မြန်မာ-လာအို နယ်စပ်သည် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပိုင်နက်အကြား အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ဖြစ်သည်။ နယ်စပ်သည် အရှည် ၂၃၈ ကီလိုမီတာ (၁၄၈ မိုင်) ရှိပြီး မြောက်ဘက်ရှိ တရုတ်နိုင်ငံနှင့် သုံးနိုင်ငံဆုံရာနေရာမှ တောင်ဘက် ထိုင်းနိုင်ငံနှင့် ဆုံရာ မဲခေါင်မြစ်တစ်လျှောက်ဖြစ်သည်။[၁]

မြန်မာ-လာအို နယ်စပ်မြေပုံ

ဖော်ပြချက် ပြင်ဆင်ရန်

နယ်စပ်သည် မဲခေါင်မြစ်နှင့် နန်လမြစ်ဆုံရာ မြောက်ဘက်ရှိ တရုတ်နိုင်ငံနှင့် ထိစပ်သော နယ်နမိတ်မှ စတင်ပြီး အနောက်တောင်ဘက်သို့ ဦးတည်ကာ ကော့မြစ်နှင့် ဆုံရာ ထိုင်းနိုင်ငံနှင့် ထိစပ်နေသောနေရာအထိ၊ ထိုမှ အရှေ့ဘက်သို့ အချွန်အတက်ပုံစံဖြင့် မဲခေါင်မြစ်တလျောက် ဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မဲခေါင်မြစ်သည် ဒေသတွင်းရှိ နိုင်ငံများနှင့် ဒေသခံအုပ်စုများအကြားရှိ သဘာဝနယ်နိမိတ်တစ်ခုအဖြစ် သမိုင်းကြောင်းအရ ဖြစ်တည်ခဲ့သည်။[၂] လာအိုနှင့် မြန်မာကြား လက်ရှိနယ်နိမိတ်အဖြစ် အသုံးပြုမှုသည် ၁၉ ရာစု ကိုလိုနီခေတ်မှ စတင်ခဲ့သည်။ ၁၈၆၀ ခုနှစ်များမှစ၍ ပြင်သစ်သည် ဒေသတွင်းတွင် ရောက်ရှိနေခဲ့ပြီး လက်ရှိ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့အပါအဝင်ပြင်သစ် အင်ဒိုချိုင်းနား ကိုလိုနီကို ၁၈၈၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၂] ပြင်သစ်-ထိုင်း အကျပ်အတည်းအပြီး ၁၈၉၃ တွင် လာအိုကို ပြင်သစ်ကိုလိုနီအဖြစ် ပေါင်းထည့်ခဲ့သည်။ ထိုအချိန်တွင် ဗြိတိန်သည် မြန်မာနိုင်ငံကို စတင်သိမ်းပိုက်ခဲ့ကာ ဗြိတိသျှအိန္ဒိယသို့ ပေါင်းထည့်ခဲ့သည်။[၂] ၁၈၉၆ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဗြိတိသျှနှင့် ပြင်သစ်တို့သည် ၎င်းတို့၏ နယ်နိမိတ်မျဉ်းကို မဲခေါင်မြစ်ကြောင်းတစ်လျှောက် သတ်မှတ်ရန် သဘောတူညီခဲ့ကြသည်။[၂]

၁၉၄၁ ခုနှစ်တွင် ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်ပြီးနောက် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများကို Saharat Thai Doem နယ်မြေအဖြစ် Siam သို့ လွှဲပြောင်းပေးခဲ့ပြီး လာအို-မြန်မာ နယ်နိမိတ် တည်ရှိမှုကို အဆုံးသတ်ခဲ့သော်လည်း ဂျပန်စစ်ရှုံးပြီးနောက် ၁၉၄၆ ခုနှစ်တွင် အဆိုပါနယ်မြေများကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်။[၃][၄] ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယမှခွဲထွက်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အပြည့်အဝလွတ်လပ်ရေးရရှိခဲ့သည်။ လာအိုသည် ၁၉၄၉ ခုနှစ်တွင် ပြင်သစ်ထံမှ တစ်စိတ်တစ်ပိုင်းလွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် လုံးဝလွတ်လပ်ရေးရရှိကာ နယ်နိမိတ်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်ခုကြား နယ်စပ်ဖြစ်လာခဲ့သည်။ ထိုနေရာတွင် လှုပ်ရှားနေသော တရုတ်ကူမင်တန်၊ ပါတီးလာအိုနှင့် ရှမ်းပြည်သူ့စစ် အမျိုးမျိုးတို့ကြောင့် နယ်စပ်ဒေသသည် နောက်ဆယ်စုနှစ်များအတွင်း မတည်မငြိမ်ဖြစ်လာခဲ့သည်။[၂] နယ်စပ်မျဉ်းသည် ယခုအချိန်တွင် ပိုမိုငြိမ်းချမ်းလာနေသည်။ နယ်စပ်မျဉ်းတိုင်းတာခြင်းကို ၁၉၉၃ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ၂ဝ၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။[၅][၆]

နယ်စပ်ဖြတ်ကျော်မှုများ ပြင်ဆင်ရန်

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော လာအိုနိုင်ငံ Xieng Kok နှင့် မြန်မာနိုင်ငံ ကျိုင်းလပ်မြို့ကို ဆက်သွယ်ထားသော Wan Pong-Kyainglap ချစ်ကြည်ရေးတံတားသည် အဓိက နယ်စပ်ဖြတ်ကျော်သည့် နေရာတစ်ခု ဖြစ်သည်။[၇][၈]


ကိုးကား ပြင်ဆင်ရန်

  1. Burma။ CIA World Factbook။ 19 September 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ International Boundary Study No. 33 – Burma – Laos Boundary။ US Department of State (18 June 1964)။ 19 September 2020 တွင် ပြန်စစ်ပြီး။
  3. Donald M. Seekins, Historical Dictionary of Burma (Myanmar), p. 251
  4. "A Forgotten Invasion: Thailand in Shan State, 1941–45"
  5. The Friendship Bridge between Laos and Myanmar is officially opened။ 17 April 2019 တွင် ပြန်စစ်ပြီး။
  6. The Land Boundaries of Indochina: Cambodia, Laos and Vietnam။ International Boundaries Research Unit, Department of Geography, University of Durham။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2020 တွင် ပြန်စစ်ပြီး။
  7. Myanmar-Laos border gate receives international status။ Myanmar Times (8 November 2018)။ 2021-01-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 September 2020 တွင် ပြန်စစ်ပြီး။
  8. Laos - Myanmar Border Status (14 October 2019)။ 19 September 2020 တွင် ပြန်စစ်ပြီး။