မောင်နူ အစုအပြုံလိုက် သတ်ဖြတ်မှု
မောင်နု အစုအပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နူရွာ ရွာသူရွာသားများဖြစ်သော ရိုဟင်ဂျာလူမျိုးများအား မြန်မာ တပ်မတော် (ကြည်း)က အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်။[၅] ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာခဲ့သော ဗီဒီယိုဖိုင်အရ အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသော အလုပ်သမားများက မောင်နူရွာ နေရာဒေသများကို ဘူဒိုဇာများဖြင့် ဖြိုခွင်းခဲ့သည့်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် ရုပ်အလောင်းများနှင့် အလောင်းထည့်ထားသော အိတ်များကို မြင်တွေ့ခဲ့ရသည်။[၆]
မောင်နူ အစုအပြုံလိုက် သတ်ဖြတ်မှု | |
---|---|
နေရာ | မောင်နူရွာ၊ မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ် |
ကိုဩဒိနိတ် | 20°57′03″N 92°31′49″E / 20.9507808685303°N 92.5303802490234°Eကိုဩဒိနိတ်: 20°57′03″N 92°31′49″E / 20.9507808685303°N 92.5303802490234°E |
ရက်စွဲ | ၂၇ ဩဂုတ် ၂၀၁၇ နံနက် ၁၁ နာရီ (UTC+6:30) |
ပစ်မှတ် | ရိုဟင်ဂျာ မူဆလင်များ |
တိုက်ခိုက်မှု အမျိုးအစား | အစုအပြုံလိုက် သတ်ဖြတ်မှု |
လက်နက်များ | စက်သေနတ်များ၊ ဓားများ |
သေဆုံးသူဦးရေ | ၈၂ ဦး သတ်ဖြတ်ခံရ သို့ ပျောက်ဆုံး[၁] 37 survivors[၂][၃] |
ပြစ်မှုကျူးလွန်သူများ | တပ်မတော် (ကြည်း) (တပ်ရင်း ၅၆၄)[၄] |
ပတ်သက် | ရိုဟင်ဂျာဆန့်ကျင်သူများ၊ အစ္စလာမ်မုန်းတီးရေးသမားများ |
နောက်ခံ
ပြင်ဆင်ရန်ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး ကမ္ဘာပေါ်တွင် နှိပ်စက်ညှဉ်းပန်းမှုအရှိဆုံး လူနည်းစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။[၇][၈][၉] မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နှိပ်စက်ညှဉ်းပန်းမှုသည် ၁၉၇၀ ဆယ်စုနှစ်ကတည်းက ဖြစ်သည်။[၁၀] ထိုအချိန်မှစ၍ ရိုဟင်ဂျာလူမျိုးများသည် အစိုးရနှင့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင် များ၏ နှိပ်စက်ညှဉ်းပန်းမှုရာ ပစ်မှတ်အနေဖြင့် ဖြစ်လာခဲ့သည်။ နိုင်ငံတွင်းရှိ ဘာသာရေးအုပ်စုအမျိုးမျိုးကြား တင်းမာမှုများအပေါ် ယခင်စစ်အစိုးရများက မကြာခဏ အမြတ်ထုတ်လေ့ရှိသည်။ [၇] နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ ရိုဟင်ဂျာများသည် လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်က စစ်အာဏာရှင်များလက်ထက်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံစားခဲ့ရပြီး ရလဒ်အနေဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများအပြားထွက်ပြေးခဲ့ကြသည်။[၁၁] ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများ နေရပ်ပြန်ရေးတွင် အကူအညီပေးခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များသည် ယင်းကြိုးပမ်းမှုကို ခြိမ်းခြောက်ခဲ့သည်။[၁၂] ၂၀၁၂ ခုနှစ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ်က ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ၁၄၀,၀၀၀ ခန့် ကျန်ရှိနေခဲ့သည်။[၁၃]
