ဦးမြင့်နောင် (၁၉၆၀ ဖွား) သည် အလုပ်သမားဝန်ကြီးဌာန၏ ၃၆ဦးမြောက်ဝန်ကြီး ဖြစ်သည်။[၁] ထိုတာဝန်ကို ၂၀၂၃ ဩဂုတ်၃ ရက်တွင် စတင်ထမ်းဆောင်သည်။သူသည် ယခင်က တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းခဲ့ပြီး သံအမတ်ကြီးအဖြစ်လည်း ဆယ်စုနှစ်တစ်ခု ထမ်းဆောင်ခဲ့သူဖြစ်သည်။ [၂]


မြင့်နောင်
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါက်တာ ပွင့်ဆန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၀
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
ရာထူးဗိုလ်မှူးချုပ်

တပ်မတော်သားဘဝ ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သည်။တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သည်။တပ်မတော်အစိုးရလက်ထက် တပ်မတော်သားအဖြစ်တာဝန်ထမ်းဆောင်စဉ် ကရင်ပြည်နယ် စစ်ဆင်ရေး အတွင်း ဒေသခံများ အိုးအိမ်ထွက်ပြေး စွန့်ခွာစေသည့် အမှုတွင် တာဝန်ရှိသူတဦးဟု KHRD(Karen Human Rights Group)က စွပ်စွဲသည်။[၃] သူ့ကို တောင်အာဖရိက အခြေစိုက် Mail and Guardian သတင်းစာက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပေါ် ပါဝင်နှိမ်နင်းခဲ့သူတစ်ဦးဟု ၂၀၁၁ ခုနှစ်က ဖော်ညွှန်းသည်။ [၄]

သံအမတ်ကြီးဘဝ ပြင်ဆင်ရန်

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အငြိမ်းစားယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံအမတ်ကြီးရာထူးနှင့် ၂၀၁၁ ခုနှစ်တွင် ကူးပြောင်းသည်။ထိုနှစ်ထဲမှာပင် တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ခန့်အပ်ခံရသည်။[၅] ယင်းနောက် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ကာ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့လာပြီး[၆] သက်ပြည့်အငြိမ်းစားယူသည်။

ကန့်ကွက်ခံရမှုများ ပြင်ဆင်ရန်

တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံရစဉ် ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းများ စုံစမ်းဖော်ထုတ်ပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် တောင်အာဖရိကနိုင်ငံ အတိုက်အခံပါတီ တို့က တောင်းဆိုခြင်းပြုခဲ့ကြသည်။သံအမတ်ကြီးအဖြစ် လက်မခံရန်လည်း ကန့်ကွက်မှုလည်း ကြုံခဲ့ရသည်။[၇] [၈]

အလုပ်သမားဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ခန့်အပ်သည်။[၉]

ရရှိသည့်ဘွဲ့များ ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။ [၁၀]

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၃) တက်ရောက်MOI Myanmar (၂၂ ဩဂုတ် ၂၀၂၃)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် ရောမမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်း (၉ ဩဂုတ် ၂၀၁၉)။
  3. Request for Inquiry: Service history of Myanmar Ambassador to South AfricaKaren Human Rights Group (2011)။ 24 September 2023 တွင် ပြန်စစ်ပြီး။
  4. သံအမတ် ဦးမြင့်နောင် ဘယ်သူလဲဧရာဝတီသတင်း (၄ နိုဝင်ဘာ ၂၀၁၁)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တောင်အာဖရိက ဆိုင်ရာ မြန်မာသံအမတ် စွပ်စွဲခံရBBC Burmese (၁၁ နိုဝင် ၂၀၁၁)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၉ မေလ ၉ ရက်နေ့ကြော်ငြာစာ(အမှတ်၃၄၄/၂၀၁၉ )မြန်မာနိုင်ငံတော်ပြန်တမ်း (၉ မေ ၂၀၁၉)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. မြန်မာသံအမတ်ကို လက်မခံဖို့ သမ္မတဇူးမားကို တောင်းဆိုVOA (၈ နိုဝင်ဘာ ၂၀၁၁)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. မြန်မာသံအမတ်ကြီးရဲ့နောက်ကြောင်း စုံစမ်းပေးဖို့ တောင်အာဖရိက အတိုက်အခံအဖွဲ့ တောင်းဆိုRFA (၈ နိုဝင်ဘာ ၂၀၁၁)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. စစ်ကောင်စီအပြောင်းအလဲ - ယုံကြည်စိတ်ချရသူတွေကို ဗိုလ်ချုပ်မှူးကြီးဝန်းရံBBC Burmese (၅ ဩဂုတ် ၂၀၂၃)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၂၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။