ဝါဝါထွန်း
ဒေါ်ဝါဝါထွန်း(၁၉၅၈ဖွား) သည် [၃]တရားလွှတ်တော်များထဲ ပထမဦးဆုံး အမျိုးသမီးတရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ သူမသည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး အသက်၆၅နှစ်ပြည့်သည့် ၂၀၂၃ တွင် သက်ပြည့်အငြိမ်းစားယူသည်။
ဝါဝါထွန်း | |
---|---|
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် | |
တာဝန်သက်တမ်း ၂၈ နိုဝင်ဘာ ၂၀၁၉ – ၁၆ ဇွန် ၂၀၂၃ | |
ခန့်အပ်သူ | ဦးဝင်းမြင့် |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးကျောက် |
ဆက်ခံသူ | ဒေါ် မြအေး [၁] [၂] |
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး | |
တာဝန်သက်တမ်း ၂၉ နိုဝင်ဘာ ၂၀၁၈ – ၂၇ နိုဝင်ဘာ ၂၀၁၉ | |
ခန့်အပ်သူ | ဦးဝင်းမြင့် |
သမ္မတ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၈ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
ပညာရေး | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
အလုပ်အကိုင် | တရားသူကြီး |
ငယ်ဘဝ
ပြင်ဆင်ရန်သူမသည် ရခိုင်ပြည်နယ် သံတွဲမြို့ တွင် မွေးဖွားသည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိသည်။ [၄]
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်တရားရေးအရာရှိအဆင့်(၄)ဖြင့် တရားရေးဌာနတွင် ၁၉၈၅ ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်သည်။ စစ်တွေခရိုင်တရားသူကြီးအဆင့်အထိ တရားရေးဌာနတွင် စုစုပေါင်းလုပ်သက်(၃၂)နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။
တရားလွှတ်တော်တရားသူကြီးတာဝန်
ပြင်ဆင်ရန်ဒေါ်ဝါဝါထွန်း သည် ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၈ နိုဝင်ဘာ၂၉ တွင် ခန့်အပ်ခံရသည်။ထိုတာဝန်ကို စစ်တွေခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်နောက် ၅လအကြာတွင် သမ္မတဦးဝင်းမြင့်က သူမအား ပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။ [၅]ယင်းနောက် ၂၀၁၉ နိုဝင်ဘာ ၂၈ တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာသည်။[၆]အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဦးဆုံး တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။ထိုတာဝန်ကို အသက်၆၅ နှစ် ပြည့်မြောက်သည်အထိ တစ်ဆက်တည်း ထမ်းဆောင်ကာ ၂၀၂၃ တွင်အငြိမ်းစားယူခဲ့သည်။ [၇]
မိသားစုဘဝ
ပြင်ဆင်ရန်သူမသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ်၊ ၃၇/၂၀၂၃ ကို ယနေ့ ရက်စွဲဖြင့်ထုတ်ပြန် (ဒေါ်မြအေးအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း)။ MRTV News (၁၇ ဇွန် ၂၀၂၃)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်မြအေးကို ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် စစ်ကောင်စီက ရာထူးတိုးမြှင့် ခန့်အပ်။ narinjara (၁၈ ဇွန် ၂၀၂၃)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်ဝါဝါထွန်းကို ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် အတည်ပြု။ narinjara (၂၉ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်ဝါဝါထွန်းအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ရခိုင်ပြည်နယ်လွှတ်တော်သဘောတူအတည်ပြု။ Eleven Media Group (၂၈ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ သမ္မတရုံးမှအမည်စာရင်းတင်သွင်းသည့် ဒေါ်ဝါဝါထွန်းအား ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်။ myanmaplatform (၂၈ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး။ Myanmar Digital News (၂၉ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး။ Myanmar Digital News (၁၆ ဇန်နဝါရီ ၂၀၂၂)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။