မုဒြာဟူသော ဝေါဟာရသည် သက္ကတဘာသာအားဖြင့် မုဒြာ၊ ပါဠိဘာသာအားဖြင့် မုဒ္ဒဖြစ်သည်။ မြန်မာဘာသာအရ လက်အနေအထား ပုံစံကို ခေါ်ဆိုသည်။ အချို့ ရုပ်ပွားဆင်းတုဆိုင်ရာ ပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍လည်းကောင်း၊ ဟတ္ထဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်ပညတ်ကြလေသည်။ အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပာယ် သဘောတရားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍၊ အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ၊ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသော သဘောတရားကို ဟန်အမူအရာ ပြထားခြင်းမျိုး ဖြစ်လေသည်။


မုဒြာသည် ရုပ်ပွားဆင်းတု၊ ရုပ်လုံးရုပ်ကြွ စသည်တို့ကို လေ့လာသုတေသန ပြုရာတွင် မသိလျှင်မဖြစ်သော အခြေခံအကျဆုံး ပဋိမာ သိပ္ပံပညာရပ်၏ သော့ချက်တစ်ခု ဖြစ်ပေသည်။

အကြမ်း(၆)မျိုး ပြင်ဆင်ရန်

မုဒြာများသည် ဗုဒ္မ၏ဘဝတစ်လျှောက်လုံးတွင် ဖြစ်ပျက်သမျှကို ပုံဖော်ထားခြင်းဟုဆိုနိုင်သည်။ အကြမ်းအားဖြင့် မုဒြာ(၆)မျိုး တွေ့နိုင်သည်။

  1. သမာဓိမုဒြာ = ထိုင်လျက် လက်ဝါးနှစ်ဘက်စလုံး ကို အပေါ်သို့ လှန်လျက် ထပ်ထားပြီး ပေါင်ခွင်ပေါ်တွင် အလိုက်သင့် တင်ထားသည့် လက်အနေအထားသည် တရားအားထုတ်ဟန်။ ဈာန်ဝင်ဝင်စားဟန်ကို ဖော်ညွှန်းသည်။
  2. ဘူမိဖဿမုဒြာ = ထိုင်လျက် မြေကြီးကို ညာဘက် လက်ချောင်းများဖြင့်ထိစေကာ ဝသုန္မရိမြေကြီးအား မာန်နတ်ကို အောင်မြင်ကြောင်း သက်သေညွှန်းဆိုဟန်ကို ဖော်ပြသည်။
  3. ဓမ္မစကြမုဒြာ = ထိုင်လျက် လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နားတွင်မြှင့်ထားပြီး ဘယ်လက်ချောင်းထိပ်နှင့် လက်ယာလက်ဖဝါးကို ထိနေဟန်သည် ဓမ္မစကြာတရားကို ဟောကြားနေဟန် ဖြစ်သည်။
  4. အဘယမုဒြာ = ဘေးအန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးဟန် ကို ဖော်ပြသည်။ ရပ်တော်မူပုံနှင့် စင်္ကြန်ကြွချီဟန်ပုံတို့တွင် လက်ယာလက်ဖြင့် လက်ဝါးကာပြသကဲ့သို့ လက်ဖဝါးအပြင်ဘက်သို့လှန်ကာ လက်ချောင်းများက အပေါ်သို့ ထောင်ဖြန့်ပြနေဟန်ဖြစ်သည်။ ( ရံခါ လက်နှစ်ဘက် )
  5. ဝိတက္ကမုဒြာ=ဆွေးနွေးဟန် ညွှန်ကြားဟန်ဖြစ်၍ အဘယမုဒြာနှင့်ဆင်တူသည်။ လက်ယာဘက်လက်ညှိုးနှင့် လက်မထိပ်ထိထားပုံ သာကွာသည်။
  6. ဝရဒမုဒြာ= ရပ်တော်မူ ဗုဒ္မရုပ်ပွားတော်များ၌သာ တွေ့မြင်နိုင်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်ဖြစ်သည်။ လက်ယာဘက်လက်ကိုအောက်ချ၍လက်ဖဝါးကို အပြင်သို့လှည့်ပြီး လက်ချောင်းများ အောက်သို ဖြန့်ချထားဟန်ဖြစ်သည်။

သုံးကဏ္ဍ ပြင်ဆင်ရန်

ပါမောက္ခပိုဒုဝါလ်၏ အဆိုအမိန့်အရ -

  1. ဗေဒင်ကျမ်းများဆိုင်ရာ မုဒြာများ၊
  2. တန္တရာယာနဆိုင်ရာ မုဒြာများ (၁၀၈)မျိုး၊
  3. လောကီယ အနုပညာဆိုင်ရာ မုဒြာများ (၆၄)မျိုးဟူ၍ သုံးပိုင်း၊ သုံးကဏ္ဍ ခွဲခြားနိုင်ပေသည်။

ယင်းတို့အနက် အသုံးအများဆုံး အထင်ရှားဆုံး မုဒြာပေါင်း (၄၅) ခုရှိကြောင်း သိရသည်။

မုဒြာ လေးဆယ့်ငါးပါး ပြင်ဆင်ရန်

  1. အဉ္ဇလီ
  2. ဝန္ဒနီ
  3. ယောနိ
  4. ဝေနာယကီ
  5. ဟဒယ
  6. သိရသ
  7. သိခါ
  8. ကဝစ
  9. အသတြ
  10. နေတ္တ (ဒွယ-တယ)
  11. ဂရုဠ
  12. ဂလိနီ
  13. သုရသိ
  14. အဘိဝါဟိနီ
  15. ဌာပိနီ
  16. သန္နိဓာပဏိ
  17. သမ္မုနီ
  18. အဝကုဏ္ဍနီ
  19. ဝါသာဒနိ
  20. သန္နိရောဓိနီ
  21. သင်္ခ
  22. ဂဒါ
  23. ပဒုမ
  24. ဖရသု
  25. ဟရိဏ
  26. အဘယ
  27. ဝရဒ
  28. သူလ
  29. ကပါလ
  30. စက္က
  31. ပါဏဟုတိ
  32. အပါန
  33. သမာန
  34. ဥဒါန
  35. ဗျာန
  36. သရ
  37. စာပ
  38. ကုမ္မ
  39. ဇလ
  40. ဂန္ဓ
  41. ပုပ္ဖ
  42. ဓူမ
  43. ဒီပ
  44. နိဝေဇ္ဇ
  45. မစ္ဆ

ဟူ၍ ဖြစ်ကြကုန်၏။

ပါမောက္ခ ပိုဒုဝါလ် ဖော်ပြထားသော အထက်ပါမုဒြာ အမျိုးမျိုးအနက် အချို့ကိုသာ မြန်မာ့ ရိုးရာ ပဋိမာသိပ္ပံ လေ့လာရာတွင် တွေ့ရှိအသုံးပြုနိုင်ပေသည်။ မြန်မာ့ရိုးရာ ရုပ်ပွား ဆင်းတုတော်များနှင့် သက်ဆိုင်၍ လေ့လာ တွေ့ရှိရသမျှသော မုဒြာများမှာ အခြေခံအားဖြင့် ငါးဆယ်ခန့်မျှသာ ရှိကြပါသည်။ ယင်းတို့ကို မြန်မာ အဘိဓာန် အက္ခရာဝလိအတိုင်း စီစဉ်ပြရပါမူ အောက်ပါအတိုင်း ဖြစ်ကြပေသည်။

အဉ္ဇလီမုဒြာ — Añjalī mudrā
အဒ္ဓစန္ဒြဟတ္ထ — Ardha-chandra Hasta
အဘယမုဒြာ — Abhaya Mudrā
အာလိင်္ဂဟတ္ထ — Ālinga Hasta
ဥတ္တရဗောဓိမုဒြာ — Uttarabodhi Mudra
ကစ္စဝလမ္ဗိတဟတ္ထ — Katyavalambita Hasta
ကဋကဟတ္ထ — Kataka Hasta
ကုသတိဏဟတ္ထ — Kusatriṇahasta
ကရဏမုဒြာ — Karaṇa Mudrā
ကဋိဟတ္ထ — Kati Hasta
ကုသတိဏဟတ္ထ = ကုသမုဒြာ — Kusa Hasta; Kusa Mudrā
ကေသမဿုပဟာနမုဒြာ — Kesamassu pahāna Mudrā.
(ကေသဟတ္ထ) — (Kesa Hasta)
ခေပနမုဒြာ — Khepana Mudrā
ဂဒါဟတ္ထ — Gadā Hasta
ဂဇဟတ္ထ — Gaja Hasta
စပေဋဒါနမုဒြာ — Capeţadāna Mudrā
စိန္တမုဒြာ — Cin Mudra (Cinta Mudra)
စီဝရဟတ္ထ — Civara hasta
ဈာနမုဒြာ — Dhyana Mudrā
ဉာဏမုဒြာ — Jñāṇa Mudrā
တဇ္ဇနီမုဒြာ — Tajjani Mudrā (Tarjani)
တဇ္ဇနီပါသဟတ္ထ — Tajjanī pāsa hasta
တပ္ပနမုဒြာ — Tappana Mudra (Tarpana)
တိဏဟတ္ထ (တိဏကိရဏမုဒြာ) — Trna Hasta (trnakirana Mudra)
တြိပဋကဟတ္ထ — Tripataka Hasta
တိလောကဝိဇယမုဒြာ — Tailokyavijaya Mudrā
ဒဏ္ဍဟတ္ထ — Danda Hasta
ဒမရဟတ္ထ — Damara Hasta
ဒါနမုဒြာ — Dāna Mudrā
ဓမ္မစကြမုဒြာ — Dharmacakra Mudrā
နမက္ကာရမုဒြာ — Namaskara Mudrā
နိဒြတဟတ္ထ — Nidrata Hasta
ပတ္တမုဒြာ — Patra Mudrā
ပဒုမာဟတ္ထ — Padma Hasta
ပါဋိဟာရိယမုဒြာ — Prāțihārya Mudiã
ပေါတ္ထကဟတ္ထ (လဉ္ဆကဟတ္ထ) — Pustaka Hasta
ဗုဒ္ဓသမဏမုဒြာ — Buddha sramaņa Mudrā
ဗျာချာနမုဒြာ — Vyakhyāna Mudrā
ဘူတဒါမရမုဒြာ — Bhūtadāmarā Mudrā
ဘူဖဿမုဒြာ (ဘူမိဖဿမုဒြာ) — Bhūphassa Mudra (Bhumisparsa Mudra)
မဟာကရုဏာမုဒြာ — Mahā karuņā Mudrā
ယောဂမုဒြာ — Yoga Mudrā
လလိတခေပမုဒြာ — Lalitaksepa Mudrā
လောလဟတ္ထ — Lola Hasta
ဝဇီရာဟုင်္ကရမုဒြာ — Vajrāhumkara Mudrā
ဝန္ဒနီမုဒြာ — Vandani Mudra
ဝရမုဒြာ (ဝရဒမုဒြာ) — Vara Mudrā (Varada Mudrā)
ဝိတက္ကမုဒြာ — Vitarka Mudrā
ဝိမှယဟတ္ထ — Vismaya Hasta
ဝေနာယကိမုဒြာ — Vaināyaki Mudrā
သန္တိဒမုဒြာ — Santidā Mudrā
သန္ဒဿနမုဒြာ — Sandassana Mudra (Samdarshana Mudra)
သဗ္ဗရာဇိန္ဒြမုဒြာ — Sarvarajendra Mudrā
သမာဓိမုဒြာ (သမာဟိတမုဒြာ) — Samadhi Mudrā (Samāhita Mudră)
သီဟကဏ္ဏမုဒြာ — Simhakarṇa Mudrā
သူစိမုဒြာ — Sūci Mudra
စသည်တို့ဖြစ်ကြပေသည်။ [၁][၂] [၂]

ကိုးကား ပြင်ဆင်ရန်

  1. AIA p. 471; c, d. Ananda pagoda at Pagan-Bhūmiphassamudrā Professor R.K. Poduval DHI pp.246-249,
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ

http://www.myworld-phyophyo.com/p/buddha-1-16.html Archived 12 November 2016 at the Wayback Machine.