မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးမောင်မောင်လေးကို ၁၉၅၀ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် မွေးဖွားခဲ့သည်။ အဖ ဦးလွင်၊ အမိ ဒေါ်တင်ညွှန့်တို့၏ သားဖြစ်သည်။ ရန်ကုန်ဇာတိ ဖြစ်သည်။

ကာတွန်းပညာကို ကာတွန်းဝင်းမောင်ထံတွင် သင်ကြားဆည်းပူးခဲ့သည်။ ၁၉၆၈ ခုနှစ် သမန်းကျား အမည်ရှိ ရုပ်ပြလုံးချင်းစာအုပ်ဖြင့် ကာတွန်းလောကထဲ စတင်ရောက်ရှိခဲ့သည်။ ယနေ့အချိန်အထိ စာနယ်ဇင်းများတွင် ရုပ်ပြဇာတ်လမ်းတိုများ၊ ရုပ်ပြကာတွန်းစာအုပ်များ ရေးဆွဲလျက် ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်