မြန်မာ့အနုပညာဆိုသည်မှာ မြန်မာတို့ ဖန်တီးထားသော အနုပညာလက်ရာများကို ဆိုလိုသည်။ အနုပညာဟုဆိုရာ၌ ဘုရား၊ ကျောင်း၊ ကန်၊ တိုက်တာအဆောက်အဦးများရှိ လက်မှုအတတ်ပညာများ၊ ပန်းချီပန်းပု၊ စာပေဂီတ၊ အက စသည့် အနုပညာများလည်း ပါဝင်သည်။ ၁၄၀၀ စီအီးကပင် အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေမည့် ပန်းချီ၊ ပန်းပုလက်ရာများကို ဖန်တီးခဲ့ကြသည်။[] မြန်မာ့အနုပညာများသည် ဗုဒ္ဓဘာသာ အမှတ်အသားများဟုဆိုနိုင်သည့် မုဒြာဇာတက စသည်တို့ကို များစွာ ဖန်တီးထားသည်။ ထို့အပြင် ဟိန္ဒူ၊ စကြဝဠာဆိုင်ရာ၊ နတ် စသည်တို့ကို အခြေခံသော အနုပညာများစွာလည်း ရှိသည်။[] ဗုဒ္ဓရုပ်ပွားတော်များမှာ ခေတ်အလိုက်ကွဲပြားမှုများရှိသည်။[]

ပုဂံမြို့ရှိ မြန်မာ့ယွန်းထည်ပစ္စည်းများ

မြန်မာ့အနုပညာတွင် အရေးပါလှသော ပန်း(၁၀)မျိုးအတတ်ပညာ ရှိပေသည်။ကြီးသောအိမ် [] ၎င်းတို့မှာ -

  1. ပန်းပဲ
  2. ပန်းပု
  3. ပန်းထိမ်
  4. ပန်းတော့
  5. ပန်းရန်
  6. ပန်းတမော့
  7. ပန်းပွတ်
  8. ပန်းချီ
  9. ပန်းယွန်း
  10. ပန်းတဉ်း

ဟူ၍ ဖြစ်သည်။

နောက်ထပ်အားဖြင့် ရက်ကန်းယက်ခြင်း၊ အိုးလုပ်ခြင်း၊ ရွှေချည်ထိုးခြင်း၊ ကျောက်သွေးခြင်း၊ ရွှေပြားခတ်ခြင်း စသည်တို့မှာလည်း တန်ဖိုးရှိလှသော အနုပညာအမွေများ ဖြစ်သည်။ အဆောက်အဦး၊ ဘုရား၊ ကျောင်း၊ကန်များတွင် အုတ်နှင့်အင်္ဂတေကို အဓိကသုံး၍ ဘုရားများကို ရွှေချထားသည်။ ဘုန်းကြီးကျောင်းအများစုကို သစ်သားများဖြင့် ဆောက်လုပ်သည်။ အချို့ဘုန်းကြီးကျောင်းများ (ဥပမာ-မန္တလေးမြို့ရှိ ယောမင်းကြီးအုတ်ကျောင်း)မှာ အခြားပစ္စည်းများပါ ပါဝင်ဆောက်လုပ်သည်။ အများဆုံးတွေ့နိုင်သော အမိုးမှာ ပြာသာဒ်ဖြစ်သည်။

သိကြားမင်းရုပ်တု
ခြင်္သေ့ရုပ်တု
မွန်အက

စာပေတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများစွာရှိသည်။

အကတွင် ဒေသအကနှင့် နတ်အကစသည်ဖြင့်ခွဲခြားနိုင်သည်။[]

 
စောင်းတီးခတ်နေစဉ်

အမျိုးမျိုးသော တူရိယာအခင်းအကျင်းများဖြင့် ဂီတများကိုဖန်တီးကြသည်။ ပတ္တလားစောင်းဆိုင်းဝိုင်း စသည့်တူရိယာများမှာ ထင်ရှားလှသည်။

  1. "Shan Buddhist Art on the Market: What, Where and Why?" (1 May 2009). Contemporary Buddhism 10 (1): 141–157. Retrieved on 17 December 2016. 
  2. Introduction and history of Buddhism & Burmese Art in Burma (in en)။
  3. Buddha Images from Burma, Part IL'Asie Exotique။ 18 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Myanmar Traditional Arts။ 4 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Marshall Cavendish Publishing, ed. (2007)။ World and Its Peoples: Eastern and Southern Asia။ Marshall Cavendish။ pp. 630–640။ ISBN 978-0-7614-7631-3