မြန်မာ့ယဉ်ကျေးမှု
မြန်မာ့ယဉ်ကျေးမှုတွင် ဗုဒ္ဓဘာသာသည် အတော်လွှမ်းမိုးမှု ရှိသည်။ ထို့အပြင် မြန်မာတို့၏ ယဉ်ကျေးမှုသည် အိမ်နီးချင်းနိုင်ငံတို့၏ လွှမ်းမိုးမှုများလည်း ရှိနေသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု လက်အောက်တွင် ဘာသာစကားနှင့် ပညာရေးအပါအဝင် မြန်မာ့ယဉ်ကျေးမှုများသည် အရှေ့တိုင်း လွှမ်းမိုးမှုများ ရှိခဲ့သည်။[၁]
အနုပညာ ပြင်ဆင်ရန်
သမိုင်းကြောင်းအရ မြန်မာ့အနုပညာသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာပေါ်တွင် အခြေခံထားသည်။ နိုင်ငံတစ်ဝန်းတွင် မတူညီသည့်သွင်ပြင်ပုံစံများဖြင့် ဗုဒ္ဓရုပ်ပွားတော်များစွာသည် တည်ရှိနေကြသည်။ ဥပမာအားဖြင့် ၁၈၀၀ ပြည့်နှစ်များနောက်ပိုင်းတွင် ပေါ်ထွက်လာသည့် မန္တလေးလက်ရာပုံစံဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်သည် ဘဲဥပုံသဏ္ဌာန်ဖြစ်နေကာ မျက်ခုံများသည် သဘာဝအတိုင်းကွေးနေခြင်း၊ နားများသည် သေးငယ်သော်လည်း သိသာထင်ရှားခြင်းနှင့် သင်္ကန်းတော်သည် အတွန့်ပုံစံဖြင့် ရှိနေခြင်း ဖြစ်သည်။ မြန်မာလက်မှုပညာရပ်တွင် ပန်းဆယ်မျိုး ရှိသည်။ ၎င်းပန်းဆယ်မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။
ထို့အပြင် မြန်မာ့ရိုးရာအနုပညာများတွင် ယက္ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ကျောက်မျက်ရတနာထွင်းသည့်လုပ်ငန်း၊ ရွှေမျက်ပါးခတ်သည့်လုပ်ငန်းများ ဖြစ်ကြသည်။ စေတီပုထိုးများကို များသောအားဖြင့် အုတ်များနှင့် အင်္ဂတေများဖြင့် တည်ဆောက်ထားကြသည်။ စေတီပုထိုများ၌ ရွှေဝါရောင်ထီးတော်များ ရှိကြပြီး ဘုန်းကြီးကျောင်းတော်များတွင် သစ်သားဖြင့် ပြုလုပ်ထားသည့် မုခ်ဦးများ ရှိကြသည်။ ထိုကဲ့သို့သော မြန်မာ့ဗိသုကာကို ပြာသာဒ်ဟု ခေါ်သည်။
စာပေ ပြင်ဆင်ရန်
အက ပြင်ဆင်ရန်
ဂီတ ပြင်ဆင်ရန်
သီချင်း ပြင်ဆင်ရန်
ဓလေ့ထုံးစံ ပြင်ဆင်ရန်
အဝတ်အစား ပြင်ဆင်ရန်
စကားပြောဆိုခြင်း ပြင်ဆင်ရန်
အမူအရာ ပြင်ဆင်ရန်
ဟင်းလျာ ပြင်ဆင်ရန်
မြန်မာရိုးရာမုန့်ဟင်းခါး, ထိုးမုန့်,မုန့်လုံးရေပေါ်,ကရေကရာ,ထန်းလျက်
မင်္ဂလာဆောင် ပြင်ဆင်ရန်
နာရေး ပြင်ဆင်ရန်
ကိုးကွယ်ယုံကြည်မှု ပြင်ဆင်ရန်
စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြင်ဆင်ရန်
ရိုးရာပွဲတော်များ ပြင်ဆင်ရန်
အားကစားများ ပြင်ဆင်ရန်
ဘောလုံး ပြင်ဆင်ရန်
ဘောလုံးအားကစားသည် မြန်မာနိုင်ငံ၌ လူကြိုက်အများဆုံး အားကစားဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ် ၁၉ ရာစုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလားခဲ့သည်။ ဘောလုံးကဲ့သို့ပင် ခြေထောက်နှင့် ဒူးအသုံးပြုကစားသော ခြင်းလုံး ကစားခြင်းသည် ရိုးရာအားကစားနည်းတစ်ခု ဖြစ်သည်။[၂]
လက်ဝှေ့ ပြင်ဆင်ရန်
လက်ဝှေ့အားကစားသည် တိုက်ခိုက်ရေးအားကစားထဲတွင် လူကြိုက်အများဆုံး အားကစားဖြစ်ပြီး။ မြန်မာရိုးရာ တိုက်ခိုက်ရေးအားကစားဖြစ်သည့် ဗန်တို၊ ဗန်ရှည်နှင့် နပန်း သည်လည်း လူကြိုက်များသည်။ ဖော်ပြထားသည် တိုက်ခိုက်ရေးအားကစားများကို မြန်မာတို့က သိုင်းဟု ခေါ်ဆိုကြသည်။