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) သည် မြန်မာစစ်တပ်အား ဒုတိယအကြိမ် အကြီးစား တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည့် အစိုးရ၏ "နယ်မြေရှင်းလင်းရေး" စစ်ဆင်ရေးသစ်များ ဖြစ်ပေါ်စေခဲ့သည်။[၁၄] သေနတ်သံကြားသော အနီးအနားရွာများမှ ထွက်ပြေးလာသောရိုဟင်ဂျာ အများအပြားသည် မောင်နူရွာတွင် ခိုလှုံနေခဲ့ကြသည်။ [၁]
သတ်ဖြတ်မှု
ပြင်ဆင်ရန်၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁:၀၀ နာရီခန့်တွင် တပ်မတော် (ကြည်း) တပ်ရင်း (၅၆၄) မှ တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် မောင်နူရွာသို့ ရောက်ရှိလာပြီး ရိုဟင်ဂျာ ရွာသားများအား ၎င်းတို့၏နေအိမ်များတွင် ပုန်းအောင်းနေရန် တောင်းဆိုခဲ့သည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူ ၃၇ ဦး၏အဆိုအရ စစ်သားတစ်ဦးက ရွာသားများကို အပြင်ထွက်ရန် တောင်းဆိုခဲ့ပြီး မည်သူမျှမရှိချိန်တွင် စစ်သားများက နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်သားများသည် နေအိမ်များသို့ ဝင်ရောက်စီးနင်းကာ အဖိုးတန်ပစ္စည်းများကို ယူငင်ခြင်း၊ အမျိုးသမီးများအား နှိပ်စက်ခြင်း၊ အမျိုးသားနှင့် ယောက်ျားလေးများအား ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံထားရသော အမျိုးသားအချို့ကို ကွပ်ကဲရေးမှူး၏ အမိန့်ဖြင့် ကွပ်မျက်ခဲ့ကြောင်း သိရသည်။[၃][၅]
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "Rohingyas describe bloody massacre at hands of Myanmar troops" (in en)။
- ↑ "Burma's armed forces slaughtered Rohingya men and children, say survivors"၊ The Independent၊ 22 December 2017။
- ↑ ၃.၀ ၃.၁ "Shattered skulls and blood: Rohingya report Myanmar massacre" (in en-CA)၊ CTVNews၊ 21 December 2017။
- ↑ "Myanmar says U.S. sanctions against general based on 'unreliable..."၊ Reuters၊ 2017။
- ↑ ၅.၀ ၅.၁ "Burma: Military Massacres Dozens in Rohingya Village" (in en)၊ Human Rights Watch၊ 4 October 2017။
- ↑ "Myanmar government 'bulldozing Rohingya mass grave to hide evidence'" (in en)၊ the Guardian၊ 19 February 2018။
- ↑ ၇.၀ ၇.၁ Kevin Ponniah (5 December 2016)။ Who will help Myanmar's Rohingya?။ BBC News။
- ↑ Matt Broomfield။ "UN calls on Burma's Aung San Suu Kyi to halt 'ethnic cleansing' of Rohingya Muslims"၊ 10 December 2016။
- ↑ "New wave of destruction sees 1,250 houses destroyed in Myanmar's Rohingya villages"၊ 21 November 2016။
- ↑ "Rohingya Refugees Seek to Return Home to Myanmar"၊ 30 November 2016။
- ↑ Amnesty International (2004)။ Myanmar – The Rohingya Minority: Fundamental Rights Denied။ 13 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2015 တွင် ပြန်စစ်ပြီး။
- ↑ UNHCR threatens to wind up Bangladesh operations။ New Age BDNEWS, Dhaka (21 May 2005)။ 25 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2007 တွင် ပြန်စစ်ပြီး။
- ↑ Head၊ Jonathan။ "The unending plight of Burma's unwanted Rohingyas"၊ 1 July 2013။
- ↑ "Massacre at Tula Toli: Rohingya recall horror of Myanmar army attack"၊ The Guardian၊ 7 September 2017။