မြအေး အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် မြအေး (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဒေါ်မြအေး သည် တရားသူကြီးတစ်ဦးဖြစ်သည်။လက်ရှိတွင် ရခိုင်ပြည်နယ်တရားလွှတ်တော် ၏ တတိယမြောက်တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသည်။[၁] [၂] ထိုတာဝန်မတိုင်ခင်က တရားရေးဌာနတွင် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။[၃]

ဒေါ်မြအေး
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၇ ဇွန် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဒေါ်ဝါဝါထွန်း
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၇ မေ ၂၀၂၃ – ၁၇ ဇွန် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
လူမျိုးမြန်မာ
အလုပ်အကိုင်တရားသူကြီး

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူမသည် တရားရေးဌာနတွင် နှစ်ပေါင်း၃၀ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။[၄]

တရားလွှတ်တော်တရားသူကြီးဘဝ ပြင်ဆင်ရန်

သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်တရားရေးဦးစီးမှူးအဖြစ်မှ အငြိမ်းစားပေးပြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၃ မေလ ၇ရက်တွင် ခန့်အပ်သည်။[၅] ထိုတာဝန်ကို ၁လကျော်သာ ထမ်းဆောင်ရပြီးနောက် သူမကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်လိုက်၍ ပြည်နယ်တရားလွှတ်တော်၏ တတိယမြောက်တရားသူကြီးချုပ်ဖြစ်လာသည်။

ကိုးကား ပြင်ဆင်ရန်

  1. ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ်narinjara (၁၈ ဇွန် ၂၀၂၃)။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားရုံးနှစ်စဉ်အစီရင်ခံစာများရခိုင်ပြည်နယ်တရားလွှတ်တော်။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးMyanmar Digital News (၁၆ ဇန်နဝါရီ ၂၀၂၂)။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်းMWD (၇ မေ ၂၀၂၃)။ ၈ သက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်မြအေးကို စစ်ကောင်စီခန့်အပ်narinjara (၈ စက်တင်ဘာ ၂၀၂၃)။ ၈ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။