အေးသာအောင်၊ ဦး
မြန်မာနိုင်ငံရေးသမား
ဦးအေးသာအောင် သည် ရခိုင်လူမျိုး နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။
ဦးအေးသာအောင် | |
---|---|
အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးမြငြိမ်း |
အမျိုးသားလွှတ်တော် အမတ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၆) မြေပုံမြို့နယ် နှင့် မင်းပြားမြို့နယ် |
ပြည်သူ့လွှတ်တော် ရွေးကောက်ခံအမတ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ စတင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြေပုံမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဗြိတိသျှဘားမား (ယခု မြန်မာနိုင်ငံ) | ဒီဇင်ဘာ ၁၀၊ ၁၉၄၅
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ရခိုင်အမျိုးသားပါတီ |
မိဘ | ဦးညိုဘန်း၊ ဒေါ်အေးမြိုင် |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | အရာခံဗိုလ် |
ဦးအေးသာအောင်သည် ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ် UNLD ခေါ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအဖွဲ့ချုပ်တွင် အတွင်းရေးမှူးတာဝန်၊ ၁၉၉၈ ခုနှစ်တွင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ်နှင့် ၂၀၁၂ ခုနှစ်တွင် UNA ပြည်ထောင်စု တိုင်းရင်းသားမဟာမိတ်အဖွဲ့တွင် သဘာပတိ၊ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်တွင် ပြစ်ဒဏ် (၂၁) ဖမ်းဆီးထိန်းသိမ်းချမှတ်ခြင်း ခံခဲ့ရသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်။ အမျိုးသားလွှတ်တော် (၄ ဖေဖော်ဝါရီ ၂၀၁၆)။ ၁၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |