မြငြိမ်း
ဦးမြငြိမ်း သည် ပထမအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၃၁ ဇန်နဝါရီ ၂၀၁၁ မှ ၂၉ ဇန်နဝါရီ ၂၀၁၆ အထိ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။[၁]
ဦးမြငြိမ်း | |
---|---|
အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးအေးသာအောင် |
အနိုင်ရမဲ အရေအတွက် | ၁၀၆,၀၆၉ (၆၃.၇၇%) |
အမျိုးသားလွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | အခြေခံဥပဒေစတင် |
ဆက်ခံသူ | ဦးရဲမြင့်စိုး |
မဲဆန္ဒနယ် | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၇) ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ နှင့် ကိုကိုးကျွန်းမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၄၆ (အသက် ၇၇–၇၈) မှော်ဘီမြို့နယ်၊ ရန်ကုန်မြို့ |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
နေထိုင်ရာ | အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ |
မိခင်ကျောင်း | LLB |
အလုပ်အကိုင် | ဗဟိုဝန်ထမ်းတက္ကသိုလ် ဥပဒေအကြံပေး (၁၉၇၃-၇၄)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း |
ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကအဖြစ် တာဝန် ထမ်းဆောင်စဉ် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်များ၏ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီနှင့် အလုပ်သမားအလုပ်ရှင် အခွင့်အရေး၊ လေ့လာရေး ပူးပေါင်း ကော်မရှင်၊ အမျိုးသားလွှတ်တော် အခွင့်အရေး ကော်မတီတို့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။[၂]
ဦးမြငြိမ်းအား ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ယခု ရွှေပြည်သာမြို့နယ် (မှော်ဘီမြို့နယ်) သံဒင်း ကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ(ဥပဒေ)၊ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ဦးမြငြိမ်းသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး (စီမံရေးရာ) ဌာနတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပြီး (၁၈.၁.၂၀၀၇) တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။[၂]
ရရှိခဲ့သည့် ဆုတံဆိပ်များ
ပြင်ဆင်ရန်ရှေ့နေချုပ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ၁၉၉၁ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်နှင့် ရှေ့နေချုပ်ဆု(ဒုတိယအဆင့်)၊ ၁၉၉၄ ခုနှစ်တွင် ပြည်သူ့ ဝန်ထမ်းတံဆိပ်၊ ၂၀၀၀ပြည့်နှစ်တွင် ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်၊ ၂၀၀၁ ခုနှစ်တွင် ရှေ့နေချုပ်ဆု (ပထမအဆင့်)၊ ၂၀၀၃ ခုနှစ် တွင် စီမံထူးချွန်ဆု (ဒုတိယအဆင့်) နှင့် ၂၀၀၆ ခုနှစ်တွင် စီမံထူးချွန်ဆု (ပထမအဆင့်) စသည့် ဘွဲ့တံဆိပ်ပေါင်း (၈) ခုကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Phanida။ "Speakers elected to both houses of Parliament"၊ Mizzima၊ 31 January 2011။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 3 February 2011။
- ↑ ၂.၀ ၂.၁ ၂.၂ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း။ အမျိုးသားလွှတ်တော် (၁၁ ဩဂုတ် ၂၀၁၄)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |