရှိမှု

ပြင်ဆင်ရန်
ရရှိသောနှစ် ဆုအမျိုးအစား ရရှိသောဇာတ်ကား
၂၀၁၂ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [] လက်ပံ
၂၀၁၅ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [] ကျွန်မက နှင်းဆီပါမောင်
၂၀၁၈ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရွှေကြာ []
ခုနှစ် အမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်
၂၀၀၉ နတ်သမီးလေးများရဲ့ကိုယ်ရံတော် သိန်းဟန် ကျော်ရဲအောင်မေကဗျာပုလဲဝင်းသဇင်
၂၀၀၉ အပြာရောင်မုသား မျိုးမင်း ကျော်ကျော်ဗိုနေဆန်းမို့မို့မြင့်အောင်
၂၀၁၀ အလင်းပျို့ချိန် မျိုးမင်း ရဲတိုက်မို့မို့မြင့်အောင်
၂၀၁၀ မြတ်သောကျေးဇူး ကြည်ဖြူသျှင် ရဲအောင်အောင်ရဲလင်းမျိုးစန္ဒီထွန်းလှအဉ္ဇလီတင့်
၂၀၁၀ ၂၄နာရီ တစ်ရက် နေမိုင် အောင်ရဲလင်း၊ မေကဗျာ
၂၀၁၀ ကော်ဖီချစ်သူ ဇော်ကိုကို နေတိုး၊ ရဲအောင်
၂၀၁၀ တစ်ခါက မီးပွား မြင့်မြတ်၊ အေသင်ချိုဆွေ
၂၀၁၀ ရင်ခုန်သံ ဝိုင်း ပြေတီဦး
၂၀၁၀ မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေ ဥက္ကာဘို မင်းမော်ကွန်း၊ ရဲအောင်၊ ဖိုးကျော်
၂၀၁၀ ကန့်ကော်တစ်ပွင့်ကောက်ရထားသည်။ မျိုးမင်း မင်းခန့်
၂၀၁၀ အဖြူရောင်မာယာ ထူးသာ နေတိုး (ရုပ်ရှင်သရုပ်ဆောင်)၊ ရဲအောင်၊ ဆုပန်ထွာ
၂၀၁၁ သုံး ရဲဇော် ရဲတိုက်၊ မိုးမိုး
၂၀၁၁ ဟန်ဆောင်ကာမူပို ကျော်ဇောလင်း အောင်ရဲလင်း
၂၀၁၁ အငြိတစ်ချက်မှာအသက်ပါသွားတယ် မျိုးမင်း ခန့်စည်သူ၊ ခိုင်သင်းကြည်
၂၀၁၁ ရင်တွင်းအရှုပ်တော်ပုံ ကျော်ဇောလင်း ပြေတီဦး၊ မိုးယုစံ
၂၀၁၁ ပင်လယ်မင်းသား ကြည်ဖြူသျှင် အောင်ရဲလင်း
၂၀၁၁ ချစ်သူ အောင်ဘပါဝါ ရဲတိုက်
၂၀၁၁ ကျွန်တော်၏ ဓာတ်တိုင် သားကြီး မင်းမော်ကွန်း၊ ပန်းဖြူ
၂၀၁၁ ချွေတာရကောင်းမှန်းမသိအောင်ချစ်တဲ့ကောင်မလေး မျိုးမင်း ကောင်းခန့်၊ မင်းထိန်၊ ဝါဆိုမိုးဦး၊ ဆုပြည့်
၂၀၁၁ လူညိုချောရဲ့ အတ္ထုပတ္တိ ဝိုင်း နေမင်း၊ နေဆန်း၊ သူရလင်း၊ လင်းဇာနည်ဇော်၊ ဖူးဖူး၊ ဝါဆိုမိုးဦး၊ အင်ဂျင်း
၂၀၁၁ မျက်ရည်အဘိဓာန် ဝိုင်း အောင်ရဲလင်း၊မေကဗျာ
၂၀၁၁ ကံကြမ္မာကိုရောင်းစားကြသူများ ကိုပေါက် မြင့်မြတ်
၂၀၁၁ ဆိုက်ကိုဆော့ဖ်ဝဲလ် ဝိုင်း အောင်ရဲလင်း
၂၀၁၂ လက်ပံ ဝိုင်း ပြေတီဦး
၂၀၁၄ ကျွန်မကနှင်းဆီပါမောင် ဝိုင်း နေတိုး


ရုပ်ရှင်ဇာတ်ကားများ

ပြင်ဆင်ရန်
ခုနှစ် ဇာတ်ကားအမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်
၂၀၁၈ မုန်းစွဲ ဩရသ နေတိုးမင်းသွေး
၂၀၁၈ သတို့သမီး ဝိုင်း အလင်းရောင်၊ မေ
၂၀၁၉ ကြာတော့သည်လည်း မောင့်စကား မီးပွား စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း
၂၀၁၉ သူစိမ်းအိမ် ထူးပိုင်ဇော်ဦး လွင်မိုးထွန်းအိန္ဒြာဗိုလ်
၂၀၁၉ ပပဝတီစီရင်ခန်း ဝိုင်း မိုးဟေကို
၂၀၁၉ လှပ်၍လွင့်သော ဝိုင်း မို့မို့မြင့်အောင်၊ ခင်ဝင့်ဝါ
  1. [၁],
  2. mymclub.net။ 8 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2012 တွင် ပြန်စစ်ပြီး။
  3. Yangoods နဲ့ ဖွေးဖွေး ပူးပေါင်းပြီး ထုတ်လုပ်မယ့် “ဖွေး Collection”The Irrawaddy (၁၄ ဇွန် ၂၀၁၈)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. “ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်သူ အားလုံးက အာဇာနည်တွေပါပဲThe Irrawaddy (၂၀ ဇူလိုင် ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာThe Irrawaddy (၅ ဧပြီ ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
  7. မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
  8. တတိယမြောက် အကယ်ဒမီဆု ရရှိသွားတဲ့ ဖွေးဖွေးDuwn (၂၀၁၉)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်