လှေပြိုင်ပွဲ ပြင်ဆင်ရန်
လှေပြိုင်ပွဲများကို တော်သလင်းလတွင် ကျင်းပပြုလုပ်လေ့ရှိသည်။
မြင်းခင်းသဘင် ပြင်ဆင်ရန်
ရှေးဘုရင်များလက်ထက်က မြင်းခင်းသဘင်များကို ပြာသိုလတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရစ်ကတ် ပြင်ဆင်ရန်
ဗြိတိသျှတို့အုပ်စိုးစဉ်က ခရစ်ကတ်ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ဗမာ အမျိုးသား ခရစ်ကတ်အသင်းသည် ပထမတန်းပြိုင်ပွဲများတွင် ကစားခဲ့သည်။ ယနေ့ခေတ်တွင် အသင်းဆက်လက်တည်ရှိနေသော်လည်း ပထမတန်းအဆင့်တွင် ရှိမနေတော့ပေ။
ဘတ်စကတ်ဘော ပြင်ဆင်ရန်
ဘတ်စကတ်ဘောအသင်းလည်းရှိပြီး အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသည်။
နိုင်ငံတော် အားလပ်ရပ်များ ပြင်ဆင်ရန်
နေ့အမည် | ရက်စွဲ | ကြာချိန် | အကြောင်းအရာ |
---|---|---|---|
လွတ်လပ်ရေးနေ့ | ဇန်နဝါရီလ
( ၄ ) ရက် |
၁ ရက် | ဗြိတိသျှအင်ပါယာမှလွတ်လပ်ရေးရရှိခြင်း |
ပြည်ထောင်စုနေ့ | ဖေဖော်ဝါရီလ
( ၁၂ ) ရက် |
၁ ရက် | ပင်လုံညီလာခံကိုဂုဏ်ပြုခြင်း |
တောင်သူလယ်သမားနေ့ | မတ်လ
( ၂ ) ရက် |
၁ ရက် | - |
တပေါင်းလပြည့်နေ့ | တပေါင်းလပြည့် | ၁ ရက် | တပေါင်းပွဲတော် |
တော်လှန်ရေးနေ့ | မတ် ၂၇ | ၁ ရက် | ဂျပန်တို့ကိုစတင်တော်လှန်ခဲ့ခြင်း |
မြန်မာနှစ်သစ်ကူး
ရုံးပိတ်ရက်များ |
၉
ရက် |
အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့ | |
မေဒေးနေ့ | မေ ၁ | ၁ ရက် | အလုပ်သမားနေ့ |
ကဆုန်လပြည့်နေ့ | ကဆုန်လပြည့် | ၁ ရက် | ဂေါတမဗုဒ္ဓ ဗျာဒိတ်ရခြင်း၊ ဖွားတော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းတို့ဖြစ်ရာနေ့ |
အာဇာနည်နေ့ | ဇူလိုင် ၁၉ | ၁ ရက် | ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရမှုကို အောက်မေ့ခြင်း |
ဝါတွင်းသုံးလ စတင်ခြင်း | ဝါဆိုလပြည့် | ၁ ရက် | ဂေါတမဗုဒ္ဓ ပဋိသန္ဓေတည်ခြင်း၊ တောထွတ်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည့်နေ့ဖြစ်ခြင်း |
သီတင်းကျွတ်လပြည့်နေ့ | ၅ ရက် | မီးထွန်းပွဲတော်ကျင်းပသည်။ | |
တန်ဆောင်တိုင်ပိတ်ရက်များ | တန်ဆောင်မုန်းလပြည့်နေ့အထိ | ၄ ရက် | |
အမျိုးသားနေ့ | တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် | ၁ ရက် | တက္ကသိုလ်ကျောင်းသားများ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြခြင်း |
ခရစ္စမတ်နေ့ | ဒီဇင်ဘာ ၂၅ | ၁ ရက် | ယေရှုခရစ်တော်၏မွေးနေ့ |
အီဒုလ်အဿွဟာနေ့ | ကြေညာချက်အလိုက်ပြောင်းလဲနိုင် | ၁ ရက် | |
ဒီပါဝလီနေ့ | ကြေညာချက်အလိုက်ပြောင်းလဲနိုင် | ၁ ရက် | |
ကရင်နှစ်သစ်ကူးနေ့ | ပြာသိုလဆန်း ၁ ရက် | ၁ ရက် |
ပြင်ပလင့်များ ပြင်ဆင်ရန်
ကိုးကား ပြင်ဆင်ရန်
- ↑ https://en.m.wikipedia.org/wiki/Culture_of_Myanmar
- ↑ Chinlon - Myanmar Traditional Sport။ 23 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Public Holidays in Myanmar 2023။ 2023-03-03 တွင် ပြန်စစ်ပြီး။